မြန်မာနှင့် OIC

 1206

မောင်ကျော်ဖိုး (လေးတောင်) (NP News) - မတ် ၄

မြန်မာနိုင်ငံကို ICC တွင်တရားစွဲဆိုရန်ပြင်ဆင်ပြီးမှ အခြေအနေမကောင်း၍ ICJ သို့ရောက်သွား ရသည်။ ဤလှုပ်ရှားမှု၌ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)၊ ဥရောပ သမဂ္ဂ(EU)နှင့် ဗြိတိန် နိုင်ငံတို့က အဓိကလှုပ်ရှားခဲ့ကြသောအုပ်စုများဖြစ်သည်။

ထိုအထဲတွင် OIC သည် အကြီးအမှူးဖြစ်သည်။ OIC တွင် အစ္စလာမ္မစ်အဖွဲ့ဝင် (၅၇) နိုင်ငံ ပါဝင် သည်။ ယင်းတို့၏ရည်ရွယ်ချက်မှာ အစ္စလာမ္မစ် လူမှုရေးနှင့် စီးပွားရေးသဘောတရားများကို ကာကွယ် စောင့်ရှောက်ရန်၊ အစ္စလာမ္မစ်နိုင်ငံများ သွေးစည်းညီညွတ်ရေးကို မြှင့်တင်ရန်၊ အစ္စလာမ္မစ်နိုင်ငံများ အ ချင်းချင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လုံခြုံရေး၊ သိပ္ပံနှင့်နည်းပညာများ သင်ကြားရေးအပြင် အဆင့်မြင့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်ဖြစ်သည်။

OIC သည် ကမ္ဘာ့ကုလသမဂ္ဂပြီးလျှင် ကမ္ဘာ၌ အကြီးဆုံးအဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဂုဏ်ဒြပ်နှင့်တူညီစွာ လူကြီးလူကောင်း ဆန်ရန်၊ ကိုယ်ကျင့်တရားရှိရန် အထူးလိုအပ်မည်ဖြစ် သော်လည်း Liberal (လစ်ဘရယ်)အုပ်စုနှင့်ပူးပေါင်းကာ ဥရောပနိုင်ငံများ၏ တရားရုံးများကို ဝင်ရောက် စွက်ဖက်သော အဓမ္မလုပ်ရပ်များစွာရှိနေသည်။ အင်္ဂလန်နိုင်ငံတွင် ဗုံးခွဲ၊ လူသတ်ခဲ့သည့်အကြမ်းဖက် သမားတစ်ဦးကို သူ့နိုင်ငံသို့ပြန်ပို့လျှင် အသတ်ခံရမည်ဆိုသောလုပ်ကြံမှုဖြင့် လူသားချင်းစာနာမှုကို အကြောင်းပြပြီး သက်ဆိုင်ရာ အင်္ဂလန်တရားရုံးသို့ အသနားခံခဲ့ရာ Human Rights (လူ့အခွင့်အရေး) အမြင်အရ ဥရောပတရားရုံးက အင်္ဂလန်တရားရုံးကို ကျော်လွန်ပြီး တားမြစ်နိုင်မှုရှိခဲ့သည်။ အီဂျစ် အစ္စ လာမ် တရားဟောဆရာသည် ဤအချက်ကိုအသုံးချကာ အသနားခံခဲ့၍ အင်္ဂလန်အစိုးရက ပေါင် သန်း ချီအကုန်အကျခံသော်လည်း မူလအီဂျစ်နိုင်ငံသို့ ပြန်ပို့ခွင့်မရခဲ့ပေ။ ဤသည်မှာ Liberal နှင့် OIC ပူးပေါင်းပြီး ကမ္ဘာ့တရားစီရင်ရေးကို လူပါးဝခဲ့ခြင်းပင်ဖြစ်သည်။

Liberal နှင့် OIC တို့က အင်အားသုံးပြီး ၎င်းတို့၏ One Global Governance ကို ကုလသမဂ္ဂ မှတစ်ဆင့် ထိန်းချုပ်ရန်ကြိုးစားခဲ့ကြသည်။ ကြိုးစားသလောက်လည်း ခရီးပေါက်မြောက်ခဲ့ကြပါ၏။ စစ်မက်ထက် Petro Dollar က ခရီးပို‌ပေါက်ကြောင်း ပြသခြင်းသည်လည်းမည်ပါ၏။ နိုင်ငံကြီးများ သာမက ကုလသမဂ္ဂကြီးကိုပါ ယိမ်းယိုင်သွားအောင် စွမ်းဆောင်နိုင်ကြောင်း ပြသရာရောက်ပေသည်။

ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော နိုင်ငံရေး အရ မှန်ရမည် (Political Correctness) ဆိုသော အတွေးဖြင့်Liberal နှင့် OIC တို့ ကုလသမဂ္ဂမှာ ခြယ်လှယ်ခဲ့ကြသည်။ Sovereign Rights ဆိုသည်မှာ နိုင်ငံတစ်နိုင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဗိုလ်ကျစိုးမိုးသောဝါဒပင်ဖြစ်သည်။ ဂမ်ဘီယာနိုင်ငံသည် OIC ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကိုတရားစွဲဆိုခြင်းမှာ ထိုကဲ့သို့ အနိုင်ကျင့်ဗိုလ်ကျမှုပင်ဖြစ်သည်။ ကြေးစားလူမိုက် ဝင်လုပ်ခြင်းလည်းမည်၏။ တစ်နည်းဆိုရလျှင် မျောက်ပြပြီး ဘင်္ဂလားဒေ့ရှ်အတွက် ဆန်တောင်းခြင်းဟုလည်းဆိုနိုင်သည်။

OIC က ခိုင်းသည်ကို အကောင်အထည်ဖော်ပေးရသူ ARSA တို့အကွက်ဆင်လိုက်သည်မှာ စပေးဘောသက်သက်မျှသာ၊ ခပ်ပြင်းပြင်းပုတ်အောင် ဖန်တီးထားသည့် သဘောပင်။ ဤသည်ကို မြန်မာက ခပ်ပြင်းပြင်းလေးပုတ်လိုက်တော့ အသင့်စောင့်ဆိုင်း နေသူတွေက “လူမျိုးတုံး သတ်ဖြတ် နေပြီ၊ ရွာတွေကို မီးရှို့နေပြီ” ဟု ဂြိုဟ်တုဓာတ်ပုံများနှင့်တင်လိုက်သည့်အခါ သတင်းမီဒီယာ များမှ တစ်ဆင့် တစ်ကမ္ဘာ လုံးသို့ပျံ့သွားခဲ့သည်။ အနောက်တံခါး ခိုးဝင်ဘင်္ဂါလီ (Illegal Migrantion) (တရား မဝင်ရွှေ့ပြောင်းအ လုပ်သမား)အရေး ဖြေရှင်းရင်းနှင့် မြန်မာနိုင်ငံသည် OIC နှင့်ဘင်္ဂါလီများ၏ ထောင် ချောက်ထဲသို့ ဝင်မှန်းမသိ ဝင်သွားရသောဖြစ်ရပ်ပင်ဖြစ်သည်။

ARSA သည် OIC နှင့် ဘင်္ဂါလီများလမ်း ညွှန်သည့်အတိုင်းလုပ်ဆောင်စဉ်က ဟိန္ဒူ(၉၉) ဦး၊ မြို-သက်-ဒိုင်းနက်-မရမာကြီး စသည့် တိုင်းရင်း သား (၄၀)ဦးသတ်သွားသည်ကို ဖုံးကွယ်ပြီး မြန်မာ နိုင်ငံကို သာ Genocide (လူမျိုးတုံး သတ်ဖြတ်မှု)ဘောင်ထဲဝင်သွားအောင် ဖန်တီးနိုင်ခြင်းကလည်း ပါရဂူ မြောက် သော OIC ၏ လူတွင်ကျယ်လုပ်ရပ်ပင် ဖြစ်သည်။ ဤသည်ကို FFA (နိုင်ငံတကာ လွတ်လပ်သော အချက်အလက်ရှာဖွေရေးအဖွဲ့)၏ မျက်စိမှိတ်၊ နားပိတ်နေတတ်ခြင်းကလည်း ICJ သို့ ပို၍ ခရီးတွင် သွားရလေ၏။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာသူများ (၅)သိန်းမှ (၇)သိန်း၊ နောက် (၁၀)သိန်းအထိပင်ရှိ သည်ဟု ဘင်္ဂလားဒေ့ရှ်ကအော်ခဲ့သည်။ NLD အစိုးရက ထိုပမာဏမဟုတ်မှန်းသိသော်လည်း မည်သို့မျှ ပြောဆိုမှုမရှိခြင်း၊ ရိုဟင်ဂျာလူမျိုးနာမည် မြန်မာနိုင်ငံတွင်မရှိဟု တုံ့ပြန်မှုမရှိခြင်း၊ စစ်တကောင်းသား ခိုးဝင် ဘင်္ဂါလီများသာဖြစ်ကြောင်း အမည်နာမကိစ္စကို ပြန်လည်မဖြေရှင်းခြင်း၊ ရိုဟင်ဂျာနာမည်သည် တိုင်းပြည် ၏အချုပ်အခြာအာဏာကိုထိပါးစေသော ဖန်တီးနာ မည်သာဖြစ်ခြင်း၊ ARSA အကြမ်းဖက်တို့ ၏ ဌာနေ တိုင်းရင်းသားများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ဖော်ထုတ်မှုမပြုခဲ့ခြင်းတို့မှာ ဂမ်ဘီယာ နိုင်ငံ၏ တရားစွဲဆိုမှုခရီး တွင်ကျယ်အောင် တမင်ပံ့ပိုးရာရောက်စေခဲ့လေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် Genocide တားဆီးရေးတွင် လက်မှတ်ထိုးထားခြင်းမရှိသည့်အတွက် ICJ တွင် တရားစွဲဆိုခွင့်မရှိ။ သို့သော် မြန်မာနိုင်ငံနှင့် မိုင်(၇၀ဝဝ)ကျော်ဝေးသော၊ မည်သို့မျှ မြန်မာနိုင်ငံ နှင့်ဆက်စပ်မှုမရှိသော ဂမ်ဘီယာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကိုယ်စား ICJ တွင် တရားစွဲဆိုပေးခြင်းကလည်း ဆန်းပြားနေပေ၏။

ICJ တွင် တရားစွဲဆိုမည်ဆိုလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အချေအတင်အငြင်းပွားသည့်အချက် ရှိခဲ့ ရပေမည်။ ဂမ်ဘီယာနိုင်ငံက ထိုအချက်ကို ရအောင်ဖန်တီးနိုင်ခဲ့သည်။ (၂၀၁၉)ခုနှစ် အောက် တိုဘာလ (၁၁)ရက်တွင် ကုလသမဂ္ဂဆိုင်ရာ ဂမ်ဘီယာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့သို့ စာတစ်စောင်ပေးခဲ့သည်။ ထိုစာထဲတွင် FFA ၏အစီရင်ခံစာ ကို မြန်မာနိုင်ငံက လိုက်နာမှုမရှိသည့်အတွက် ဂမ်ဘီယာနိုင်ငံက စိုးရိမ်ပူပန်မှုရှိကြောင်းဖော်ပြ ထားသည်။ မြန်မာနိုင်ငံက တုံ့ပြန်မှုမရှိခဲ့၊ အငြင်းမပွားဟု ဆို၍ရပေသည်။

ဂမ်ဘီယာနိုင်ငံဘက်ကကြည့်လျှင် စိုးရိမ်ပူပန်မှုရှိကြောင်းဖော်ပြချက်အရ အငြင်းပွားမှုရှိသည် ဟုဆိုနိုင်ပေသည်။ အငြင်းပွားမှုကို ထိုစာတစ်စောင်တည်းဖြင့် လုံလောက်မှုရှိသည်ဟုယူဆက ယူဆ၍ ရ သည်။ မြန်မာနိုင်ငံအနေဖြင့် ICC နိုင်ငံတစ်ခုက လျှောက်ထားလွှဲပြောင်းလာလျှင် အထူး စုံစမ်းစစ်ဆေး ခြင်း၊ အချက်အလက်များစုဆောင်းခြင်းရှိမည်ကို သတိမမူမိခြင်းမှာ အားနည်းချက်တစ်ရပ် ဖြစ်သွားခဲ့ သည်။

(၁၀-၁၂-၂၀၁၉)ရက်က နယ်သာလန် နိုင်ငံသည်ဟိဂ်(The Hague) မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအပေါ် ကြားဖြတ်ဆောင်ရွက်ချက် များ (Provisional Measures ) အတွက် နှုတ်ဖြင့်လျှောက်လဲခြင်းကို ပထမနေ့အစီအစဉ်အဖြစ် ကျင်းပခဲ့ သည်။ ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော် တင့်ဆွေနှင့် မြန်မာ့ငှားရှေ့နေအဖွဲ့တို့ကြား နာတက်ရောက်ခဲ့ကြသည်။

ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်ဖြစ်သူ ဘာတန်ဘာဒူကအမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်(အကျဉ်း)နှင့် တောင်းဆိုမှု အချို့ကို ပြောကြားသည်။ ၁၁-၁၂-၂၀၁၉ (ဒုတိယ)နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်က အချက်အလက်အချို့ကိုတင်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်သွားရောက်ဖြေရှင်းခဲ့သည်က အမှုဖြစ်မည့် အဆင့် မရောက်အောင်၊ နိုင်ငံတကာညှိနှိုင်းဖြေရှင်း နည်းအရ ညှိနှိုင်းဖြေရှင်းမည်ဟု ဆိုသည်။ ဥပဒေနားလည်သူ ပညာရှင်အချို့က ညှိနှိုင်းကိစ္စဆိုသည်မှာ လိုက်လျောရမည့်ကိစ္စ၊ ထိုးကျွေးပြန်ဆပ်ရမည့်ကိစ္စများပါနိုင်သည်။ ICJ ကို ပြီးမြောက်အောင်ဆောင် ရွက်နိုင်သည်ဟုဆိုသော်လည်း အနာဂတ်မြန်မာနိုင်ငံ အကြောင်းမလှ ဖြစ်သွားနိုင်သည်ဟု ယူဆကြသည်။

တရားဥပဒေနှင့် ဖြေရှင်းရမည့်ကိစ္စကို တရားဥပဒေနှင့်သာ ခုခံချေပသင့်သည်။ နိုင်ငံရေးကိစ္စ ကဲ့သို့ဆက်လုပ်နေလျှင် အခြားတစ်ဖက်က အထင် သေး၊ အထင်လွဲမှုသာဖြစ်သွားနိုင်သည်ဟု စီးပွားရေး မူဝါဒရေးရာအကြံပေး ဒေါက်တာဇော်ဦးက BBC ကိုပြောသည်။

ဥပဒေပညာရှင် ဒေါက်တာငွန်ကျုံးလျှံက “ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြသူတွေ ပြန်လာ ဖို့အတွက် အိမ်တွေ၊ ရေတွင်းရေကန်တွေ၊ မီးသတ် ကားတွေနဲ့ အဆင်သင့်လုပ်ထားတယ်ဆိုတာကို ICJ တရားသူကြီးတွေလည်း သိပါတယ်။ ဒီအထဲမှာလာ နေကြလို့ ပြောလိုက်ရုံပါ၊ တရားသူကြီးတွေက ဒီအမှု ကို ဖြတ်လိုက ဖြတ်လို့ရတယ်၊ သူတို့က အမှုမဖြတ် တော့ အမှုကပြီးမသွားဘူး၊ သူတို့ဘက်ကရှေ့နေက လည်း ဂမ်ဘီယာနဲ့ ခိုက်ရန်မဖြစ်ရေး၊ ဘာလဲ-ညာလဲပြောပြီး အမှုက နွယ်သွားရတယ်” ဟု ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ဖို့သွားရာမှာ ပါသင့်သူများပါမသွားဘဲ အပျော်သွားသလိုဖြစ်နေ တယ်၊ ဒီအလုပ်က သူကိုယ်တိုင်လုပ်နေရမယ့်အလုပ်မဟုတ်၊ ရှေ့နေလုပ်ရမည့်အလုပ်ကို သရော်သလို သွားလုပ်တော့ ရှုံးပြီပဲ”ဟုလည်းပြောသည်။ “ဝတ်ရုံမည်းကြီး ဝတ်၊ ဦးထုပ်ဖြူ ဆောင်းသင့်က ဆောင်းရ မယ်၊ ဒါပေမဲ့ လူတိုင်းဆောင်းလို့တော့မရဘူး၊ ရှေ့နေမဟုတ်သူတွေ ရှေ့နေသွားလုပ်လို့တော့ မရဘူး၊ မသိသူတွေက We Stand with You လုပ်နေကြသေးတယ်၊ တကယ်ဆို Good Luck Myanmar သာ လုပ်ရမယ်” ဟုလည်း ပြောသည်။

“လုပ်သင့်တဲ့အတိုင်းမလုပ်တော့ ပေါကြောင်ကြောင် ဖြစ်သွားရတယ်၊ ဒီလူတွေက အမှုကို နားလည်ရဲ့လားလို့ အထင်သေးခံရသေးတယ်၊ မလုပ်တတ်၊ မကိုင်တတ်သွားလုပ်တော့ တစ်ခါနဲ့ ပြီးသွား မှာကို မပြီးဘဲ နှစ်ခါ၊ သုံးခါ အချခံရတယ်၊ ဒီလူတွေ အခွင့်အရေးရဖို့၊ နယ်မြေရဖို့ နည်းမျိုးစုံနဲ့ ကြံနေကြ တယ်”ဟုလည်း ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက်မှားပုံက အနောက်တံခါးပဋိပက္ခဟာ ရာစုပေါင်း များစွာကြာခဲ့ပြီလို့ ပြောလိုက်ခြင်းပင်၊ နှစ်ပေါင်းရာ ထောင်ချီကြာနေပြီဖြစ်တဲ့ပဋိပက္ခလို့ ဝန်ခံရာရောက် သွားတယ်၊ စဉ်းစားကြည့်ရင် မြန်မာပြည်လွတ်လပ် ရေးရတာဟာ နှစ်ပေါင်း (၇၀)ကျော်ပဲရှိသေးတယ်၊ အင်္ဂလိပ်အုပ်ချုပ်တဲ့ နှစ်ပေါင်း(၁၀ဝ)နဲ့ပေါင်းလိုက် ရင် နှစ်ပေါင်း(၁၇၀)ကျော်ပဲရှိဦးမယ်။ ဒါကို အင်္ဂလိပ် မလာမီ နှစ်ပေါင်း (၇၀ဝ)၊ (၈၀ဝ)လောက်ကပင် အ နောက်တံခါးပဋိပက္ခဖြစ်ခဲ့တယ်လို့ ဆိုလိုရာရောက် သွားတယ်၊ မြန်မာနိုင်ငံပြန်ရောက်တဲ့အခါ ဆယ်စုနှစ် များစွာကြာတယ်လို့ ပြောနေပြန်တယ်၊ ဟိုမှာ တုန်းက အင်္ဂလိပ်လိုပြောခဲ့တာကို မြန်မာတွေမသိလို့ ထင်နေသလားတော့မသိ၊ ဒီလုပ်ရပ်က နိုင်ငံ ထိခိုက်နစ်နာသွားနိုင်တယ်”ဟု ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ချေပတဲ့ပုံစံက ခလုတ်ကန်သင်းတွေများပါတယ်။ (၁၀)ချက်လောက် မှားခဲ့တယ်၊ နောက်တစ်ခါမမှားဖို့ အရေးကြီးတယ်၊ နောက်တစ်ခါမှားရင် ICJ ပြီးရင် ICC လာတယ်၊ ICC မှာ ဗုံးတစ်လုံးပြီးတစ်လုံး ကွဲမယ်၊ ICJ ဗုံး ထက် ICC ဗုံးကပိုပြင်းတယ်ဟု ဒေါက်တာငွန် ကျုံးလျှံက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အဆိုတင်သွင်းစဉ် ရခိုင်အသိုင်းအဝိုင်းက မွတ်စလင်အသိုင်းအဝိုင်းကို အနိုင်ခံသည်ဟုတင်သွင်းခြင်းမှာ အနောက်တံခါး ကိစ္စသည် ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခဟု တင်သွင်းရာရောက်သွားသည်။ ငြင်းမလိုနှင့် ဝန်ခံ လိုက်ခြင်းဖြစ်သည့်အတွက် ဒုတိယအကြိမ် ဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါ်သီတာဦးတို့ အဆိုတင်သွင်း၍မရတော့ပါ။ ရုန်းထွက်ရန်သာ ကြိုးစားရ တော့မည့်အခြေသို့ ဆိုက်သွားရ၏။ အမှန်က ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခ မဟုတ်၊ နယ်မြေလုမှု ပဋိပက္ခသာဖြစ်သည်။ တရားခံက အင်္ဂလိပ်အစိုးရ။ သူတို့လက်ထက်မှာ ဘင်္ဂါလီတွေကို တံခါးမရှိ၊ ဓားမရှိ တင်သွင်းခဲ့သဖြင့် ယခု ICJ အထိရောက်သွားရသည်။

သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကလည်း “ ICJ ကို တရားရင်ဆိုင်ဖို့သွားမယ့်ပုဂ္ဂိုလ်ဟာ အနောက်တံခါးကိစ္စကို အစဉ်တစိုက်စောင့်ကြည့် နေသူ၊ အနောက်တံခါးသမိုင်းကိုသိတဲ့ သမိုင်းပညာ ရှင်သာဖြစ်သင့်တယ်၊ မျက်မှောက်ဖြစ်စဉ်တစ်ခုတည်း ကိုကြည့်ပြီး မဆုံးဖြတ်သင့်၊ အတိတ်နဲ့အနာဂတ် ကိုပါ ကြည့်သင့်တယ်၊ ဒီပဋိပက္ခဖြစ်အောင် ဘယ်သူဖန်တီးခဲ့လဲ၊ ရှေ့မှာကော ဘယ်လိုဖြစ်လာနိုင်လဲ၊ ဘယ်သူက ဒီပဋိပက္ခကို သယ်ဆောင်လာလဲဆိုတာကို တိတိကျ ကျသိမြင်တဲ့ပုဂ္ဂိုလ်သာဖြစ်သင့်တယ်” ဟု အင်တာဗျူးတစ်ခုတွင်ပြောသည်။

တရားလိုအမည်ခံ ဂမ်ဘီယာနိုင်ငံကကော မည်သူများနှင့် ပတ်သက်မှုရှိနေသနည်း။ တရားတွင် သက်သေများလေ နိုင်လေဆိုသည်ထက် ဤသက် သေများက ဇာတ်တိုက်ထားသည့်သက်သေများဖြစ် လေသလား။ ဤအချက်တွေကို လူကြီးလူကောင်းပီပီ စိစစ်ရန်၊ ရပ်တည်ချက်မှန်ရန်၊ ဂုဏ်သိက္ခာရှိရှိကိုင် တွယ်ရန် အထူးလိုအပ်မည်ဟု ထင်မြင်မိသည်။

ICJ က မြန်မာနိုင်ငံကို တစ်နည်းမဟုတ် တစ်နည်း ဒုက္ခပေးရန်ကြံဆောင်နေသည်။ မကြာသေး မီက ICC ရှေ့နေချုပ်(ပါကစ္စတန်နွယ်ဖွား) ကာရိမ်ခန်း(Karimkhan) တစ်စခန်းထလာပြန်သည်မှာ OIC အဖွဲ့ဝင်နိုင်ငံများအကျိုးအတွက် ဆောင်ရွက်နေခြင်းများလားဟု မေးခွန်းထုတ်စရာပင် ဖြစ်နေပါသည်။

zawgyi version
ျမန္မာႏွင့္ OIC
ေမာင္ေက်ာ္ဖိုး (ေလးေတာင္) (NP News) - မတ္ ၄

ျမန္မာႏိုင္ငံကို ICC တြင္တရားစြဲဆိုရန္ျပင္ဆင္ၿပီးမွ အေျခအေနမေကာင္း၍ ICJ သို႔ေရာက္သြား ရသည္။ ဤလႈပ္ရွားမႈ၌ အစၥလာမၼစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕(OIC)၊ ဥေရာပ သမဂၢ(EU)ႏွင့္ ၿဗိတိန္ ႏိုင္ငံတို႔က အဓိကလႈပ္ရွားခဲ့ၾကေသာအုပ္စုမ်ားျဖစ္သည္။

ထိုအထဲတြင္ OIC သည္ အႀကီးအမႉးျဖစ္သည္။ OIC တြင္ အစၥလာမၼစ္အဖြဲ႕ဝင္ (၅၇) ႏိုင္ငံ ပါဝင္ သည္။ ယင္းတို႔၏ရည္႐ြယ္ခ်က္မွာ အစၥလာမၼစ္ လူမႈေရးႏွင့္ စီးပြားေရးသေဘာတရားမ်ားကို ကာကြယ္ ေစာင့္ေရွာက္ရန္၊ အစၥလာမၼစ္ႏိုင္ငံမ်ား ေသြးစည္းညီၫြတ္ေရးကို ျမႇင့္တင္ရန္၊ အစၥလာမၼစ္ႏိုင္ငံမ်ား အ ခ်င္းခ်င္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ ယဥ္ေက်းမႈ၊ လုံၿခဳံေရး၊ သိပၸံႏွင့္နည္းပညာမ်ား သင္ၾကားေရးအျပင္ အဆင့္ျမင့္နယ္ပယ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ရန္ျဖစ္သည္။

