မြန်မာနိုင်ငံနှင့် စိန့်ပီတာစဘတ်မြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်

188

Pearl (NP News) - မတ် ၆
မြန်မာနိုင်ငံနှင့်စိန့်ပီတာစဘတ်မြို့တို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ခဲ့ကြောင်း နစက၏ အချက်အလက်များအရသိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူး မစ္စတာအလက်ဇန္ဒား ဘယ်ဂ်လော့ နှင့် မတ်လ ၅ ရက် ၊ ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့၊ အစိုးရဧည့်ဂေဟာ K2 ရှိအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်စိန့်ပီတာစဘတ်မြို့တို့အကြား ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့အတူ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စိန့်ပီတာစဘတ်မြို့တွင် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ သိမ်၊ ကျောင်း၊ စေတီတည်ဆောက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏိုင္ငံႏွင့္ စိန႔္ပီတာစဘတ္ၿမိဳ႕တို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးဖြင့္လွစ္
Pearl (NP News) - မတ္ ၆
ျမန္မာႏိုင္ငံႏွင့္စိန႔္ပီတာစဘတ္ၿမိဳ႕တို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံးဖြင့္လွစ္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရသိရသည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕သို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ စိန႔္ပီတာစဘတ္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး မစၥတာအလက္ဇႏၵား ဘယ္ဂ္ေလာ့ ႏွင့္ မတ္လ ၅ ရက္ ၊ ညေနပိုင္းတြင္ စိန႔္ပီတာစဘတ္ၿမိဳ႕၊ အစိုးရဧည့္ေဂဟာ K2 ရွိအစည္းအေဝးခန္းမ၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျမန္မာႏိုင္ငံႏွင့္စိန႔္ပီတာစဘတ္ၿမိဳ႕တို႔အၾကား ထိေတြ႕ဆက္ဆံမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ေရးအတြက္ ျမန္မာေကာင္ စစ္ဝန္ခ်ဳပ္႐ုံးဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္ခဲ့မႈအေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
ထို႔အတူ က်န္းမာေရးက႑၊ ပညာေရးက႑၊ ပို႔ေဆာင္ဆက္သြယ္ေရးက႑၊ ခရီးသြားက႑၊ စက္မႈက႑၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးက႑မ်ား ဖြံၿဖိဳးတိုးတက္ေရး ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စိန႔္ပီတာစဘတ္ၿမိဳ႕တြင္ ေထရဝါဒဗုဒၶဘာသာဆိုင္ရာ သိမ္၊ ေက်ာင္း၊ ေစတီတည္ေဆာက္ေရးဆိုင္ရာမ်ားႏွင့္ပတ္သက္၍ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။