လိုအပ်မယ်ဆိုရင် တရုတ်နဲ့စစ်ပွဲဖြစ်ပွားဖို့အတွက် ပြင်ဆင်ထားတယ်လို့ အမေရိကန်စစ်ဘက်ပြော

 1847

Pika (NP News) - မတ် ၆

အမေရိကန်က လိုအပ်မယ်ဆိုရင် တရုတ်နဲ့စစ်ပွဲဖြစ်ပွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့အခွန်စည်းကြပ်မှုတွေနဲ့ပတ်သက်ပြီး လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရဘက်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန် ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီခြိမ်းခြောက်ပြောဆိုမှုတွေဟာ ကမ္ဘာ့အင်အားကြီးစီးပွားရေးနိုင်ငံနှစ်နိုင်ငံကြား ဆက်လက်ဖြစ်ပွားလျက်ရှိတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ တင်းမာမှုတွေ ထပ်မံတိုးမြင့်လာတဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်ဟာ မတ်လ(၅)ရက်နေ့ အစောပိုင်းက လုပ်ဆောင်ခဲ့တဲ့ Fox သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်း အမေရိကန်ရဲ့ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

တရုတ်အစိုးရဟာ ဘယ်လိုစစ်ပွဲကိုမဆို တိုက်ဖို့ အဆင်သင့်ရှိတယ်လို့ပြောဆိုခဲ့တဲ့ အမေရိကန်မှာရှိတဲ့ တရုတ် သံရုံးရဲ့‌ပြောဆိုချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ပီတီဟတ်ဆတ်က အခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပီတီဟတ်ဆတ်က “လိုအပ်လာမယ်ဆိုရင် တရုတ်နဲ့စစ်ပွဲဖြစ်ပွားဖို့ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေဟာ စစ်ပွဲအတွက် ပြင်ဆင်ထားရပါမယ်” လို့ပြောခဲ့ပါတယ်။ ဒါကြောင့်မလို့ အမေရိကန်ဟာ ၎င်းရဲ့စစ်တပ်နဲ့ စစ်သူရဲကောင်းကျင့်ဝတ်ဆိုင်ရာအဟန့်အတားတွေကို ပြန်လည်တည်ဆောက် နေရတာဖြစ်တယ်လို့လည်း ပီတီဟတ်ဆတ်က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
လိုအပ္မယ္ဆိုရင္ တ႐ုတ္နဲ႔စစ္ပြဲျဖစ္ပြားဖို႔အတြက္ ျပင္ဆင္ထားတယ္လို႔ အေမရိကန္စစ္ဘက္ေျပာ
Pika (NP News) - မတ္ ၆

အေမရိကန္က လိုအပ္မယ္ဆိုရင္ တ႐ုတ္နဲ႔စစ္ပြဲျဖစ္ပြားဖို႔ ျပင္ဆင္ထားတယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အေမရိကန္ရဲ႕အခြန္စည္းၾကပ္မႈေတြနဲ႔ပတ္သက္ၿပီး လက္တုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္အစိုးရဘက္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒီၿခိမ္းေျခာက္ေျပာဆိုမႈေတြဟာ ကမာၻ႔အင္အားႀကီးစီးပြားေရးႏိုင္ငံႏွစ္ႏိုင္ငံၾကား ဆက္လက္ျဖစ္ပြားလ်က္ရွိတဲ့ ကုန္သြယ္ေရးစစ္ပြဲမွာ တင္းမာမႈေတြ ထပ္မံတိုးျမင့္လာတဲ့ အမွတ္အသားတစ္ခုလည္းျဖစ္ပါတယ္။ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆတ္ဟာ မတ္လ(၅)ရက္ေန႔ အေစာပိုင္းက လုပ္ေဆာင္ခဲ့တဲ့ Fox သတင္းဌာနနဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း အေမရိကန္ရဲ႕ရပ္တည္ခ်က္ကို ရွင္းလင္းေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

တ႐ုတ္အစိုးရဟာ ဘယ္လိုစစ္ပြဲကိုမဆို တိုက္ဖို႔ အဆင္သင့္ရွိတယ္လို႔ေျပာဆိုခဲ့တဲ့ အေမရိကန္မွာရွိတဲ့ တ႐ုတ္ သံ႐ုံးရဲ႕‌ေျပာဆိုခ်က္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ပီတီဟတ္ဆတ္က အခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ပီတီဟတ္ဆတ္က “လိုအပ္လာမယ္ဆိုရင္ တ႐ုတ္နဲ႔စစ္ပြဲျဖစ္ပြားဖို႔ ကြၽန္ေတာ္တို႔ဘက္က ျပင္ဆင္ထားပါတယ္။ ၿငိမ္းခ်မ္းေရးကို လိုလားတဲ့သူေတြဟာ စစ္ပြဲအတြက္ ျပင္ဆင္ထားရပါမယ္” လို႔ေျပာခဲ့ပါတယ္။ ဒါေၾကာင့္မလို႔ အေမရိကန္ဟာ ၎ရဲ႕စစ္တပ္နဲ႔ စစ္သူရဲေကာင္းက်င့္ဝတ္ဆိုင္ရာအဟန႔္အတားေတြကို ျပန္လည္တည္ေဆာက္ ေနရတာျဖစ္တယ္လို႔လည္း ပီတီဟတ္ဆတ္က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.