‘The Tonight Show Starring Jimmy Fallon’ ရှိုးတွင် တစ်ကိုယ်တော်ထွက်ပေါ်လာမည့် BTS အဖွဲ့ဝင် J-Hope

126

Pika (NP News) - မတ် ၇
တောင်ကိုရီးယား နာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope သည် NBC ကုမ္ပဏီ၏ ‘The Tonight Show Starring Jimmy Fallon’ စကားပြောရှိုးတွင် ထွက်ပေါ်လာရန် စီစဉ်ထားကြောင်းသိရသည်။
ထို့ပြင် ‘The Tonight Show Starring Jimmy Fallon’ စကားပြောရှိုးတွင် ထွက်ပေါ်လာရန် စီစဉ်ထားမှုသည် J-Hope ၏ အဆိုပါရှိုးတွင် ပထမဆုံးတစ်ကိုယ်တော် ပွဲဦးထွက်မှု ဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်မတ်လ(၃)ရက်တွင် အမေရိကန်လူရွှင်တော် Jimmy Fallon သည် J-Hope ၏ လာမည့် ‘The Tonight Show Starring Jimmy Fallon’ စကားပြောရှိုးတွင် ထွက်ပေါ်လာမည့် အစီအစဉ်နှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်အတိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေခဲ့ကြောင်းလည်း သိရသည်။
J-Hope သည် 'The Tonight Show' တွင် BTS ၏ အခြားအဖွဲ့ဝင်များနှင့်အတူ အကြိမ်ပေါင်းများစွာ ယခင်ကပါဝင်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်ပါဝင်မှုသည် အဆိုပါအစီအစဉ်တွင် ၎င်း၏ပထမဦးဆုံး တစ်ကိုယ်တော်ပါဝင်မှုဖြစ်လာမည်ဖြစ်ကြောင်းလည်း သိရသည်။ လာမည့်မတ်လ(၇)ရက်တွင် ‘Sweet Dreams’ သီချင်းထွက်ရှိလာမည်ဟု ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် J-Hope ၏ ‘The Tonight Show Starring Jimmy Fallon’ စကားပြောရှိုးတွင် ပါဝင်မည့်အစီအစဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် BTS အဖွဲ့ဝင်အချို့ သည် တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေကြဆဲဖြစ်ပြီး အဖွဲ့ဝင်အားလုံးသည် (၂၀၂၅)ခုနှစ်မကုန်မီအချိန်အတွင်း ပြန်လည်ပေါင်းစည်းကာ ၎င်းတို့၏ဖျော်ဖြေမှုများကို ပြန်လည်လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။
zawgyi version
‘The Tonight Show Starring Jimmy Fallon’ ရႈိးတြင္ တစ္ကိုယ္ေတာ္ထြက္ေပၚလာမည့္ BTS အဖြဲ႕ဝင္ J-Hope
Pika (NP News) - မတ္ ၇
ေတာင္ကိုရီးယား နာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ J-Hope သည္ NBC ကုမၸဏီ၏ ‘The Tonight Show Starring Jimmy Fallon’ စကားေျပာရႈိးတြင္ ထြက္ေပၚလာရန္ စီစဥ္ထားေၾကာင္းသိရသည္။
ထို႔ျပင္ ‘The Tonight Show Starring Jimmy Fallon’ စကားေျပာရႈိးတြင္ ထြက္ေပၚလာရန္ စီစဥ္ထားမႈသည္ J-Hope ၏ အဆိုပါရႈိးတြင္ ပထမဆုံးတစ္ကိုယ္ေတာ္ ပြဲဦးထြက္မႈ ျဖစ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္မတ္လ(၃)ရက္တြင္ အေမရိကန္လူ႐ႊင္ေတာ္ Jimmy Fallon သည္ J-Hope ၏ လာမည့္ ‘The Tonight Show Starring Jimmy Fallon’ စကားေျပာရႈိးတြင္ ထြက္ေပၚလာမည့္ အစီအစဥ္ႏွင့္ပတ္သက္သည့္ ဗီဒီယိုဖိုင္အတိုတစ္ခုကို ဆိုရွယ္မီဒီယာေပၚတြင္ မွ်ေဝခဲ့ေၾကာင္းလည္း သိရသည္။
J-Hope သည္ 'The Tonight Show' တြင္ BTS ၏ အျခားအဖြဲ႕ဝင္မ်ားႏွင့္အတူ အႀကိမ္ေပါင္းမ်ားစြာ ယခင္ကပါဝင္ခဲ့ဖူးေသာ္လည္း ယခုတစ္ႀကိမ္ပါဝင္မႈသည္ အဆိုပါအစီအစဥ္တြင္ ၎၏ပထမဦးဆုံး တစ္ကိုယ္ေတာ္ပါဝင္မႈျဖစ္လာမည္ျဖစ္ေၾကာင္းလည္း သိရသည္။ လာမည့္မတ္လ(၇)ရက္တြင္ ‘Sweet Dreams’ သီခ်င္းထြက္ရွိလာမည္ဟု ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ J-Hope ၏ ‘The Tonight Show Starring Jimmy Fallon’ စကားေျပာရႈိးတြင္ ပါဝင္မည့္အစီအစဥ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ လက္ရွိအခ်ိန္တြင္ BTS အဖြဲ႕ဝင္အခ်ိဳ႕ သည္ ေတာင္ကိုရီးယားစစ္တပ္တြင္ စစ္မႈထမ္းတာဝန္ကို ထမ္းေဆာင္ေနၾကဆဲျဖစ္ၿပီး အဖြဲ႕ဝင္အားလုံးသည္ (၂၀၂၅)ခုႏွစ္မကုန္မီအခ်ိန္အတြင္း ျပန္လည္ေပါင္းစည္းကာ ၎တို႔၏ေဖ်ာ္ေျဖမႈမ်ားကို ျပန္လည္လုပ္ေဆာင္ႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။