မြန်မာ့ ရှေးဟောင်းပစ္စည်းများ ထိုင်းမှောင်ခိုဈေးကွက်တွင် ဝယ်လက်ရှိနေ

 660

စော (NP News) - မတ် ၄

မြန်မာနိုင်ငံမှ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ထိုင်းမှောင်ခိုဈေးကွက်တွင် ဝယ်လက်များရှိနေကြောင်း ရှေး ဟောင်းသုတေသီ၊ စာရေးဆရာဘိုရှိတ် (ရတနာပူရ)က NP News ကိုပြောသည်။
အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၉) ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် (၈၂)လမ်း (၃၆) လမ်းနှင့် (၃၇)လမ်းကြားရှိ ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီအတွင်း လျောင်းတော်မူရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ပူဇော်ခံထားစဉ် ခိုးယူခံခဲ့ရကြောင်းသိရသည်။ အဆိုပါဗုဒ္ဓရုပ်ပွား တော် သည် လွန်ခဲ့သည့် (၂၀ဝ၇)ခုနှစ်က ပထမအကြိမ်ခိုးယူခြင်းခံခဲ့ရဖူးပြီး မြဝတီမြို့တွင် ပြန်လည်ဖမ်းမိပြီးနောက် ရွှေအိုးရစေ တီတော်တွင် ပြန်လည်ပူဇော်ခဲ့ရာ ဒုတိယအကြိမ် ထပ်မံခိုးယူခံခဲ့ရခြင်းဖြစ်ရာ ဖေဖော်ဝါရီ (၂၀)ရက်က ကျူး လွန်သူ(၄)ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့၍ စစ်ဆေးအရေးယူထားကြောင်းသိရသည်။

“ယိုးဒယားမှာ ဝယ်လက်တွေကရှိတယ်။ အဲဒါတွေက Website တွေမှာတောင်မှ အရောင်း အဝယ်လုပ် နေတာလေ။ ယိုးဒယား Website တွေ ကြည့်လိုက်ရင် ရုပ်ပွားဆင်းတုတွေ ဘယ်လောက်၊ ဘယ်လောက်တန်ဖိုးတွေ ကပ်ပြီးရောင်းနေကြတာလေ။ အဲဒါမျိုးတွေဖတ်ကြည့်လိုက်တော့ မြန်မာပြည်က ရုပ်ပွားတော်ချည်းပဲ။ ရှေးဟောင်း ပစ္စည်းမှန်သမျှ နိုင်ငံတိုင်းကဝယ်ကြတာပါပဲ။ အများဆုံးကတော့ ယိုးဒယား Website တွေမှာပဲ တွေ့ရများတယ်။ ကျွန်တော်ပဲ ယိုးဒယား Website ပဲတွေ့လို့လားတော့ မသိဘူး။ ကျွန်တော်တွေ့လိုက်တိုင်း အဲဒီဘက်ကပဲ ခိုးသယ်နေ ကြတာ”ဟု စာရေးဆရာဘိုရှိတ်ကပြောသည်။ လက်ရှိတွင် ရှေး‌ဟောင်းရုပ်တုများဖြစ်သော နတ်ရုပ်များ၊ စာပေနှင့် ပတ်သက်ပါက ပေစာများ၊ ပုရပိုက်များလည်း အခိုးခံနေရကြောင်းသိရသည်။ “သူခိုးတွေက ဘယ်လိုခိုးတုံးဆိုတော့ ရှေးဟောင်းပစ္စည်းတစ်ခုသယ်သွားပြီး ယိုးဒယားနယ်စပ်ကို ပို့မယ်ထားပါတော့။ သယ်သွားပြီဆိုရင် ဘယ်လို သယ်တုံးဆို တော့ ဒါက အသစ်တွေ ဘုရားကြီးကနေဝယ်လာတာ။ ဘယ်ကနေသယ်လာတာ။ ဒါမျိုးတွေလုပ်လုပ်ပြီးသယ်သွားတော့ စစ်ဆေးတဲ့ လူတွေကမသိတဲ့အခါကျတော့ အဟုတ်မှတ်တာပေါ့။ အဲဒါကိုထိန်းဖို့အတွက် ရှေးဟောင်းသုတေသနက ဥပဒေမရှိဘူးလားဆိုတော့ ဥပဒေရှိတယ်။ အဲဒါတွေကို ဘယ်သူမှ လိုက်နာပြီးမလုပ်ကြလို့သာ မသိကြလို့ပေါ့။ ဘုရားရုပ်ပွားတော်အသစ်ဖြစ်ပါစေ ဒီဟာသည် အသစ်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနရဲ့ ထောက်ခံစာပါမှ သယ်လို့ ရတာ။ ထောက်ခံစာမပါရင် သယ်လို့ကိုမရတာ”ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် လယ်ကြီးကျေးရွာထိပ်တွင် (၂၀၂၃)ခုနှစ် အောက်တိုဘာ (၂၉)ရက် ညပိုင်းက နတ်နန်း၏တံခါးကိုရိုက်ချိုးကာ ညောင်ရမ်းခေတ်လက်ရာဟုယူဆရသည့် အိမ်တွင်းမင်းမဟာဂီရိရုပ်တု အပါအဝင် ရှေးဟောင်းနတ် ရုပ် (၇)ရုပ်ခိုးယူခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ ယခု အချိန်အထိ ပြန်မတွေ့သေးကြောင်း သိရသည်။

