ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော KIA နှင့် ဒေသခံများ၏ ဈာပနတွင် MNDAA အလိုမရှိကြောင်း စာကပ်ဆန္ဒပြ

 633

သန့်ဇင် (NP News) - မတ် ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်အဖွဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော KIA နှင့် ဒေသခံများ၏ ဈာပနတွင် MNDAA အလိုမရှိကြောင်း စာကပ်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်က ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ ပိန်းခမ်းရွာအနီး နမ့်လင်းချောင်းတွင် ရွှေတူးခြင်းကြောင့် အချင်းများရာမှ MNDAA ၏ ပစ်ခတ်မှုကြောင့် KIA နှစ်ဦး အပါအဝင် ဒေသခံ(၄)ဦး သေဆုံးခဲ့ ရကြောင်း သိရသည်။

ထို့နောက် သေဆုံးသူ(၆)ဦး၏ ဈာပနအခမ်းအနားကို ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ ပန်ယန်းခါးကျေးရွာ တွင် ယနေ့(မတ်လ ၇ ရက်)တွင် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ရေးသားဖော်ပြချက်အရ သိရသည်။
၎င်းတို့၏ အသုဘရှုအခမ်းအနားတွင် ဒေသခံများက “MNDAA အဖွဲ့အစည်း၏ ပြည်သူလူထုအား လူမဆန်စွာ သတ်ဖြတ်ခြင်းကို MNDAA မှ တာဝန်ယူမှု တာဝန်ခံမှုရရှိရေး။ ဒို့အရေး။ မုံးစီးဒေသမှ MWDAA အဖွဲအစည်းများ ထွက်သွားရေးဒို့ရေး။ ပြည်သူလူထု၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်သော MNDAA အဖွဲ့အစည်းအား အလိုမရှိ။ အလိုမရှိ။ ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှုကိုအမည်ခံပြီး ပြည်သူလူထု၏သွေးစုပ်သော MNDAA အလိုမရှိ” ဟူသော စာကို နေအိမ်တွင်ကပ်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့ပြင် “* For Justic *Mungji Mung Shawa a Shingarim a-hkaw ahkang Kanang ta? စီးပြည်သူများ၏ လူ့အခွင့်အရေးခံစားခွင့်က ဘဘယ်မှာလဲ။ MNDAAa Mayam tai Shakut nga ai Myushayr Shadang?” စာအပြင် အစရှိသော စာများကပ်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ကိုးကန႔္အဖြဲ႕၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေသာ KIA ႏွင့္ ေဒသခံမ်ား၏ ဈာပနတြင္ MNDAA အလိုမရွိေၾကာင္း စာကပ္ဆႏၵျပ
သန႔္ဇင္ (NP News) - မတ္ ၈

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ကိုးကန႔္အဖြဲ၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားေသာ KIA ႏွင့္ ေဒသခံမ်ား၏ ဈာပနတြင္ MNDAA အလိုမရွိေၾကာင္း စာကပ္ဆႏၵျပခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ မတ္လ ၅ ရက္က ကြတ္ခိုင္ၿမိဳ႕နယ္၊ မုံးစီးေက်း႐ြာအုပ္စု၊ ပိန္းခမ္း႐ြာအနီး နမ့္လင္းေခ်ာင္းတြင္ ေ႐ႊတူးျခင္းေၾကာင့္ အခ်င္းမ်ားရာမွ MNDAA ၏ ပစ္ခတ္မႈေၾကာင့္ KIA ႏွစ္ဦး အပါအဝင္ ေဒသခံ(၄)ဦး ေသဆုံးခဲ့ ရေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံးသူ(၆)ဦး၏ ဈာပနအခမ္းအနားကို ကြတ္ခိုင္ၿမိဳ႕နယ္၊ မုံးစီးေက်း႐ြာအုပ္စု၊ ပန္ယန္းခါးေက်း႐ြာ တြင္ ယေန႔(မတ္လ ၇ ရက္)တြင္ ျပဳလုပ္ခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာမ်ား၏ေရးသားေဖာ္ျပခ်က္အရ သိရသည္။
၎တို႔၏ အသုဘရႈအခမ္းအနားတြင္ ေဒသခံမ်ားက “MNDAA အဖြဲ႕အစည္း၏ ျပည္သူလူထုအား လူမဆန္စြာ သတ္ျဖတ္ျခင္းကို MNDAA မွ တာဝန္ယူမႈ တာဝန္ခံမႈရရွိေရး။ ဒို႔အေရး။ မုံးစီးေဒသမွ MWDAA အဖြဲအစည္းမ်ား ထြက္သြားေရးဒို႔ေရး။ ျပည္သူလူထု၏ ယုံၾကည္မႈကို အလြဲသုံးစားလုပ္ေသာ MNDAA အဖြဲ႕အစည္းအား အလိုမရွိ။ အလိုမရွိ။ ၁၀၂၇ စစ္ဆင္ေရး၏ ေအာင္ျမင္မႈကိုအမည္ခံၿပီး ျပည္သူလူထု၏ေသြးစုပ္ေသာ MNDAA အလိုမရွိ” ဟူေသာ စာကို ေနအိမ္တြင္ကပ္၍ ဆႏၵထုတ္ေဖာ္ခဲ့သည္။

ထို႔ျပင္ “* For Justic *Mungji Mung Shawa a Shingarim a-hkaw ahkang Kanang ta? စီးျပည္သူမ်ား၏ လူ႔အခြင့္အေရးခံစားခြင့္က ဘဘယ္မွာလဲ။ MNDAAa Mayam tai Shakut nga ai Myushayr Shadang?” စာအျပင္ အစရွိေသာ စာမ်ားကပ္ကာ ဆႏၵထုတ္ ေဖာ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.