OIC သည္ ကမာၻ႔ကုလသမဂၢၿပီးလွ်င္ ကမာၻ၌ အႀကီးဆုံးအဖြဲ႕အစည္းျဖစ္သည္။ ကမာၻ႔ ဒုတိယ အႀကီးဆုံး ဂုဏ္ျဒပ္ႏွင့္တူညီစြာ လူႀကီးလူေကာင္း ဆန္ရန္၊ ကိုယ္က်င့္တရားရွိရန္ အထူးလိုအပ္မည္ျဖစ္ ေသာ္လည္း Liberal (လစ္ဘရယ္)အုပ္စုႏွင့္ပူးေပါင္းကာ ဥေရာပႏိုင္ငံမ်ား၏ တရား႐ုံးမ်ားကို ဝင္ေရာက္ စြက္ဖက္ေသာ အဓမၼလုပ္ရပ္မ်ားစြာရွိေနသည္။ အဂၤလန္ႏိုင္ငံတြင္ ဗုံးခြဲ၊ လူသတ္ခဲ့သည့္အၾကမ္းဖက္ သမားတစ္ဦးကို သူ႔ႏိုင္ငံသို႔ျပန္ပို႔လွ်င္ အသတ္ခံရမည္ဆိုေသာလုပ္ႀကံမႈျဖင့္ လူသားခ်င္းစာနာမႈကို အေၾကာင္းျပၿပီး သက္ဆိုင္ရာ အဂၤလန္တရား႐ုံးသို႔ အသနားခံခဲ့ရာ Human Rights (လူ႔အခြင့္အေရး) အျမင္အရ ဥေရာပတရား႐ုံးက အဂၤလန္တရား႐ုံးကို ေက်ာ္လြန္ၿပီး တားျမစ္ႏိုင္မႈရွိခဲ့သည္။ အီဂ်စ္ အစၥ လာမ္ တရားေဟာဆရာသည္ ဤအခ်က္ကိုအသုံးခ်ကာ အသနားခံခဲ့၍ အဂၤလန္အစိုးရက ေပါင္ သန္း ခ်ီအကုန္အက်ခံေသာ္လည္း မူလအီဂ်စ္ႏိုင္ငံသို႔ ျပန္ပို႔ခြင့္မရခဲ့ေပ။ ဤသည္မွာ Liberal ႏွင့္ OIC ပူးေပါင္းၿပီး ကမာၻ႔တရားစီရင္ေရးကို လူပါးဝခဲ့ျခင္းပင္ျဖစ္သည္။

Liberal ႏွင့္ OIC တို႔က အင္အားသုံးၿပီး ၎တို႔၏ One Global Governance ကို ကုလသမဂၢ မွတစ္ဆင့္ ထိန္းခ်ဳပ္ရန္ႀကိဳးစားခဲ့ၾကသည္။ ႀကိဳးစားသေလာက္လည္း ခရီးေပါက္ေျမာက္ခဲ့ၾကပါ၏။ စစ္မက္ထက္ Petro Dollar က ခရီးပို‌ေပါက္ေၾကာင္း ျပသျခင္းသည္လည္းမည္ပါ၏။ ႏိုင္ငံႀကီးမ်ား သာမက ကုလသမဂၢႀကီးကိုပါ ယိမ္းယိုင္သြားေအာင္ စြမ္းေဆာင္ႏိုင္ေၾကာင္း ျပသရာေရာက္ေပသည္။

ဘာပဲလုပ္လုပ္၊ ဘာပဲေျပာေျပာ ႏိုင္ငံေရး အရ မွန္ရမည္ (Political Correctness) ဆိုေသာ အေတြးျဖင့္Liberal ႏွင့္ OIC တို႔ ကုလသမဂၢမွာ ျခယ္လွယ္ခဲ့ၾကသည္။ Sovereign Rights ဆိုသည္မွာ ႏိုင္ငံတစ္ႏိုင္၏ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ဗိုလ္က်စိုးမိုးေသာဝါဒပင္ျဖစ္သည္။ ဂမ္ဘီယာႏိုင္ငံသည္ OIC ၏ ပံ့ပိုးမႈျဖင့္ ျမန္မာႏိုင္ငံကိုတရားစြဲဆိုျခင္းမွာ ထိုကဲ့သို႔ အႏိုင္က်င့္ဗိုလ္က်မႈပင္ျဖစ္သည္။ ေၾကးစားလူမိုက္ ဝင္လုပ္ျခင္းလည္းမည္၏။ တစ္နည္းဆိုရလွ်င္ ေမ်ာက္ျပၿပီး ဘဂၤလားေဒ့ရွ္အတြက္ ဆန္ေတာင္းျခင္းဟုလည္းဆိုႏိုင္သည္။

OIC က ခိုင္းသည္ကို အေကာင္အထည္ေဖာ္ေပးရသူ ARSA တို႔အကြက္ဆင္လိုက္သည္မွာ စေပးေဘာသက္သက္မွ်သာ၊ ခပ္ျပင္းျပင္းပုတ္ေအာင္ ဖန္တီးထားသည့္ သေဘာပင္။ ဤသည္ကို ျမန္မာက ခပ္ျပင္းျပင္းေလးပုတ္လိုက္ေတာ့ အသင့္ေစာင့္ဆိုင္း ေနသူေတြက “လူမ်ိဳးတုံး သတ္ျဖတ္ ေနၿပီ၊ ႐ြာေတြကို မီးရႈိ႕ေနၿပီ” ဟု ၿဂိဳဟ္တုဓာတ္ပုံမ်ားႏွင့္တင္လိုက္သည့္အခါ သတင္းမီဒီယာ မ်ားမွ တစ္ဆင့္ တစ္ကမာၻ လုံးသို႔ပ်ံ႕သြားခဲ့သည္။ အေနာက္တံခါး ခိုးဝင္ဘဂၤါလီ (Illegal Migrantion) (တရား မဝင္ေ႐ႊ႕ေျပာင္းအ လုပ္သမား)အေရး ေျဖရွင္းရင္းႏွင့္ ျမန္မာႏိုင္ငံသည္ OIC ႏွင့္ဘဂၤါလီမ်ား၏ ေထာင္ ေခ်ာက္ထဲသို႔ ဝင္မွန္းမသိ ဝင္သြားရေသာျဖစ္ရပ္ပင္ျဖစ္သည္။

