ဖမ်းဆီးခံထားရတဲ့ အမေရိကန်ဓါးစာခံတွေနဲ့ပတ်သက်ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေကို အမေရိကန်အစိုးရ လုပ်ဆောင်

 222

Pika (NP News) - မတ် ၆

ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမေရိကန်ဓါးစာခံတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ် လို့ အကြီးတန်းသံတမန်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပခဲ့ပြီး အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်ရဲ့ဓါးစာခံရေးရာ အထူးသံတမန် Adam Boehler က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Adam Boehler ဟာ ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲအဆုံးသတ်ဖို့ အလားအလာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူကာရိုလိုင်းလီရာဗစ်က “အမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် အကောင်းဆုံးလုပ်ဆောင်ဖို့ ကမ္ဘာတဝှမ်းက လူတွေနဲ့ဆွေးနွေးပြောဆိုတာဟာ အမေရိကန်သမ္မတက သူယုံကြည် တဲ့အရာဟာ အမေရိကန်ပြည်သူတွေအတွက် မှန်ကန်တဲ့အရာကိုလုပ်ဆောင်ဖို့ အားထုတ်မှုတစ်ခုဖြစ်တယ်ဆို တာကို သက်သေပြလိုက်တာမျိုးပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဆိုအရ ဒေါ်နယ်ထရမ့်ရဲ့အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်ဟာ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သက်တမ်း တိုးဖို့ ဒါမှမဟုတ် ဒုတိယအဆင့်ကိုတက်လှမ်းဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လာမယ့်ရက်ပိုင်းမှာ အရှေ့ အလယ်ပိုင်းဒေသကို သွားရောက်လည်ပတ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဖမ္းဆီးခံထားရတဲ့ အေမရိကန္ဓါးစာခံေတြနဲ႔ပတ္သက္ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြကို အေမရိကန္အစိုးရ လုပ္ေဆာင္
Pika (NP News) - မတ္ ၆

ဂါဇာကမ္းေျမာင္ေဒသမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားတဲ့ အေမရိကန္ဓါးစာခံေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရက ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္ လို႔ အႀကီးတန္းသံတမန္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အဲဒီေဆြးေႏြးပြဲကို ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာ က်င္းပခဲ့ၿပီး အေမရိကန္သမၼတ‌ေဒၚနယ္ထရမ့္ရဲ႕ဓါးစာခံေရးရာ အထူးသံတမန္ Adam Boehler က ဦးေဆာင္ခဲ့တာျဖစ္တယ္လို႔ သတင္းရင္းျမစ္က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ Adam Boehler ဟာ ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ပြဲအဆုံးသတ္ဖို႔ အလားအလာေတြကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ အဲဒီသတင္းရင္းျမစ္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္အစိုးရတာဝန္ရွိသူကာ႐ိုလိုင္းလီရာဗစ္က “အေမရိကန္ျပည္သူေတြရဲ႕အက်ိဳးစီးပြားအတြက္ အေကာင္းဆုံးလုပ္ေဆာင္ဖို႔ ကမာၻတဝွမ္းက လူေတြနဲ႔ေဆြးေႏြးေျပာဆိုတာဟာ အေမရိကန္သမၼတက သူယုံၾကည္ တဲ့အရာဟာ အေမရိကန္ျပည္သူေတြအတြက္ မွန္ကန္တဲ့အရာကိုလုပ္ေဆာင္ဖို႔ အားထုတ္မႈတစ္ခုျဖစ္တယ္ဆို တာကို သက္ေသျပလိုက္တာမ်ိဳးပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕အဆိုအရ ေဒၚနယ္ထရမ့္ရဲ႕အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္ဟာ ဂါဇာကမ္းေျမာင္ေဒသအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို သက္တမ္း တိုးဖို႔ ဒါမွမဟုတ္ ဒုတိယအဆင့္ကိုတက္လွမ္းဖို႔အတြက္ ေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ လာမယ့္ရက္ပိုင္းမွာ အေရွ႕ အလယ္ပိုင္းေဒသကို သြားေရာက္လည္ပတ္ဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.