“အခုထိမတွေ့ရသေးဘူး။ ဘယ်ကို ရောက်နေမှန်းမသိတာ။ တစ်နှစ်ပြည်တော့မယ်။ အဆက်အစပ်ရှိတဲ့လူတွေ နည်းနည်းပါးပါးလိုက် ကြည့် အဲဒီလိုမျိုးလုပ်ကြည့်ရတာပဲ။ ရဲမတိုင်လိုက်ဘူး။ အဲဒါကြောင့်မို့လို့လေ ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူးလေ။ သူတို့ကတော့ နေရာသိရင် ရှာပေး လို့ရတယ် ဒီလောက်ပဲပြောတာ။ ပုပ္ပါးမယ်တော်ကြီးကတော့ ပြန်ရတယ်။ ကျွန်တော်တို့ပုံတော်ကြီးကတော့ ပြန်မရဘူး”ဟု ဒေဝါပညာရှင်တစ်ဦးက ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ခေတ်လက်ရာ ဗုဒ္ဓဆင်းတုတော် များ၊ ရုပ်တုဆင်း တုများ၊ မြန်မာမှုအနုလက်ရာ ပစ္စည်းများအား ပြည်တွင်း၊ ပြည်ပသို့ သယ်ဆောင်လို သူများအတွက် ရှေးဟောင်း ဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်ကို ဆောင်ရွက်ပေးလျက်ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲနှင့် ရန်ကုန်ဌာနခွဲတို့တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

zawgyi version
ျမန္မာ့ ေရွးေဟာင္းပစၥည္းမ်ား ထိုင္းေမွာင္ခိုေဈးကြက္တြင္ ဝယ္လက္ရွိေန
ေစာ (NP News) - မတ္ ၄

ျမန္မာႏိုင္ငံမွ ေရွးေဟာင္းဝတၳဳပစၥည္းမ်ားကို ထိုင္းေမွာင္ခိုေဈးကြက္တြင္ ဝယ္လက္မ်ားရွိေနေၾကာင္း ေရွး ေဟာင္းသုေတသီ၊ စာေရးဆရာဘိုရွိတ္ (ရတနာပူရ)က NP News ကိုေျပာသည္။
အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၁၉) ရက္ နံနက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ (၈၂)လမ္း (၃၆) လမ္းႏွင့္ (၃၇)လမ္းၾကားရွိ ေရွးေဟာင္းသမိုင္းဝင္ ေ႐ႊအိုးရေစတီအတြင္း ေလ်ာင္းေတာ္မူေရွးေဟာင္း ဗုဒၶ႐ုပ္ပြားေတာ္ ပူေဇာ္ခံထားစဥ္ ခိုးယူခံခဲ့ရေၾကာင္းသိရသည္။ အဆိုပါဗုဒၶ႐ုပ္ပြား ေတာ္ သည္ လြန္ခဲ့သည့္ (၂၀ဝ၇)ခုႏွစ္က ပထမအႀကိမ္ခိုးယူျခင္းခံခဲ့ရဖူးၿပီး ျမဝတီၿမိဳ႕တြင္ ျပန္လည္ဖမ္းမိၿပီးေနာက္ ေ႐ႊအိုးရေစ တီေတာ္တြင္ ျပန္လည္ပူေဇာ္ခဲ့ရာ ဒုတိယအႀကိမ္ ထပ္မံခိုးယူခံခဲ့ရျခင္းျဖစ္ရာ ေဖေဖာ္ဝါရီ (၂၀)ရက္က က်ဴး လြန္သူ(၄)ဦးကို ျပန္လည္ဖမ္းဆီးရမိခဲ့၍ စစ္ေဆးအေရးယူထားေၾကာင္းသိရသည္။

