အမေရိကန်က လေယာဉ်တင်သင်္ဘောတစ်စီးကို အရှေ့အလယ်ပိုင်းဒေသကို ထပ်မံစေလွှတ်

 3288

Pika (NP News) - မတ် ၆

အ‌ရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောတစ်စီး ထပ်မံစေလွှတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က မတ်လ (၅)ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရက ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောတစ်စီး စေလွှတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။
ယခုသီတင်းပတ်အတွင်း USS Harry S. Truman လေယာဉ်တင်သင်္ဘောဟာ အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ် (CENTCOM) တာဝန်ကျရာနေရာကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ အမေရိကန်စစ်ဘက်အရာရှိတွေက ပြော ကြားခဲ့ပါတယ်။ USS Harry S. Truman လေယာဉ်တင်သင်္ဘောဟာ ပင်လယ်နီမှာ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေကို အချိန်(၂)လကြာ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ ပင်လယ်နီကနေ ထွက်ခွာခဲ့ပြီး ဆိုဒါ ပင်လယ်အော်က ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆိုဒါပင်လယ်အော်ကို ရောက်ရှိပြီးနောက် မကြာခင်အချိန်မှာပဲ USS Harry S. Truman လေယာဉ်တင်သင်္ဘောဟာ အီဂျစ်နိုင်ငံ Port Said ဆိပ်ကမ်းမြို့အနီးမှာ ကုန်တင်သင်္ဘောတစ်စီးနဲ့ တိုက်မိခဲ့တယ်လို့လည်း သိရပါတယ်။ ထို့နောက် USS Harry S. Truman လေယာဉ်တင်သင်္ဘောဟာ ပြုပြင်မှုတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ အရှေ့အလယ်ပိုင်းဒေသရေပြင်ကို ပြန်လည်‌ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္က ေလယာဥ္တင္သေဘၤာတစ္စီးကို အေရွ႕အလယ္ပိုင္းေဒသကို ထပ္မံေစလႊတ္
Pika (NP News) - မတ္ ၆

အ‌ေရွ႕အလယ္ပိုင္းေဒသကို ေလယာဥ္တင္သေဘၤာတစ္စီး ထပ္မံေစလႊတ္ခဲ့တယ္လို႔ အေမရိကန္စစ္တပ္က မတ္လ (၅)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အေမရိကန္အစိုးရက ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသကို ေလယာဥ္တင္သေဘၤာတစ္စီး ေစလႊတ္မႈထြက္ေပၚလာတာျဖစ္ပါတယ္။
ယခုသီတင္းပတ္အတြင္း USS Harry S. Truman ေလယာဥ္တင္သေဘၤာဟာ အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) တာဝန္က်ရာေနရာကို ျပန္လည္ေရာက္ရွိလာခဲ့တယ္လို႔ အေမရိကန္စစ္ဘက္အရာရွိေတြက ေျပာ ၾကားခဲ့ပါတယ္။ USS Harry S. Truman ေလယာဥ္တင္သေဘၤာဟာ ပင္လယ္နီမွာ တိုက္ခိုက္ေရး စစ္ဆင္ေရးေတြကို အခ်ိန္(၂)လၾကာ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့လမွာ ပင္လယ္နီကေန ထြက္ခြာခဲ့ၿပီး ဆိုဒါ ပင္လယ္ေအာ္က ဆိပ္ကမ္းတစ္ခုမွာ ဆိုက္ကပ္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဆိုဒါပင္လယ္ေအာ္ကို ေရာက္ရွိၿပီးေနာက္ မၾကာခင္အခ်ိန္မွာပဲ USS Harry S. Truman ေလယာဥ္တင္သေဘၤာဟာ အီဂ်စ္ႏိုင္ငံ Port Said ဆိပ္ကမ္းၿမိဳ႕အနီးမွာ ကုန္တင္သေဘၤာတစ္စီးနဲ႔ တိုက္မိခဲ့တယ္လို႔လည္း သိရပါတယ္။ ထို႔ေနာက္ USS Harry S. Truman ေလယာဥ္တင္သေဘၤာဟာ ျပဳျပင္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အေရွ႕အလယ္ပိုင္းေဒသေရျပင္ကို ျပန္လည္‌ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.