ARSA သည္ OIC ႏွင့္ ဘဂၤါလီမ်ားလမ္း ၫႊန္သည့္အတိုင္းလုပ္ေဆာင္စဥ္က ဟိႏၵဴ(၉၉) ဦး၊ ၿမိဳ-သက္-ဒိုင္းနက္-မရမာႀကီး စသည့္ တိုင္းရင္း သား (၄၀)ဦးသတ္သြားသည္ကို ဖုံးကြယ္ၿပီး ျမန္မာ ႏိုင္ငံကို သာ Genocide (လူမ်ိဳးတုံး သတ္ျဖတ္မႈ)ေဘာင္ထဲဝင္သြားေအာင္ ဖန္တီးႏိုင္ျခင္းကလည္း ပါရဂူ ေျမာက္ ေသာ OIC ၏ လူတြင္က်ယ္လုပ္ရပ္ပင္ ျဖစ္သည္။ ဤသည္ကို FFA (ႏိုင္ငံတကာ လြတ္လပ္ေသာ အခ်က္အလက္ရွာေဖြေရးအဖြဲ႕)၏ မ်က္စိမွိတ္၊ နားပိတ္ေနတတ္ျခင္းကလည္း ICJ သို႔ ပို၍ ခရီးတြင္ သြားရေလ၏။

ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာသူမ်ား (၅)သိန္းမွ (၇)သိန္း၊ ေနာက္ (၁၀)သိန္းအထိပင္ရွိ သည္ဟု ဘဂၤလားေဒ့ရွ္ကေအာ္ခဲ့သည္။ NLD အစိုးရက ထိုပမာဏမဟုတ္မွန္းသိေသာ္လည္း မည္သို႔မွ် ေျပာဆိုမႈမရွိျခင္း၊ ႐ိုဟင္ဂ်ာလူမ်ိဳးနာမည္ ျမန္မာႏိုင္ငံတြင္မရွိဟု တုံ႔ျပန္မႈမရွိျခင္း၊ စစ္တေကာင္းသား ခိုးဝင္ ဘဂၤါလီမ်ားသာျဖစ္ေၾကာင္း အမည္နာမကိစၥကို ျပန္လည္မေျဖရွင္းျခင္း၊ ႐ိုဟင္ဂ်ာနာမည္သည္ တိုင္းျပည္ ၏အခ်ဳပ္အျခာအာဏာကိုထိပါးေစေသာ ဖန္တီးနာ မည္သာျဖစ္ျခင္း၊ ARSA အၾကမ္းဖက္တို႔ ၏ ဌာေန တိုင္းရင္းသားမ်ားအေပၚ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈမ်ားကို ေဖာ္ထုတ္မႈမျပဳခဲ့ျခင္းတို႔မွာ ဂမ္ဘီယာ ႏိုင္ငံ၏ တရားစြဲဆိုမႈခရီး တြင္က်ယ္ေအာင္ တမင္ပံ့ပိုးရာေရာက္ေစခဲ့ေလသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ Genocide တားဆီးေရးတြင္ လက္မွတ္ထိုးထားျခင္းမရွိသည့္အတြက္ ICJ တြင္ တရားစြဲဆိုခြင့္မရွိ။ သို႔ေသာ္ ျမန္မာႏိုင္ငံႏွင့္ မိုင္(၇၀ဝဝ)ေက်ာ္ေဝးေသာ၊ မည္သို႔မွ် ျမန္မာႏိုင္ငံ ႏွင့္ဆက္စပ္မႈမရွိေသာ ဂမ္ဘီယာႏိုင္ငံက ဘဂၤလားေဒ့ရွ္ကိုယ္စား ICJ တြင္ တရားစြဲဆိုေပးျခင္းကလည္း ဆန္းျပားေနေပ၏။

ICJ တြင္ တရားစြဲဆိုမည္ဆိုလွ်င္ တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံ အေခ်အတင္အျငင္းပြားသည့္အခ်က္ ရွိခဲ့ ရေပမည္။ ဂမ္ဘီယာႏိုင္ငံက ထိုအခ်က္ကို ရေအာင္ဖန္တီးႏိုင္ခဲ့သည္။ (၂၀၁၉)ခုႏွစ္ ေအာက္ တိုဘာလ (၁၁)ရက္တြင္ ကုလသမဂၢဆိုင္ရာ ဂမ္ဘီယာႏိုင္ငံ အၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕က ကုလသမဂၢဆိုင္ရာ ျမန္မာႏိုင္ငံ အၿမဲတမ္းကိုယ္စားလွယ္အဖြဲ႕သို႔ စာတစ္ေစာင္ေပးခဲ့သည္။ ထိုစာထဲတြင္ FFA ၏အစီရင္ခံစာ ကို ျမန္မာႏိုင္ငံက လိုက္နာမႈမရွိသည့္အတြက္ ဂမ္ဘီယာႏိုင္ငံက စိုးရိမ္ပူပန္မႈရွိေၾကာင္းေဖာ္ျပ ထားသည္။ ျမန္မာႏိုင္ငံက တုံ႔ျပန္မႈမရွိခဲ့၊ အျငင္းမပြားဟု ဆို၍ရေပသည္။

ဂမ္ဘီယာႏိုင္ငံဘက္ကၾကည့္လွ်င္ စိုးရိမ္ပူပန္မႈရွိေၾကာင္းေဖာ္ျပခ်က္အရ အျငင္းပြားမႈရွိသည္ ဟုဆိုႏိုင္ေပသည္။ အျငင္းပြားမႈကို ထိုစာတစ္ေစာင္တည္းျဖင့္ လုံေလာက္မႈရွိသည္ဟုယူဆက ယူဆ၍ ရ သည္။ ျမန္မာႏိုင္ငံအေနျဖင့္ ICC ႏိုင္ငံတစ္ခုက ေလွ်ာက္ထားလႊဲေျပာင္းလာလွ်င္ အထူး စုံစမ္းစစ္ေဆး ျခင္း၊ အခ်က္အလက္မ်ားစုေဆာင္းျခင္းရွိမည္ကို သတိမမူမိျခင္းမွာ အားနည္းခ်က္တစ္ရပ္ ျဖစ္သြားခဲ့ သည္။

(၁၀-၁၂-၂၀၁၉)ရက္က နယ္သာလန္ ႏိုင္ငံသည္ဟိဂ္(The Hague) ၿမိဳ႕ရွိ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) တြင္ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားစြဲဆိုမႈအေပၚ ၾကားျဖတ္ေဆာင္႐ြက္ခ်က္ မ်ား (Provisional Measures ) အတြက္ ႏႈတ္ျဖင့္ေလွ်ာက္လဲျခင္းကို ပထမေန႔အစီအစဥ္အျဖစ္ က်င္းပခဲ့ သည္။ ထိုစဥ္က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ တင့္ေဆြႏွင့္ ျမန္မာ့ငွားေရွ႕ေနအဖြဲ႕တို႔ၾကား နာတက္ေရာက္ခဲ့ၾကသည္။

