ပိုလန်က ကိုယ်ပိုင်နျူကလီးယားလက်နက်တွေ ရှိသင့်တယ်လို့ ဝန်ကြီးချုပ်ပြော

266

Pika (NP News) - မတ် ၈
ပြင်သစ်နိုင်ငံရဲ့ nuclear umbrella (နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံက နျူကလီးယားလက်နက်မရှိတဲ့ မိတ်ဖက်နိုင်ငံတွေကိုကာကွယ်ဖို့ အာမခံချက်) အစပျိုးမှုမှာ ပါဝင်မှုနဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့ နျူကလီးယား လက်နက်တွေရယူဖို့ ပိုလန်နိုင်ငံက လုပ်ဆောင်သင့်တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်က ပြောကြားခဲ့ပါတယ်။
ပိုလန်နိုင်ငံဟာ ၎င်းရဲ့ကာကွယ်ရေးကို မြှင့်တင်ဖို့အတွက် အဆင့်မြင့်စစ်ရေးစွမ်းရည်တွေကို ရယူဖို့လိုအပ်တယ်လို့ ဒေါ်နယ်တက်စ်က မတ်လ(၇)ရက်မှာ ပိုလန်လွှတ်တော်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ အလားအလာရှိတဲ့ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပြင်သစ်ရဲ့နျူကလီးယားအဟန့်အတားကို အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထံ တိုးချဲ့ပေးဖို့ ပြင်သစ်သမ္မတမက်ခရွန်က ယခုသီတင်းပတ်အစောပိုင်းမှာ အဆိုပြုခဲ့ပြီးနောက် ဒေါ်နယ်တက်စ်ရဲ့မှတ်ချက်ပြုပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်တက်စ်ရဲ့အဆိုအရ ပိုလန်နိုင်ငံဟာ ပြင်သစ်နိုင်ငံနဲ့အတူ nuclear umbrella အယူအဆနဲ့ပတ်သက်ပြီး အလေးအနက်ထားဆွေးနွေးမှုတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်တက်စ်က “ နျူကလီးယားလက်နက်နဲ့ခေတ်မီတဲ့သမားရိုးကျလက်နက်တွေနဲ့ဆက်စပ်နေတဲ့ ခေတ်အမီဆုံး စွမ်းဆောင်ရည် တွေကို ပိုလန်က ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပိုလန်နိုင်ငံဟာ ၎င်းရဲ့စစ်တပ်တည်ဆောက်မှုအပေါ် ဝေဖန်ခံရမှုတွေကို ဂရုမစိုက်ဘဲ ကာကွယ်ရေးပိုင်းကို အားကောင်းစေဖို့အတွက် လိုအပ်တယ်လို့ ယူဆရတဲ့ ဘယ်လို ခြေလှမ်းတွေကိုမဆို လုပ်ဆောင်ရပါမယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ပိုလန္က ကိုယ္ပိုင္န်ဴကလီးယားလက္နက္ေတြ ရွိသင့္တယ္လို႔ ဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - မတ္ ၈
ျပင္သစ္ႏိုင္ငံရဲ႕ nuclear umbrella (န်ဴကလီးယားလက္နက္ပိုင္ဆိုင္တဲ့ႏိုင္ငံက န်ဴကလီးယားလက္နက္မရွိတဲ့ မိတ္ဖက္ႏိုင္ငံေတြကိုကာကြယ္ဖို႔ အာမခံခ်က္) အစပ်ိဳးမႈမွာ ပါဝင္မႈနဲ႔အတူ ျဖစ္ႏိုင္ေျခရွိတဲ့ န်ဴကလီးယား လက္နက္ေတြရယူဖို႔ ပိုလန္ႏိုင္ငံက လုပ္ေဆာင္သင့္တယ္လို႔ ပိုလန္ဝန္ႀကီးခ်ဳပ္ ေဒၚနယ္တက္စ္က ေျပာၾကားခဲ့ပါတယ္။
ပိုလန္ႏိုင္ငံဟာ ၎ရဲ႕ကာကြယ္ေရးကို ျမႇင့္တင္ဖို႔အတြက္ အဆင့္ျမင့္စစ္ေရးစြမ္းရည္ေတြကို ရယူဖို႔လိုအပ္တယ္လို႔ ေဒၚနယ္တက္စ္က မတ္လ(၇)ရက္မွာ ပိုလန္လႊတ္ေတာ္ကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားႏိုင္ငံရဲ႕ အလားအလာရွိတဲ့ၿခိမ္းေျခာက္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ျပင္သစ္ရဲ႕န်ဴကလီးယားအဟန႔္အတားကို အျခားဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြထံ တိုးခ်ဲ႕ေပးဖို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ယခုသီတင္းပတ္အေစာပိုင္းမွာ အဆိုျပဳခဲ့ၿပီးေနာက္ ေဒၚနယ္တက္စ္ရဲ႕မွတ္ခ်က္ျပဳေျပာဆိုမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္တက္စ္ရဲ႕အဆိုအရ ပိုလန္ႏိုင္ငံဟာ ျပင္သစ္ႏိုင္ငံနဲ႔အတူ nuclear umbrella အယူအဆနဲ႔ပတ္သက္ၿပီး အေလးအနက္ထားေဆြးေႏြးမႈေတြကို လုပ္ေဆာင္ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္တက္စ္က “ န်ဴကလီးယားလက္နက္နဲ႔ေခတ္မီတဲ့သမား႐ိုးက်လက္နက္ေတြနဲ႔ဆက္စပ္ေနတဲ့ ေခတ္အမီဆုံး စြမ္းေဆာင္ရည္ ေတြကို ပိုလန္က ရယူႏိုင္ဖို႔ လိုအပ္ပါတယ္။ ၿပီးေတာ့ ပိုလန္ႏိုင္ငံဟာ ၎ရဲ႕စစ္တပ္တည္ေဆာက္မႈအေပၚ ေဝဖန္ခံရမႈေတြကို ဂ႐ုမစိုက္ဘဲ ကာကြယ္ေရးပိုင္းကို အားေကာင္းေစဖို႔အတြက္ လိုအပ္တယ္လို႔ ယူဆရတဲ့ ဘယ္လို ေျခလွမ္းေတြကိုမဆို လုပ္ေဆာင္ရပါမယ္” လို႔ ေျပာခဲ့ပါတယ္။