“ယိုးဒယားမွာ ဝယ္လက္ေတြကရွိတယ္။ အဲဒါေတြက Website ေတြမွာေတာင္မွ အေရာင္း အဝယ္လုပ္ ေနတာေလ။ ယိုးဒယား Website ေတြ ၾကည့္လိုက္ရင္ ႐ုပ္ပြားဆင္းတုေတြ ဘယ္ေလာက္၊ ဘယ္ေလာက္တန္ဖိုးေတြ ကပ္ၿပီးေရာင္းေနၾကတာေလ။ အဲဒါမ်ိဳးေတြဖတ္ၾကည့္လိုက္ေတာ့ ျမန္မာျပည္က ႐ုပ္ပြားေတာ္ခ်ည္းပဲ။ ေရွးေဟာင္း ပစၥည္းမွန္သမွ် ႏိုင္ငံတိုင္းကဝယ္ၾကတာပါပဲ။ အမ်ားဆုံးကေတာ့ ယိုးဒယား Website ေတြမွာပဲ ေတြ႕ရမ်ားတယ္။ ကြၽန္ေတာ္ပဲ ယိုးဒယား Website ပဲေတြ႕လို႔လားေတာ့ မသိဘူး။ ကြၽန္ေတာ္ေတြ႕လိုက္တိုင္း အဲဒီဘက္ကပဲ ခိုးသယ္ေန ၾကတာ”ဟု စာေရးဆရာဘိုရွိတ္ကေျပာသည္။ လက္ရွိတြင္ ေရွး‌ေဟာင္း႐ုပ္တုမ်ားျဖစ္ေသာ နတ္႐ုပ္မ်ား၊ စာေပႏွင့္ ပတ္သက္ပါက ေပစာမ်ား၊ ပုရပိုက္မ်ားလည္း အခိုးခံေနရေၾကာင္းသိရသည္။ “သူခိုးေတြက ဘယ္လိုခိုးတုံးဆိုေတာ့ ေရွးေဟာင္းပစၥည္းတစ္ခုသယ္သြားၿပီး ယိုးဒယားနယ္စပ္ကို ပို႔မယ္ထားပါေတာ့။ သယ္သြားၿပီဆိုရင္ ဘယ္လို သယ္တုံးဆို ေတာ့ ဒါက အသစ္ေတြ ဘုရားႀကီးကေနဝယ္လာတာ။ ဘယ္ကေနသယ္လာတာ။ ဒါမ်ိဳးေတြလုပ္လုပ္ၿပီးသယ္သြားေတာ့ စစ္ေဆးတဲ့ လူေတြကမသိတဲ့အခါက်ေတာ့ အဟုတ္မွတ္တာေပါ့။ အဲဒါကိုထိန္းဖို႔အတြက္ ေရွးေဟာင္းသုေတသနက ဥပေဒမရွိဘူးလားဆိုေတာ့ ဥပေဒရွိတယ္။ အဲဒါေတြကို ဘယ္သူမွ လိုက္နာၿပီးမလုပ္ၾကလို႔သာ မသိၾကလို႔ေပါ့။ ဘုရား႐ုပ္ပြားေတာ္အသစ္ျဖစ္ပါေစ ဒီဟာသည္ အသစ္ျဖစ္ေၾကာင္း ေရွးေဟာင္းသုေတသနရဲ႕ ေထာက္ခံစာပါမွ သယ္လို႔ ရတာ။ ေထာက္ခံစာမပါရင္ သယ္လို႔ကိုမရတာ”ဟု ၎ကေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းၿမိဳ႕နယ္ လယ္ႀကီးေက်း႐ြာထိပ္တြင္ (၂၀၂၃)ခုႏွစ္ ေအာက္တိုဘာ (၂၉)ရက္ ညပိုင္းက နတ္နန္း၏တံခါးကို႐ိုက္ခ်ိဳးကာ ေညာင္ရမ္းေခတ္လက္ရာဟုယူဆရသည့္ အိမ္တြင္းမင္းမဟာဂီရိ႐ုပ္တု အပါအဝင္ ေရွးေဟာင္းနတ္ ႐ုပ္ (၇)႐ုပ္ခိုးယူခံခဲ့ရသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ရာ ယခု အခ်ိန္အထိ ျပန္မေတြ႕ေသးေၾကာင္း သိရသည္။

“အခုထိမေတြ႕ရေသးဘူး။ ဘယ္ကို ေရာက္ေနမွန္းမသိတာ။ တစ္ႏွစ္ျပည္ေတာ့မယ္။ အဆက္အစပ္ရွိတဲ့လူေတြ နည္းနည္းပါးပါးလိုက္ ၾကည့္ အဲဒီလိုမ်ိဳးလုပ္ၾကည့္ရတာပဲ။ ရဲမတိုင္လိုက္ဘူး။ အဲဒါေၾကာင့္မို႔လို႔ေလ ဘယ္သူ႔ကိုမွ အားကိုးလို႔ မရဘူးေလ။ သူတို႔ကေတာ့ ေနရာသိရင္ ရွာေပး လို႔ရတယ္ ဒီေလာက္ပဲေျပာတာ။ ပုပၸါးမယ္ေတာ္ႀကီးကေတာ့ ျပန္ရတယ္။ ကြၽန္ေတာ္တို႔ပုံေတာ္ႀကီးကေတာ့ ျပန္မရဘူး”ဟု ေဒဝါပညာရွင္တစ္ဦးက ေျပာသည္။

ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ဦးစီးဌာနက ေခတ္လက္ရာ ဗုဒၶဆင္းတုေတာ္ မ်ား၊ ႐ုပ္တုဆင္း တုမ်ား၊ ျမန္မာမႈအႏုလက္ရာ ပစၥည္းမ်ားအား ျပည္တြင္း၊ ျပည္ပသို႔ သယ္ေဆာင္လို သူမ်ားအတြက္ ေရွးေဟာင္း ဝတၳဳပစၥည္းမဟုတ္ေၾကာင္း ေထာက္ခံခ်က္ကို ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ မႏၲေလးဌာနခြဲႏွင့္ ရန္ကုန္ဌာနခြဲတို႔တြင္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.