ဂမ္ဘီယာႏိုင္ငံ တရားေရးဝန္ႀကီးႏွင့္ ေရွ႕ေနခ်ဳပ္ျဖစ္သူ ဘာတန္ဘာဒူကအမႈႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပခ်က္(အက်ဥ္း)ႏွင့္ ေတာင္းဆိုမႈ အခ်ိဳ႕ကို ေျပာၾကားသည္။ ၁၁-၁၂-၂၀၁၉ (ဒုတိယ)ေန႔ တြင္ ေဒၚေအာင္ဆန္းစုၾကည္က အခ်က္အလက္အခ်ိဳ႕ကိုတင္ျပခဲ့သည္။ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္ တိုင္သြားေရာက္ေျဖရွင္းခဲ့သည္က အမႈျဖစ္မည့္ အဆင့္ မေရာက္ေအာင္၊ ႏိုင္ငံတကာညႇိႏႈိင္းေျဖရွင္း နည္းအရ ညႇိႏႈိင္းေျဖရွင္းမည္ဟု ဆိုသည္။ ဥပေဒနားလည္သူ ပညာရွင္အခ်ိဳ႕က ညႇိႏႈိင္းကိစၥဆိုသည္မွာ လိုက္ေလ်ာရမည့္ကိစၥ၊ ထိုးေကြၽးျပန္ဆပ္ရမည့္ကိစၥမ်ားပါႏိုင္သည္။ ICJ ကို ၿပီးေျမာက္ေအာင္ေဆာင္ ႐ြက္ႏိုင္သည္ဟုဆိုေသာ္လည္း အနာဂတ္ျမန္မာႏိုင္ငံ အေၾကာင္းမလွ ျဖစ္သြားႏိုင္သည္ဟု ယူဆၾကသည္။

တရားဥပေဒႏွင့္ ေျဖရွင္းရမည့္ကိစၥကို တရားဥပေဒႏွင့္သာ ခုခံေခ်ပသင့္သည္။ ႏိုင္ငံေရးကိစၥ ကဲ့သို႔ဆက္လုပ္ေနလွ်င္ အျခားတစ္ဖက္က အထင္ ေသး၊ အထင္လြဲမႈသာျဖစ္သြားႏိုင္သည္ဟု စီးပြားေရး မူဝါဒေရးရာအႀကံေပး ေဒါက္တာေဇာ္ဦးက BBC ကိုေျပာသည္။

ဥပေဒပညာရွင္ ေဒါက္တာငြန္က်ဳံးလွ်ံက “ဘဂၤလားေဒ့ရွ္သို႔ ထြက္ေျပးသြားၾကသူေတြ ျပန္လာ ဖို႔အတြက္ အိမ္ေတြ၊ ေရတြင္းေရကန္ေတြ၊ မီးသတ္ ကားေတြနဲ႔ အဆင္သင့္လုပ္ထားတယ္ဆိုတာကို ICJ တရားသူႀကီးေတြလည္း သိပါတယ္။ ဒီအထဲမွာလာ ေနၾကလို႔ ေျပာလိုက္႐ုံပါ၊ တရားသူႀကီးေတြက ဒီအမႈ ကို ျဖတ္လိုက ျဖတ္လို႔ရတယ္၊ သူတို႔က အမႈမျဖတ္ ေတာ့ အမႈကၿပီးမသြားဘူး၊ သူတို႔ဘက္ကေရွ႕ေနက လည္း ဂမ္ဘီယာနဲ႔ ခိုက္ရန္မျဖစ္ေရး၊ ဘာလဲ-ညာလဲေျပာၿပီး အမႈက ႏြယ္သြားရတယ္” ဟု ေျပာသည္။ “ေဒၚေအာင္ဆန္းစုၾကည္ တရားရင္ဆိုင္ဖို႔သြားရာမွာ ပါသင့္သူမ်ားပါမသြားဘဲ အေပ်ာ္သြားသလိုျဖစ္ေန တယ္၊ ဒီအလုပ္က သူကိုယ္တိုင္လုပ္ေနရမယ့္အလုပ္မဟုတ္၊ ေရွ႕ေနလုပ္ရမည့္အလုပ္ကို သေရာ္သလို သြားလုပ္ေတာ့ ရႈံးၿပီပဲ”ဟုလည္းေျပာသည္။ “ဝတ္႐ုံမည္းႀကီး ဝတ္၊ ဦးထုပ္ျဖဴ ေဆာင္းသင့္က ေဆာင္းရ မယ္၊ ဒါေပမဲ့ လူတိုင္းေဆာင္းလို႔ေတာ့မရဘူး၊ ေရွ႕ေနမဟုတ္သူေတြ ေရွ႕ေနသြားလုပ္လို႔ေတာ့ မရဘူး၊ မသိသူေတြက We Stand with You လုပ္ေနၾကေသးတယ္၊ တကယ္ဆို Good Luck Myanmar သာ လုပ္ရမယ္” ဟုလည္း ေျပာသည္။

“လုပ္သင့္တဲ့အတိုင္းမလုပ္ေတာ့ ေပါေၾကာင္ေၾကာင္ ျဖစ္သြားရတယ္၊ ဒီလူေတြက အမႈကို နားလည္ရဲ႕လားလို႔ အထင္ေသးခံရေသးတယ္၊ မလုပ္တတ္၊ မကိုင္တတ္သြားလုပ္ေတာ့ တစ္ခါနဲ႔ ၿပီးသြား မွာကို မၿပီးဘဲ ႏွစ္ခါ၊ သုံးခါ အခ်ခံရတယ္၊ ဒီလူေတြ အခြင့္အေရးရဖို႔၊ နယ္ေျမရဖို႔ နည္းမ်ိဳးစုံနဲ႔ ႀကံေနၾက တယ္”ဟုလည္း ေျပာသည္။

