အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ ဒေါ်လာ ၁ သန်းတန် စိန်နားကပ်ကို မျိုချပြီး ခိုးယူမှုဖြစ်ပွား

 165

ရောင်နီ (NP News) - မတ် ၈

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ Tiffany စတိုးဆိုင်မှာ သူခိုးတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၇၇၀,၀၀၀ (စင်ကာပူဒေါ်လာ ၁ သန်း) တန်သော စိန်နားကပ်ကို မျိုချခဲ့ပြီး ခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။
ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့၊ မီလီနာရာမှာ ဖေဖော်ဝါရီ ၂၆ ရက်က ခိုးယူမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အမေရိကန်သတင်းဌာန NBC News က ဖော်ပြချက်အရ သိရပါတယ်။ တရားရုံးရဲ့ ကျမ်းကျိန်လွှာအရ ဂျေသန် ဂီလ်ဒါ(အသက် ၃၂ နှစ်) ဟာ NBA အသင်း Orlando Magic ရဲ့ ဘတ်စကက်ဘောကစားသမားတစ်ဦးလို့ လိမ်လည်ပြီး Tiffany ရတနာ စတိုးဆိုင်ထဲဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် VIP အခန်းထဲက အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ တန် စိန်နားကပ်တစ်စုံ၊ ၈.၁၉ ကာရက် စိန်နားကပ်တစ်စုံနှင့် ၅.၆၁ ကာရက် စိန်လက်စွပ်တစ်ကွင်းကို ခိုးယူပြီး ထွက်ပြေးဖို့ လုပ်ခဲ့ပါတယ်။
စတိုးဆိုင်ရဲ့ဝန်ထမ်းတွေက ဝင်ရောက်တားဆီးခဲ့ရာမှ စိန်လက်စွပ်တစ်ကွင်းကို သူ့ရဲ့လက်ထဲက ပုတ်ထုတ်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ဂီလ်ဒါဟာ နားကပ်တွေကို မျိုချပြီး ခိုးယူထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ် တပ်ဖွဲ့ဝင်တွေက အော်လန်ဒိုမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာ ဝါရှင်တန်ကောင်တီမှာ ဂီလ်ဒါကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာ သူ့ရဲ့အစာအိမ် ဝမ်းဗိုက်ထဲမှာ စိန်နားကပ်တွေလို့ ယူဆရတဲ့အရာတွေကို တွေ့ခဲ့ရပါတယ်။
ဂီလ်ဒါဟာ ခိုးမှုနဲ့ မျက်နှာဖုံးစွပ် ဓားပြတိုက်မှု သံသယနဲ့ Orange County မှာ မတ်လ ၅ ရက်က ထိန်းသိမ်းခံ လိုက်ရတယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါမွာ ေဒၚလာ ၁ သန္းတန္ စိန္နားကပ္ကို မ်ိဳခ်ၿပီး ခိုးယူမႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၈

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္၊ Tiffany စတိုးဆိုင္မွာ သူခိုးတစ္ဦးဟာ အေမရိကန္ေဒၚလာ ၇၇၀,၀၀၀ (စင္ကာပူေဒၚလာ ၁ သန္း) တန္ေသာ စိန္နားကပ္ကို မ်ိဳခ်ခဲ့ၿပီး ခိုးယူမႈ ျဖစ္ပြားခဲ့ပါတယ္။
ဖေလာ္ရီဒါျပည္နယ္၊ ေအာ္လန္ဒိုၿမိဳ႕၊ မီလီနာရာမွာ ေဖေဖာ္ဝါရီ ၂၆ ရက္က ခိုးယူမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ အေမရိကန္သတင္းဌာန NBC News က ေဖာ္ျပခ်က္အရ သိရပါတယ္။ တရား႐ုံးရဲ႕ က်မ္းက်ိန္လႊာအရ ေဂ်သန္ ဂီလ္ဒါ(အသက္ ၃၂ ႏွစ္) ဟာ NBA အသင္း Orlando Magic ရဲ႕ ဘတ္စကက္ေဘာကစားသမားတစ္ဦးလို႔ လိမ္လည္ၿပီး Tiffany ရတနာ စတိုးဆိုင္ထဲဝင္ေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ VIP အခန္းထဲက အေမရိကန္ေဒၚလာ ၁၆၀,၀၀၀ တန္ စိန္နားကပ္တစ္စုံ၊ ၈.၁၉ ကာရက္ စိန္နားကပ္တစ္စုံႏွင့္ ၅.၆၁ ကာရက္ စိန္လက္စြပ္တစ္ကြင္းကို ခိုးယူၿပီး ထြက္ေျပးဖို႔ လုပ္ခဲ့ပါတယ္။
စတိုးဆိုင္ရဲ႕ဝန္ထမ္းေတြက ဝင္ေရာက္တားဆီးခဲ့ရာမွ စိန္လက္စြပ္တစ္ကြင္းကို သူ႔ရဲ႕လက္ထဲက ပုတ္ထုတ္ႏိုင္ခဲ့ ပါတယ္။ ဒါေပမယ့္ ဂီလ္ဒါဟာ နားကပ္ေတြကို မ်ိဳခ်ၿပီး ခိုးယူထြက္ေျပးသြားခဲ့ပါတယ္။ ဒါေပမယ့္ ျပည္နယ္ တပ္ဖြဲ႕ဝင္ေတြက ေအာ္လန္ဒိုၿမိဳ႕ အေနာက္ေျမာက္ဘက္ ကီလိုမီတာ ၅၀၀ ခန႔္အကြာ ဝါရွင္တန္ေကာင္တီမွာ ဂီလ္ဒါကို ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ခႏၶာကိုယ္ကို ဓာတ္မွန္႐ိုက္ၾကည့္တဲ့အခါမွာ သူ႔ရဲ႕အစာအိမ္ ဝမ္းဗိုက္ထဲမွာ စိန္နားကပ္ေတြလို႔ ယူဆရတဲ့အရာေတြကို ေတြ႕ခဲ့ရပါတယ္။
ဂီလ္ဒါဟာ ခိုးမႈနဲ႔ မ်က္ႏွာဖုံးစြပ္ ဓားျပတိုက္မႈ သံသယနဲ႔ Orange County မွာ မတ္လ ၅ ရက္က ထိန္းသိမ္းခံ လိုက္ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.