အင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းသွားလာခဲ့တဲ့ ရုရှားစစ်သင်္ဘောကိုစောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်ရေတပ်ပြော

300

Pika (NP News) - မတ် ၆
ယခုသီတင်းပတ်အတွင်း အင်္ဂလိပ်ရေလက်ကြားနဲ့ မြောက်ပင်လယ်တို့ကို ဖြတ်သန်းသွားလာခဲ့တဲ့ ရုရှားစစ်သင်္ဘော တစ်စီးနဲ့ ကုန်တင်သင်္ဘောတစ်စီးတို့ကို စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဗြိတိန်တော်ဝင်ရေတပ်က ပြော ကြားခဲ့ပါတယ်။ ဗြိတိန်ရေပိုင်နက်အတွင်း ဘော်လ်တစ်ဒေသခေါင်းဆောင်တစ်ဦးကို လိုက်ပါစောင့်ရှောက်ခဲ့တဲ့ ရုရှားရဲ့ Boikiy စစ်သင်္ဘောရဲ့လှုပ်ရှားမှုတိုင်းကို ဗြိတိန်တော်ဝင်ရေတပ်သင်္ဘော HMS Somersetက စောင့်ကြည့်မှု တွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဗြိတိန်ရေတပ်က ပြောကြားခဲ့ပါတယ်။
ဗြိတိန်ရေတပ်ဟာ ပင်လယ်ရေအောက်ကေဘယ်ကြိုးတွေ ဒါမှမဟုတ် ပိုက်လိုင်းတွေလိုမျိုး အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေ အပါအဝင် နိုင်ငံလုံခြုံရေးအတွက် အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေအားလုံးကို စောင့်ကြည့်တဲ့မစ်ရှင်တွေကို ပုံမှန်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက HMS Somerset သင်္ဘောဟာ သံသယဖြစ်ဖွယ် ရုရှားစပိုင်သင်္ဘော Yantar ကို ခြေရာခံမှုတွေလုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဗြိတိန်ရေတပ်သင်္ဘောတွေဟာ ဆီးရီးယားမှာ အသုံးပြုဖို့အတွက် အင်္ဂလိပ် ရေလက်ကြားကို ဖြတ်သန်းပြီး ခဲယမ်းမီးကျည်တွေ သယ်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတွေနဲ့ ရုရှားရေတပ် သင်္ဘော ခြောက်စီးတို့ကို ခြေရာခံမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version:
အဂၤလိပ္ေရလက္ၾကားကိုျဖတ္သန္းသြားလာခဲ့တဲ့ ႐ုရွားစစ္သေဘၤာကိုေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ၿဗိတိန္ေရတပ္ေျပာ
Pika (NP News) - မတ္ ၆
ယခုသီတင္းပတ္အတြင္း အဂၤလိပ္ေရလက္ၾကားနဲ႔ ေျမာက္ပင္လယ္တို႔ကို ျဖတ္သန္းသြားလာခဲ့တဲ့ ႐ုရွားစစ္သေဘၤာ တစ္စီးနဲ႔ ကုန္တင္သေဘၤာတစ္စီးတို႔ကို ေစာင့္ၾကည့္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ၿဗိတိန္ေတာ္ဝင္ေရတပ္က ေျပာ ၾကားခဲ့ပါတယ္။ ၿဗိတိန္ေရပိုင္နက္အတြင္း ေဘာ္လ္တစ္ေဒသေခါင္းေဆာင္တစ္ဦးကို လိုက္ပါေစာင့္ေရွာက္ခဲ့တဲ့ ႐ုရွားရဲ႕ Boikiy စစ္သေဘၤာရဲ႕လႈပ္ရွားမႈတိုင္းကို ၿဗိတိန္ေတာ္ဝင္ေရတပ္သေဘၤာ HMS Somersetက ေစာင့္ၾကည့္မႈ ေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ၿဗိတိန္ေရတပ္က ေျပာၾကားခဲ့ပါတယ္။
ၿဗိတိန္ေရတပ္ဟာ ပင္လယ္ေရေအာက္ေကဘယ္ႀကိဳးေတြ ဒါမွမဟုတ္ ပိုက္လိုင္းေတြလိုမ်ိဳး အေရးႀကီးတဲ့ အေျခခံ အေဆာက္အအုံေတြ အပါအဝင္ ႏိုင္ငံလုံၿခဳံေရးအတြက္ အလားအလာရွိတဲ့ ၿခိမ္းေျခာက္မႈေတြအားလုံးကို ေစာင့္ၾကည့္တဲ့မစ္ရွင္ေတြကို ပုံမွန္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက HMS Somerset သေဘၤာဟာ သံသယျဖစ္ဖြယ္ ႐ုရွားစပိုင္သေဘၤာ Yantar ကို ေျခရာခံမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက ၿဗိတိန္ေရတပ္သေဘၤာေတြဟာ ဆီးရီးယားမွာ အသုံးျပဳဖို႔အတြက္ အဂၤလိပ္ ေရလက္ၾကားကို ျဖတ္သန္းၿပီး ခဲယမ္းမီးက်ည္ေတြ သယ္ေဆာင္လာတဲ့ ကုန္တင္သေဘၤာေတြနဲ႔ ႐ုရွားေရတပ္ သေဘၤာ ေျခာက္စီးတို႔ကို ေျခရာခံမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။