“ေဒၚေအာင္ဆန္းစုၾကည္ ေလွ်ာက္လဲခ်က္မွားပုံက အေနာက္တံခါးပဋိပကၡဟာ ရာစုေပါင္း မ်ားစြာၾကာခဲ့ၿပီလို႔ ေျပာလိုက္ျခင္းပင္၊ ႏွစ္ေပါင္းရာ ေထာင္ခ်ီၾကာေနၿပီျဖစ္တဲ့ပဋိပကၡလို႔ ဝန္ခံရာေရာက္ သြားတယ္၊ စဥ္းစားၾကည့္ရင္ ျမန္မာျပည္လြတ္လပ္ ေရးရတာဟာ ႏွစ္ေပါင္း (၇၀)ေက်ာ္ပဲရွိေသးတယ္၊ အဂၤလိပ္အုပ္ခ်ဳပ္တဲ့ ႏွစ္ေပါင္း(၁၀ဝ)နဲ႔ေပါင္းလိုက္ ရင္ ႏွစ္ေပါင္း(၁၇၀)ေက်ာ္ပဲရွိဦးမယ္။ ဒါကို အဂၤလိပ္ မလာမီ ႏွစ္ေပါင္း (၇၀ဝ)၊ (၈၀ဝ)ေလာက္ကပင္ အ ေနာက္တံခါးပဋိပကၡျဖစ္ခဲ့တယ္လို႔ ဆိုလိုရာေရာက္ သြားတယ္၊ ျမန္မာႏိုင္ငံျပန္ေရာက္တဲ့အခါ ဆယ္စုႏွစ္ မ်ားစြာၾကာတယ္လို႔ ေျပာေနျပန္တယ္၊ ဟိုမွာ တုန္းက အဂၤလိပ္လိုေျပာခဲ့တာကို ျမန္မာေတြမသိလို႔ ထင္ေနသလားေတာ့မသိ၊ ဒီလုပ္ရပ္က ႏိုင္ငံ ထိခိုက္နစ္နာသြားႏိုင္တယ္”ဟု ေျပာသည္။

“ေဒၚေအာင္ဆန္းစုၾကည္ေခ်ပတဲ့ပုံစံက ခလုတ္ကန္သင္းေတြမ်ားပါတယ္။ (၁၀)ခ်က္ေလာက္ မွားခဲ့တယ္၊ ေနာက္တစ္ခါမမွားဖို႔ အေရးႀကီးတယ္၊ ေနာက္တစ္ခါမွားရင္ ICJ ၿပီးရင္ ICC လာတယ္၊ ICC မွာ ဗုံးတစ္လုံးၿပီးတစ္လုံး ကြဲမယ္၊ ICJ ဗုံး ထက္ ICC ဗုံးကပိုျပင္းတယ္ဟု ေဒါက္တာငြန္ က်ဳံးလွ်ံက ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ အဆိုတင္သြင္းစဥ္ ရခိုင္အသိုင္းအဝိုင္းက မြတ္စလင္အသိုင္းအဝိုင္းကို အႏိုင္ခံသည္ဟုတင္သြင္းျခင္းမွာ အေနာက္တံခါး ကိစၥသည္ ဘာသာေရးပဋိပကၡ၊ လူမ်ိဳးေရးပဋိပကၡဟု တင္သြင္းရာေရာက္သြားသည္။ ျငင္းမလိုႏွင့္ ဝန္ခံ လိုက္ျခင္းျဖစ္သည့္အတြက္ ဒုတိယအႀကိမ္ ဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ ေရွ႕ေနခ်ဳပ္ ေဒၚသီတာဦးတို႔ အဆိုတင္သြင္း၍မရေတာ့ပါ။ ႐ုန္းထြက္ရန္သာ ႀကိဳးစားရ ေတာ့မည့္အေျခသို႔ ဆိုက္သြားရ၏။ အမွန္က ဘာသာ ေရး၊ လူမ်ိဳးေရးပဋိပကၡ မဟုတ္၊ နယ္ေျမလုမႈ ပဋိပကၡသာျဖစ္သည္။ တရားခံက အဂၤလိပ္အစိုးရ။ သူတို႔လက္ထက္မွာ ဘဂၤါလီေတြကို တံခါးမရွိ၊ ဓားမရွိ တင္သြင္းခဲ့သျဖင့္ ယခု ICJ အထိေရာက္သြားရသည္။

သမိုင္းပညာရွင္ ေဒါက္တာေအးခ်မ္းကလည္း “ ICJ ကို တရားရင္ဆိုင္ဖို႔သြားမယ့္ပုဂၢိဳလ္ဟာ အေနာက္တံခါးကိစၥကို အစဥ္တစိုက္ေစာင့္ၾကည့္ ေနသူ၊ အေနာက္တံခါးသမိုင္းကိုသိတဲ့ သမိုင္းပညာ ရွင္သာျဖစ္သင့္တယ္၊ မ်က္ေမွာက္ျဖစ္စဥ္တစ္ခုတည္း ကိုၾကည့္ၿပီး မဆုံးျဖတ္သင့္၊ အတိတ္နဲ႔အနာဂတ္ ကိုပါ ၾကည့္သင့္တယ္၊ ဒီပဋိပကၡျဖစ္ေအာင္ ဘယ္သူဖန္တီးခဲ့လဲ၊ ေရွ႕မွာေကာ ဘယ္လိုျဖစ္လာႏိုင္လဲ၊ ဘယ္သူက ဒီပဋိပကၡကို သယ္ေဆာင္လာလဲဆိုတာကို တိတိက် က်သိျမင္တဲ့ပုဂၢိဳလ္သာျဖစ္သင့္တယ္” ဟု အင္တာဗ်ဴးတစ္ခုတြင္ေျပာသည္။

တရားလိုအမည္ခံ ဂမ္ဘီယာႏိုင္ငံကေကာ မည္သူမ်ားႏွင့္ ပတ္သက္မႈရွိေနသနည္း။ တရားတြင္ သက္ေသမ်ားေလ ႏိုင္ေလဆိုသည္ထက္ ဤသက္ ေသမ်ားက ဇာတ္တိုက္ထားသည့္သက္ေသမ်ားျဖစ္ ေလသလား။ ဤအခ်က္ေတြကို လူႀကီးလူေကာင္းပီပီ စိစစ္ရန္၊ ရပ္တည္ခ်က္မွန္ရန္၊ ဂုဏ္သိကၡာရွိရွိကိုင္ တြယ္ရန္ အထူးလိုအပ္မည္ဟု ထင္ျမင္မိသည္။

ICJ က ျမန္မာႏိုင္ငံကို တစ္နည္းမဟုတ္ တစ္နည္း ဒုကၡေပးရန္ႀကံေဆာင္ေနသည္။ မၾကာေသး မီက ICC ေရွ႕ေနခ်ဳပ္(ပါကစၥတန္ႏြယ္ဖြား) ကာရိမ္ခန္း(Karimkhan) တစ္စခန္းထလာျပန္သည္မွာ OIC အဖြဲ႕ဝင္ႏိုင္ငံမ်ားအက်ိဳးအတြက္ ေဆာင္႐ြက္ေနျခင္းမ်ားလားဟု ေမးခြန္းထုတ္စရာပင္ ျဖစ္ေနပါသည္။

Picture

Win Han

04/03/2025 18:55

AI သိပါစေ................

Related news

© 2021. All rights reserved.