B.A (Law) ရရှိသူများနှင့်ပတ်သက်၍ နည်းဥပဒေပြင်ဆင်နိုင်ရန်ဆွေးနွေး

468

Pearl (NP News) - မတ် ၆
B.A (Law) ရရှိသူများနှင့်ပတ်သက်၍ နည်းဥပဒေပြင်ဆင်နိုင်ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း တရားလွှတ်တော် ရှေ့နေများကောင်စီ၏ အချက်အလက်များအရ သိရသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေးကို ယမန်နေ့ (မတ် ၅ ရက်)၊ နံနက် ၉ နာရီတွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၄၉၉ ဦးကို တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့် ကိစ္စ၊ ရှေ့နေကျင့်ဝတ်ဖောက်ဖျက်သည့် တရားလွှတ်တော် ရှေ့နေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထားတောင်းခံသည့်ကိစ္စနှင့် ရှေ့နေ ရှေ့ရပ်များအား သင်တန်းပေးရန်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာ သင်တန်း {Post Graduate Diploma in law (P.G.D.L)}၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း {Post Graduate Diploma (DL)}၊ Online Law နှင့် နောင်တွင်ရရှိမည့် B.A (Law) ရရှိသူများနှင့်စပ်လျဉ်း၍ နည်းဥပဒေပြင်ဆင်နိုင် ရန်ကိစ္စများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
ထို့အတူ တရားလွှတ်တော်ရှေ့နေများ ကောင်စီ၏ ရုံးမြေနေရာ ပြောင်းလဲလျှောက်ထားသည့်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီရုံးခွဲ (ရန်ကုန်)၏ ဆိုင်းဘုတ်ကိစ္စတို့ အပါအဝင် စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြောင်း သိရကြသည်။
Zawgyi Version:
B.A (Law) ရရွိသူမ်ားႏွင့္ပတ္သက္၍ နည္းဥပေဒျပင္ဆင္ႏိုင္ရန္ေဆြးေႏြး
Pearl (NP News) - မတ္ ၆
B.A (Law) ရရွိသူမ်ားႏွင့္ပတ္သက္၍ နည္းဥပေဒျပင္ဆင္ႏိုင္ရန္ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း တရားလႊတ္ေတာ္ ေရွ႕ေနမ်ားေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
တရားလႊတ္ေတာ္ေရွ႕ေနမ်ားေကာင္စီအစည္းအေဝးကို ယမန္ေန႔ (မတ္ ၅ ရက္)၊ နံနက္ ၉ နာရီတြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ တရားလႊတ္ေတာ္ေရွ႕ေနအျဖစ္ စာရင္းတင္သြင္းခြင့္ျပဳရန္ ေလွ်ာက္ထားသည့္ အထက္တန္းေရွ႕ေန ၄၉၉ ဦးကို တရားလႊတ္ေတာ္ေရွ႕ေနမ်ားေကာင္စီက ကန႔္ကြက္ရန္ ရွိ/မရွိ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္က သေဘာထားေတာင္းခံသည့္ ကိစၥ၊ ေရွ႕ေနက်င့္ဝတ္ေဖာက္ဖ်က္သည့္ တရားလႊတ္ေတာ္ ေရွ႕ေနမ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က သေဘာထားေတာင္းခံသည့္ကိစၥႏွင့္ ေရွ႕ေန ေရွ႕ရပ္မ်ားအား သင္တန္းေပးရန္ကိစၥမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တရားလႊတ္ေတာ္ေရွ႕ေနအျဖစ္ စာရင္းတင္သြင္းခြင့္ျပဳရန္ ေလွ်ာက္ထားသည့္ ဘြဲ႕လြန္ဥပေဒပညာ ဒီပလိုမာ သင္တန္း {Post Graduate Diploma in law (P.G.D.L)}၊ ဘြဲ႕လြန္ဒီပလိုမာသင္တန္း {Post Graduate Diploma (DL)}၊ Online Law ႏွင့္ ေနာင္တြင္ရရွိမည့္ B.A (Law) ရရွိသူမ်ားႏွင့္စပ္လ်ဥ္း၍ နည္းဥပေဒျပင္ဆင္ႏိုင္ ရန္ကိစၥမ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္းလည္း သိရသည္။
ထို႔အတူ တရားလႊတ္ေတာ္ေရွ႕ေနမ်ား ေကာင္စီ၏ ႐ုံးေျမေနရာ ေျပာင္းလဲေလွ်ာက္ထားသည့္ကိစၥႏွင့္ တရားလႊတ္ေတာ္ေရွ႕ေနမ်ားေကာင္စီ႐ုံးခြဲ (ရန္ကုန္)၏ ဆိုင္းဘုတ္ကိစၥတို႔ အပါအဝင္ စသည့္ကိစၥရပ္မ်ားကို ေဆြးေႏြးညႇိႏႈိင္းဆုံးျဖတ္ခဲ့ေၾကာင္း သိရၾကသည္။