မြန်မာနိုင်ငံ လက်ရှိကြုံတွေ့နေရသောအခက်အခဲများအား ခေါင်းထဲမထည့်ထားရန်နှင့် တဒင်္ဂသာဖြစ်ကြောင်း နစကဥက္ကဋ္ဌက ရုရှားလုပ်ငန်းရှင်များကိုပြော

908

သန့်ဇင် (NP News) - မတ် ၆
မြန်မာနိုင်ငံလက်ရှိကြုံတွေ့နေရသောအခက်အခဲများအား ခေါင်းထဲမထည့်ထားရန်နှင့် တဒင်္ဂသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားလုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့(မတ်လ ၅ ရက်)တွင် မော်စကိုမြို့၊ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပ ပြုလုပ်သည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်တွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် ယုံကြည်စိတ်ချရသောရင်းနှီးသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
“ရုရှားနိုင်ငံက ကမ္ဘာ့မြောက်ခြမ်းမှာ အရှေ့နဲ့အနောက်ကို ရှည်လျားစွာ အရှေ့ကဆိုရင်လည်း အာရှဒေသကနေ အနောက်ဘက် ဥရောပဒေသအထိ ကျယ်ပြန့်စွာရှိနေတဲ့ မဟာအင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပထဝီ အနေအထားကလည်း အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်သလို နိုင်ငံတကာကနေ စိတ်ဝင်စားမှုရှိတဲ့ နိုင်ငံလည်းဖြစ်ပါ တယ်။ ဘယ်လောက်ပဲ ရုရှားနိုင်ငံရဲ့ဖြစ်ထွန်းအောင်မြင်မှုတွေကို တိုက်ခိုက်နေပါစေ ရုရှားနိုင်ငံရဲ့ ကြွယ်ဝချမ်းသာ မှုနဲ့ နည်းပညာတွေကိုတော့ ဘယ်လိုမှ သူတို့နှိမ်နင်းလို့ရမှာ မဟုတ်ပါဘူး” ဟု နစကဥက္ကဋ္ဌ က ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံ၏ ကြွယ်ဝမှုနှင့် နည်းပညာများကို အာရှဒေသတွင် လာရောက်ဖြန့်ကျက်ဆောက်ရွက်စေလိုပြီး အဆိုပါအခွင့်အရေးကို မြန်မာနိုင်ငံက ပေးလိုကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
“ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ရင်းနှီး မြှုပ်နှံဖို့ မလုပ်ခင်မှာ မြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါ။ ဒီမှာလာတဲ့ မြန်မာနိုင်ငံက ပါလာတဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးလာတဲ့သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခင်ဗျားတို့လာမယ်ဆိုရင် မြန်မာနိုင်ငံသား တွေရဲ့ပကတိအခြေအနေကိုလည်း ဒီထက်ပိုပြီးသိရှိမှာ ဖြစ်ပါတယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ရာတွင် ဈေးကွက်ကိုစဉ်းစားရကြောင်းနှင့် မြန်မာ့လူဦးရေးသည်(၅၁)သန်းသာရှိပြီး ပတ်ပတ်လည်ရှိ နိုင်ငံများရှိလူဦး ရေသည် (၂)ဘီလျံကျော်(၃)ဘီလျံနားပါးရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
“အာဆီယံ ၁၀ နိုင်ငံအပြင် အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ လူဦးရေများပြားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ဒီနိုင်ငံတွေကို ခင်ဗျားတို့ရဲ့ ထုတ်လုပ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုခင်ဗျားတို့ ဈေးကွက်ရှာမလဲဆိုတာလည်း စဉ်းစားမယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်” ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရှိ သဘာဝထုတ်ကုန်ပစ္စည်းတွေကို အခြေခံကာ တန်ဖိုးမြင့်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ရုရှားနိုင်ငံမှ ရင်းနီးမြုပ်နှံကာ နည်းပညာနှင့်ထုတ်လုပ်သည့်လုပ်ငန်းများသည် မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်ပါ အကျိုးရှိမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံရာတွင်လည်း မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် နှင့် ပတ်သက်ကာ များစွာသော ဆွေးနွေးသဘောတူညီချက်များ ရရှိခဲ့ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် လက်ရှိမြန်မာနိုင်ငံကြုံတွေ့နေရသည့် အချို့သောအခက်အခဲများကို ခေါင်းထဲမထည့်ရန်နှင့် အဆိုပါကိစ္စရပ် များသည် တဒင်္ဂသာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်အခက်အခဲများအား ကျော်လွှားနိုင်မည်ကို ယုံကြည် ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။
“လက်ရှိကြုံတွေ့နေရတဲ့ တချို့သောအခက်အခဲတွေကို ခင်ဗျားတို့ခေါင်းထဲမှာ သိပ်မထည့်ပါနဲ့၊ ဒါတဒင်္ဂသာဖြစ်ပါ တယ်။ ကျွန်တော်တို့တစ်တွေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဒီအခက်အခဲတွေကို အားလုံးကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အရေးကြီးတာတော့ လုပ်ချင်တယ်ဆိုတဲ့၊ လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိတ်ဆွေရုရှားနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်အားလုံးကို ကြိုဆိုပါကြောင်း ကျွန်တော် ပြောလိုပါတယ်။ လိုအပ်လို့ရှိရင်လည်း မြန်မာနိုင်ငံမှာ ကျွန်တော်ကိုယ်တိုင် ခင်ဗျားတို့နဲ့ထပ်တွေ့ပါမယ်” ဟု နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
Zawgyi Version:
ျမန္မာႏိုင္ငံ လက္ရွိႀကဳံေတြ႕ေနရေသာအခက္အခဲမ်ားအား ေခါင္းထဲမထည့္ထားရန္ႏွင့္ တဒဂၤသာျဖစ္ေၾကာင္း နစကဥကၠ႒က ႐ုရွားလုပ္ငန္းရွင္မ်ားကိုေျပာ
သန႔္ဇင္ (NP News) - မတ္ ၆
ျမန္မာႏိုင္ငံလက္ရွိႀကဳံေတြ႕ေနရေသာအခက္အခဲမ်ားအား ေခါင္းထဲမထည့္ထားရန္ႏွင့္ တဒဂၤသာျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႐ုရွားလုပ္ငန္းရွင္မ်ားအား ေျပာၾကားခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔(မတ္လ ၅ ရက္)တြင္ ေမာ္စကိုၿမိဳ႕၊ Radisson Collection ဟိုတယ္ရွိ Business Hall ၌ က်င္းပ ျပဳလုပ္သည့္ ႐ုရွား-ျမန္မာ စီးပြားေရးဖိုရမ္တြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
႐ုရွားႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံသည္ ယုံၾကည္စိတ္ခ်ရေသာရင္းႏွီးသည့္ မိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
“႐ုရွားႏိုင္ငံက ကမာၻ႔ေျမာက္ျခမ္းမွာ အေရွ႕နဲ႔အေနာက္ကို ရွည္လ်ားစြာ အေရွ႕ကဆိုရင္လည္း အာရွေဒသကေန အေနာက္ဘက္ ဥေရာပေဒသအထိ က်ယ္ျပန႔္စြာရွိေနတဲ့ မဟာအင္အားႀကီးႏိုင္ငံတစ္ခုျဖစ္ပါတယ္။ ပထဝီ အေနအထားကလည္း အေရးပါတဲ့ႏိုင္ငံတစ္ခုျဖစ္သလို ႏိုင္ငံတကာကေန စိတ္ဝင္စားမႈရွိတဲ့ ႏိုင္ငံလည္းျဖစ္ပါ တယ္။ ဘယ္ေလာက္ပဲ ႐ုရွားႏိုင္ငံရဲ႕ျဖစ္ထြန္းေအာင္ျမင္မႈေတြကို တိုက္ခိုက္ေနပါေစ ႐ုရွားႏိုင္ငံရဲ႕ ႂကြယ္ဝခ်မ္းသာ မႈနဲ႔ နည္းပညာေတြကိုေတာ့ ဘယ္လိုမွ သူတို႔ႏွိမ္နင္းလို႔ရမွာ မဟုတ္ပါဘူး” ဟု နစကဥကၠ႒ က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံ၏ ႂကြယ္ဝမႈႏွင့္ နည္းပညာမ်ားကို အာရွေဒသတြင္ လာေရာက္ျဖန႔္က်က္ေဆာက္႐ြက္ေစလိုၿပီး အဆိုပါအခြင့္အေရးကို ျမန္မာႏိုင္ငံက ေပးလိုေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
