နစက ဥက္ကဋ္ဌ က မော်စကို မြို့ရှိ အညတရစစ်သည် ဂူဗိမာန်တွင် လွမ်းသူပန်းခွေချအလေးပြု

1520

ပီယ (NP News)
နေပြည်တော်၊ မတ် - ၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့(မတ်လ ၄ ရက်) နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ သွားရောက်ရာတွင် နစက ဥက္ကဋ္ဌ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ ပါဝင်ပြီး မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိကြရာ မော်စကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှ ဦးဆောင်၍ လွမ်းသူပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုရာ လွမ်းသူပန်းခွေချ အလေးပြုစဉ် အချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ရာ နှုတ်ဆက်စဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာ့ တပ်မတော် စစ်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
နစက ဥကၠ႒ က ေမာ္စကို ၿမိဳ႕ရွိ အညတရစစ္သည္ ဂူဗိမာန္တြင္ လြမ္းသူပန္းေခြခ်အေလးျပဳ
ပီယ (NP News)
ေနျပည္ေတာ္၊ မတ္ - ၄
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕သို႔ တရားဝင္ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔(မတ္လ ၄ ရက္) နံနက္ပိုင္းတြင္ ေမာ္စကိုၿမိဳ႕ရွိ အညတရစစ္သည္ဂူဗိမာန္၌ လြမ္းသူပန္းေခြခ် အေလးျပဳခဲ့ေၾကာင္း နစက ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ သြားေရာက္ရာတြင္ နစက ဥကၠ႒ ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးႏွင့္ ခရီးစဥ္တြင္လိုက္ပါလာသည့္ အဖြဲ႕ဝင္မ်ား ပါဝင္ၿပီး ေမာ္စကိုၿမိဳ႕ရွိ အညတရစစ္သည္ဂူဗိမာန္သို႔ ေရာက္ရွိၾကရာ ေမာ္စကို တပ္နယ္မႉးႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကေၾကာင္း သိရသည္။
ယင္းေနာက္ ေရွ႕ေဆာင္စစ္သည္ႏွစ္ဦးမွ ဦးေဆာင္၍ လြမ္းသူပန္းေခြအား သယ္ေဆာင္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က အညတရစစ္သည္ဂူဗိမာန္၌ လြမ္းသူပန္းေခြခ်အေလးျပဳရာ လြမ္းသူပန္းေခြခ် အေလးျပဳစဥ္ အခ်ိန္၌ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဂုဏ္ျပဳတပ္ဖြဲ႕က ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သီခ်င္းအား တီးမႈတ္ၾကေၾကာင္း သိရသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ ခ်ီတက္အေလးျပဳျခင္းကိုခံယူၿပီး တာဝန္ရွိသူမ်ားကို ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ရာ ႏႈတ္ဆက္စဥ္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံဂုဏ္ျပဳတပ္ဖြဲ႕က ျမန္မာ့ တပ္မေတာ္ စစ္သီခ်င္းမ်ားျဖင့္ ဂုဏ္ျပဳတီးမႈတ္ခဲ့ေၾကာင္း သိရသည္။