ဘူးသီးတောင်၊ မောင်တောတွင် AA က စစ်သင်တန်းပေးပြီး ပြန်လွှတ်မည် ဆိုခြင်းအပေါ် မြိုလူမျိုးများ မယုံဖြစ်နေ

 1154

သန့်ဇင် (NP News) - မတ် ၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် မြိုလူမျိုးများက AA က စစ်သင်တန်းပေးပြီး ပြန်လွှတ်မည် ဆိုခြင်းအပေါ် မယုံမကြည်ဖြစ်နေကြကြောင်း ဒေသခံအချို့ထံ NP News က ဆက်သွယ်ထားချက်များအရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းက အထက်ပါ ဒေသမှ မြိုလူငယ်များကို ပြည်သူ့စစ်အဖြစ် AA က အဓမ္မ ဖမ်းဆီးခြင်းအထိ ပြုလုပ်ခဲ့ပြီးနောက် ဝေဖန်မှုများရှိခဲ့အပေါ် AA ဘက် က ပုံစံပြောင်းလဲကာ စည်းရုံးသည့် ပုံစံ လုပ်လာခဲ့သည်။
ပြည်သူ စစ်အဖြစ် စုဆောင်းရသော အကြောင်းပြချက်ကို ဖော်ပြရာတွင် ARSA ၏ ရန်ကို ကာကွယ်ရန်အတွက် ဟု အကြောင်းပြထားပြီး စစ်သင်တန်း တစ်လ ပေးပြီးနောက် အိမ်ပြန်လွှတ်မည်ဟု ပြောထားကြောင်း ၎င်းက ဆိုသည်။
“ဟိုတခါက မြိုလူငယ်တွေက ကားတွေနဲ့ စစ်သင်တန်း ပေးတာကို လက်ခံတဲ့ သဘောမျိုး ဓာတ်ပုံ တက်လာတယ်လေ။ အဲဒါက ပုဏ္ဏားကျွန်းက မြိုလူငယ်အဖွဲ့အစည်းတချို့က သွားစည်းရုံတာ။ AA က စစ်သင်တန်း တစ်လပေးပြီးရင် ပြန်လွှတ်မယ်ပြောတယ်တဲ့။ ဒါကြောင့် တချို့က စစ်သင်တန်းတက်ဖို့ ကို လက်ခံလိုက်တာ။ ပြန်လွှတ်မလား ဆိုတာ စောင့်ကြည့်နေကြတယ်” ဟု ဒေသခံမြိုတိုင်းရင်းသားတစ်ဦးက ဆိုသည်။
AA က ယခင် ကာလ တွင် ပြည်သူစစ်အဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရာတွင် မိသားစု တစ်ခုတည်းမှ ယောကျာ်း လေး ၂ ဦး ရှိပါက နှစ်ဦးစလုံးကို ခေါ်ဆောင်သွားခြင်းများလည်း ရှိကြောင်း သိရသည်။
“အားလုံးကတော့ ကြောက်လန့်ပြီး နေကြရတာ” ဟု ၎င်းက ပြောပြထားသည်။

Zawgyi Version:
ဘူးသီးေတာင္၊ ေမာင္ေတာတြင္ AA က စစ္သင္တန္းေပးၿပီး ျပန္လႊတ္မည္ ဆိုျခင္းအေပၚ ၿမိဳလူမ်ိဳးမ်ား မယုံျဖစ္ေန
သန႔္ဇင္ (NP News) - မတ္ ၈

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ၿမိဳလူမ်ိဳးမ်ားက AA က စစ္သင္တန္းေပးၿပီး ျပန္လႊတ္မည္ ဆိုျခင္းအေပၚ မယုံမၾကည္ျဖစ္ေနၾကေၾကာင္း ေဒသခံအခ်ိဳ႕ထံ NP News က ဆက္သြယ္ထားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ၂ဝ၂၄ ခုႏွစ္ ဒီဇင္ဘာလ အတြင္းက အထက္ပါ ေဒသမွ ၿမိဳလူငယ္မ်ားကို ျပည္သူ႔စစ္အျဖစ္ AA က အဓမၼ ဖမ္းဆီးျခင္းအထိ ျပဳလုပ္ခဲ့ၿပီးေနာက္ ေဝဖန္မႈမ်ားရွိခဲ့အေပၚ AA ဘက္ က ပုံစံေျပာင္းလဲကာ စည္း႐ုံးသည့္ ပုံစံ လုပ္လာခဲ့သည္။
ျပည္သူ စစ္အျဖစ္ စုေဆာင္းရေသာ အေၾကာင္းျပခ်က္ကို ေဖာ္ျပရာတြင္ ARSA ၏ ရန္ကို ကာကြယ္ရန္အတြက္ ဟု အေၾကာင္းျပထားၿပီး စစ္သင္တန္း တစ္လ ေပးၿပီးေနာက္ အိမ္ျပန္လႊတ္မည္ဟု ေျပာထားေၾကာင္း ၎က ဆိုသည္။
“ဟိုတခါက ၿမိဳလူငယ္ေတြက ကားေတြနဲ႔ စစ္သင္တန္း ေပးတာကို လက္ခံတဲ့ သေဘာမ်ိဳး ဓာတ္ပုံ တက္လာတယ္ေလ။ အဲဒါက ပုဏၰားကြၽန္းက ၿမိဳလူငယ္အဖြဲ႕အစည္းတခ်ိဳ႕က သြားစည္း႐ုံတာ။ AA က စစ္သင္တန္း တစ္လေပးၿပီးရင္ ျပန္လႊတ္မယ္ေျပာတယ္တဲ့။ ဒါေၾကာင့္ တခ်ိဳ႕က စစ္သင္တန္းတက္ဖို႔ ကို လက္ခံလိုက္တာ။ ျပန္လႊတ္မလား ဆိုတာ ေစာင့္ၾကည့္ေနၾကတယ္” ဟု ေဒသခံၿမိဳတိုင္းရင္းသားတစ္ဦးက ဆိုသည္။
AA က ယခင္ ကာလ တြင္ ျပည္သူစစ္အျဖစ္ အဓမၼ ဖမ္းဆီးေခၚေဆာင္ရာတြင္ မိသားစု တစ္ခုတည္းမွ ေယာက်ာ္း ေလး ၂ ဦး ရွိပါက ႏွစ္ဦးစလုံးကို ေခၚေဆာင္သြားျခင္းမ်ားလည္း ရွိေၾကာင္း သိရသည္။
“အားလုံးကေတာ့ ေၾကာက္လန႔္ၿပီး ေနၾကရတာ” ဟု ၎က ေျပာျပထားသည္။

Related news

© 2021. All rights reserved.