“ဒါေၾကာင့္ ျမန္မာႏိုင္ငံမွာ ယုံၾကည္စိတ္ခ်စြာနဲ႔ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ကြၽန္ေတာ္ဖိတ္ေခၚပါတယ္။ ရင္းႏွီး ျမႇဳပ္ႏွံဖို႔ မလုပ္ခင္မွာ ျမန္မာႏိုင္ငံအေျခအေနကိုလာၾကည့္ပါ။ ဒီမွာလာတဲ့ ျမန္မာႏိုင္ငံက ပါလာတဲ့အဖြဲ႕ေတြဟာ ျမန္မာႏိုင္ငံကို ကိုယ္စားျပဳၿပီးလာတဲ့သူေတြ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကို ခင္ဗ်ားတို႔လာမယ္ဆိုရင္ ျမန္မာႏိုင္ငံသား ေတြရဲ႕ပကတိအေျခအေနကိုလည္း ဒီထက္ပိုၿပီးသိရွိမွာ ျဖစ္ပါတယ္” ဟု နစကဥကၠ႒က ေျပာၾကားခဲ့သည္။
စီးပြားေရးလုပ္ရာတြင္ ေဈးကြက္ကိုစဥ္းစားရေၾကာင္းႏွင့္ ျမန္မာ့လူဦးေရးသည္(၅၁)သန္းသာရွိၿပီး ပတ္ပတ္လည္ရွိ ႏိုင္ငံမ်ားရွိလူဦး ေရသည္ (၂)ဘီလ်ံေက်ာ္(၃)ဘီလ်ံနားပါးရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။
“အာဆီယံ ၁၀ ႏိုင္ငံအျပင္ အင္အားႀကီးႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ၊ အိႏၵိယႏိုင္ငံနဲ႔ လူဦးေရမ်ားျပားတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔က ျမန္မာႏိုင္ငံနဲ႔ထိစပ္ေနတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။ ဒီႏိုင္ငံေတြကို ခင္ဗ်ားတို႔ရဲ႕ ထုတ္လုပ္မႈေတြနဲ႔ ပတ္သက္ၿပီး ဘယ္လိုခင္ဗ်ားတို႔ ေဈးကြက္ရွာမလဲဆိုတာလည္း စဥ္းစားမယ္ဆိုရင္ ပိုၿပီးေကာင္းပါလိမ့္မယ္” ဟု နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံရွိ သဘာဝထုတ္ကုန္ပစၥည္းေတြကို အေျခခံကာ တန္ဖိုးျမင့္ပစၥည္းမ်ားထုတ္လုပ္ျခင္းလုပ္ငန္းႏွင့္ ႐ုရွားႏိုင္ငံမွ ရင္းနီးျမဳပ္ႏွံကာ နည္းပညာႏွင့္ထုတ္လုပ္သည့္လုပ္ငန္းမ်ားသည္ ျမန္မာႏိုင္ငံတြင္ လာေရာက္ လုပ္ကိုင္ပါ အက်ိဳးရွိမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
႐ုရွားသမၼတဗလာဒီမာပူတင္ႏွင့္ေတြ႕ဆုံရာတြင္လည္း ျမန္မာ-႐ုရွား ပူးေပါင္းေဆာင္႐ြက္ေရးနယ္ပယ္ ႏွင့္ ပတ္သက္ကာ မ်ားစြာေသာ ေဆြးေႏြးသေဘာတူညီခ်က္မ်ား ရရွိခဲ့ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
ထို႔ျပင္ လက္ရွိျမန္မာႏိုင္ငံႀကဳံေတြ႕ေနရသည့္ အခ်ိဳ႕ေသာအခက္အခဲမ်ားကို ေခါင္းထဲမထည့္ရန္ႏွင့္ အဆိုပါကိစၥရပ္ မ်ားသည္ တဒဂၤသာျဖစ္ၿပီး ပူးေပါင္းေဆာင္႐ြက္ျခင္းျဖင့္အခက္အခဲမ်ားအား ေက်ာ္လႊားႏိုင္မည္ကို ယုံၾကည္ ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္း ေျပာၾကားခဲ့သည္။
“လက္ရွိႀကဳံေတြ႕ေနရတဲ့ တခ်ိဳ႕ေသာအခက္အခဲေတြကို ခင္ဗ်ားတို႔ေခါင္းထဲမွာ သိပ္မထည့္ပါနဲ႔၊ ဒါတဒဂၤသာျဖစ္ပါ တယ္။ ကြၽန္ေတာ္တို႔တစ္ေတြ ပူးေပါင္းေဆာင္႐ြက္ျခင္းအားျဖင့္ ဒီအခက္အခဲေတြကို အားလုံးေက်ာ္လႊားႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ အေရးႀကီးတာေတာ့ လုပ္ခ်င္တယ္ဆိုတဲ့၊ လုပ္မယ္ဆိုတဲ့ သႏၷိ႒ာန္စိတ္ပဲျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ မိတ္ေဆြ႐ုရွားႏိုင္ငံသူ၊ ႏိုင္ငံသားေတြနဲ႔ လုပ္ငန္းရွင္အားလုံးကို ႀကိဳဆိုပါေၾကာင္း ကြၽန္ေတာ္ ေျပာလိုပါတယ္။ လိုအပ္လို႔ရွိရင္လည္း ျမန္မာႏိုင္ငံမွာ ကြၽန္ေတာ္ကိုယ္တိုင္ ခင္ဗ်ားတို႔နဲ႔ထပ္ေတြ႕ပါမယ္” ဟု နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။