လူသားသွေးဖြူဥနှင့် အရွယ်အစားတူညီသော လီဂိုအုတ်ခဲအရုပ်တစ်ခုကို အင်္ဂလန်အနုပညာရှင်တစ်ဦး ဖန်တီး

479

Pika (NP News) - မတ် ၅
အင်္ဂလန်နိုင်ငံမှ အနုပညာရှင်တစ်ဦးသည် လူသားသွေးဖြူဥနှင့် အရွယ်အစားတူညီသော လီဂို အုတ်ခဲအရုပ်တစ်ခုကို ဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
ဘုန်းမောက်မြို့တွင်နေထိုင်သည့် David A. Lindon ဆိုသည့်အမျိုးသား၏ လီဂိုအုတ်ခဲအရုပ် သည် (ဝ ဒသမ ဝ၂၅၁၇)မီလီမီတာနှင့် (ဝ ဒသမ ဝ၂၁၈၄) မီလီမီတာသာရှိ ကြောင်း လည်းသိရသည်။
ထို့ပြင် David A. Lindon ၏ လီဂိုအုတ်ခဲအရုပ်သည် ယခင်စံချိန်ဖြစ်သော အသေးငယ်ဆုံး လက်လုပ် ပန်းပု အရုပ်ထက် လေးဆခန့် ပိုမိုသေးငယ်ကြောင်း သိရသည်။ David A. Lindon ၏ လီဂို အုတ်ခဲ အရုပ် ကို Evident Scientific ကော်ပိုရေးရှင်းမှ အဖွဲ့တစ်ခုက အလင်းအဏုကြည့် မှန်ဘီလူးဖြင့်ကြည့်ကာ တိုင်းတာမှုများလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့ပြင် အဆိုပါအဖွဲ့သည် David A. Lindon က တစ်ချိန်တည်းတွင်ပြုလုပ်ခဲ့သော အနည်းငယ် ပိုကြီးသည့် လီဂိုအုတ်ခဲအရုပ်နှစ်ခုကိုလည်း တိုင်းတာမှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ David A. Lindon က “ အဏုကြည့်မှန်ပြောင်းမပါဘဲ မမြင်နိုင်တဲ့ သေးငယ်တဲ့ အရာဝတ္ထုတွေကို ဖန်တီးဖို့ စိန်ခေါ် မှုက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အားထုတ်မှုတွေလိုအပ်ပါတယ်။ နှလုံးခုန်သံတွေကြားထဲမှာ အသက်ကိုဖြည်းဖြည်းရှူပြီး အလုပ်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်လေ့ကျင့်ထားပါတယ်။ အဲဒီအချိန်မှာ ရုပ် ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အာရုံစိုက်ပြီး လုပ်ဆောင်ရတာမလို့ နှလုံးခုန်တာ တစ်ချက်ချင်းကို တောင် ခံစားမိပါတယ်” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ၎င်းသည် ညဘက်အချိန်တွင်သာ အလုပ်လုပ်သောကြောင့် နေ့ခင်းဘက်ယာဉ်ကြောပိတ် ဆို့မှုများသည် ၎င်း၏အလုပ်များကို အနှောင့်အယှက်မဖြစ်စေကြောင်း David A. Lindon က ပြောကြားခဲ့သည်။

zawgyi version
လူသားေသြးျဖဴဥႏွင့္ အ႐ြယ္အစားတူညီေသာ လီဂိုအုတ္ခဲအ႐ုပ္တစ္ခုကို အဂၤလန္အႏုပညာရွင္တစ္ဦး ဖန္တီး
Pika (NP News) - မတ္ ၅
အဂၤလန္ႏိုင္ငံမွ အႏုပညာရွင္တစ္ဦးသည္ လူသားေသြးျဖဴဥႏွင့္ အ႐ြယ္အစားတူညီေသာ လီဂို အုတ္ခဲအ႐ုပ္တစ္ခုကို ဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။
ဘုန္းေမာက္ၿမိဳ႕တြင္ေနထိုင္သည့္ David A. Lindon ဆိုသည့္အမ်ိဳးသား၏ လီဂိုအုတ္ခဲအ႐ုပ္ သည္ (ဝ ဒသမ ဝ၂၅၁၇)မီလီမီတာႏွင့္ (ဝ ဒသမ ဝ၂၁၈၄) မီလီမီတာသာရွိ ေၾကာင္း လည္းသိရသည္။
ထို႔ျပင္ David A. Lindon ၏ လီဂိုအုတ္ခဲအ႐ုပ္သည္ ယခင္စံခ်ိန္ျဖစ္ေသာ အေသးငယ္ဆုံး လက္လုပ္ ပန္းပု အ႐ုပ္ထက္ ေလးဆခန႔္ ပိုမိုေသးငယ္ေၾကာင္း သိရသည္။ David A. Lindon ၏ လီဂို အုတ္ခဲ အ႐ုပ္ ကို Evident Scientific ေကာ္ပိုေရးရွင္းမွ အဖြဲ႕တစ္ခုက အလင္းအဏုၾကည့္ မွန္ဘီလူးျဖင့္ၾကည့္ကာ တိုင္းတာမႈမ်ားလုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အဆိုပါအဖြဲ႕သည္ David A. Lindon က တစ္ခ်ိန္တည္းတြင္ျပဳလုပ္ခဲ့ေသာ အနည္းငယ္ ပိုႀကီးသည့္ လီဂိုအုတ္ခဲအ႐ုပ္ႏွစ္ခုကိုလည္း တိုင္းတာမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။ David A. Lindon က “ အဏုၾကည့္မွန္ေျပာင္းမပါဘဲ မျမင္ႏိုင္တဲ့ ေသးငယ္တဲ့ အရာဝတၳဳေတြကို ဖန္တီးဖို႔ စိန္ေခၚ မႈက ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာမွာပါ အားထုတ္မႈေတြလိုအပ္ပါတယ္။ ႏွလုံးခုန္သံေတြၾကားထဲမွာ အသက္ကိုျဖည္းျဖည္းရႉၿပီး အလုပ္လုပ္ဖို႔ ကိုယ့္ကိုယ္ကိုယ္ေလ့က်င့္ထားပါတယ္။ အဲဒီအခ်ိန္မွာ ႐ုပ္ ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ အာ႐ုံစိုက္ၿပီး လုပ္ေဆာင္ရတာမလို႔ ႏွလုံးခုန္တာ တစ္ခ်က္ခ်င္းကို ေတာင္ ခံစားမိပါတယ္” ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ၎သည္ ညဘက္အခ်ိန္တြင္သာ အလုပ္လုပ္ေသာေၾကာင့္ ေန႔ခင္းဘက္ယာဥ္ေၾကာပိတ္ ဆို႔မႈမ်ားသည္ ၎၏အလုပ္မ်ားကို အေႏွာင့္အယွက္မျဖစ္ေစေၾကာင္း David A. Lindon က ေျပာၾကားခဲ့သည္။