အီတလီ နှင့် တူရကီကာကွယ်ရေးကုမ္ပဏီတို့က ဒရုန်းလုပ်ငန်းတစ်ခုကို ပူးတွဲထူထောင်

416

Pika (NP News) - မတ် ၉
ကာကွယ်ရေးကုမ္ပဏီများသည် ဥရောပ စစ်အသုံးစရိတ်မြင့်တက်လာမှုကို တုံ့ပြန်ရန်အတွက် အပြိုင်အဆိုင် ကြိုးပမ်းမှုများ လုပ်ဆောင်နေချိန်တွင် အီတလီအခြေစိုက် Leonardo ကာကွယ်ရေးကုမ္ပဏီနှင့် တူရကီအခြေစိုက် Baykar ကာကွယ်ရေးကုမ္ပဏီ တို့သည် ဒရုန်းများထုတ်လုပ်ရန်အတွက် ပူးတွဲလုပ်ငန်းတစ်ခုကို ထူထောင်လိုက် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ဒရုန်းစက်မှုလုပ်ငန်းတွင် ဥရောပ၏အားနည်းချက်များကို ဖြေရှင်းရန်ရည်ရွယ် ထားပြီး ကုမ္ပဏီနှစ်ခုသည် လာမည့်(၁၀)နှစ်အတွင်း ခန့်မှန်းခြေအမေရိကန်ဒေါ်လာ (၁၀ဝ)ဘီလျံ ခန့်ရှိမည့် ဒရုန်း ထုတ်လုပ်မှုများနှင့်အတူ ဥရောပဒရုန်းဈေးကွက်ကို အခွင့်ကောင်းယူမည်ဖြစ်ကြောင်း သိရသည်။
Leonardo ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ရောဘတ်တိုဆင်ဂိုလာနီက “ဥရောပမှာ မောင်းသူမဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး ကွာဟချက်တွေရှိပါတယ်။ ပြီးတော့ ရှုပ်ထွေးနေတဲ့အချိန်တွေမှာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အာမခံချက်က အခြေခံကျတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်”ဟုပြောဆိုခဲ့သည်။ အဆိုပါသဘောတူညီချက်သည် လာမည့် အနာဂတ်တွင် ဒရုန်းများအတွက် အဓိကကျသော အခန်းကဏ္ဍတစ်ခုကိုပေးဆောင်မည်ဖြစ်ပြီး လေကြောင်းဆိုင်ရာ လွှမ်းမိုးမှုကို တည်ဆောက်ရန်အတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်၏သား မက်ဖြစ်သူ Baykar ကုမ္ပဏီ၏ဥက္ကဋ္ဌ Selcuk Bayraktar က ပြောကြားခဲ့သည်။
အီတလီတွင် အခြေစိုက်မည့် အဆိုပါပူးတွဲ လုပ်ငန်းသည် ဒရုန်းများထုတ်လုပ်ရန်အတွက် ကုမ္ပဏီနှစ်ခုစလုံး၏ ရှိပြီးသားအဆောက်အအုံများကို အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်းတို့သည် ဒရုန်းများထုတ်လုပ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအမျိုးသားစစ်တပ်များနှင့် ဆွေးနွေးမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရောဘတ် တိုဆင် ဂိုလာနီနှင့် Selcuk Bayraktar တို့ကပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်သည် Baykar ကုမ္ပဏီက အချိန်အတော်ကြာစီစဉ်နေခဲ့သောအရာ တစ်ခုဖြစ်သည့် ဥရောပတွင် ၎င်းတို့အတွက် ခိုင်မာအားကောင်းသော အနေ အထားတစ်ခုကို ပေးဆောင် လိမ့်မည်ဖြစ်ကြောင်း လည်း သိရသည်။

Zawgyi Version:
အီတလီ ႏွင့္ တူရကီကာကြယ္ေရးကုမၸဏီတို႔က ဒ႐ုန္းလုပ္ငန္းတစ္ခုကို ပူးတြဲထူေထာင္
Pika (NP News) - မတ္ ၉
ကာကြယ္ေရးကုမၸဏီမ်ားသည္ ဥေရာပ စစ္အသုံးစရိတ္ျမင့္တက္လာမႈကို တုံ႔ျပန္ရန္အတြက္ အၿပိဳင္အဆိုင္ ႀကိဳးပမ္းမႈမ်ား လုပ္ေဆာင္ေနခ်ိန္တြင္ အီတလီအေျခစိုက္ Leonardo ကာကြယ္ေရးကုမၸဏီႏွင့္ တူရကီအေျခစိုက္ Baykar ကာကြယ္ေရးကုမၸဏီ တို႔သည္ ဒ႐ုန္းမ်ားထုတ္လုပ္ရန္အတြက္ ပူးတြဲလုပ္ငန္းတစ္ခုကို ထူေထာင္လိုက္ ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
အဆိုပါသေဘာတူညီခ်က္သည္ ဒ႐ုန္းစက္မႈလုပ္ငန္းတြင္ ဥေရာပ၏အားနည္းခ်က္မ်ားကို ေျဖရွင္းရန္ရည္႐ြယ္ ထားၿပီး ကုမၸဏီႏွစ္ခုသည္ လာမည့္(၁၀)ႏွစ္အတြင္း ခန႔္မွန္းေျခအေမရိကန္ေဒၚလာ (၁၀ဝ)ဘီလ်ံ ခန႔္ရွိမည့္ ဒ႐ုန္း ထုတ္လုပ္မႈမ်ားႏွင့္အတူ ဥေရာပဒ႐ုန္းေဈးကြက္ကို အခြင့္ေကာင္းယူမည္ျဖစ္ေၾကာင္း သိရသည္။
Leonardo ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ေရာဘတ္တိုဆင္ဂိုလာနီက “ဥေရာပမွာ ေမာင္းသူမဲ့ နည္းပညာေတြနဲ႔ ပတ္သက္ၿပီး ကြာဟခ်က္ေတြရွိပါတယ္။ ၿပီးေတာ့ ရႈပ္ေထြးေနတဲ့အခ်ိန္ေတြမွာ ကမာၻလုံးဆိုင္ရာလုံၿခဳံေရး အာမခံခ်က္က အေျခခံက်တဲ့ အခ်က္တစ္ခုပဲျဖစ္ပါတယ္”ဟုေျပာဆိုခဲ့သည္။ အဆိုပါသေဘာတူညီခ်က္သည္ လာမည့္ အနာဂတ္တြင္ ဒ႐ုန္းမ်ားအတြက္ အဓိကက်ေသာ အခန္းက႑တစ္ခုကိုေပးေဆာင္မည္ျဖစ္ၿပီး ေလေၾကာင္းဆိုင္ရာ လႊမ္းမိုးမႈကို တည္ေဆာက္ရန္အတြက္ အခြင့္အလမ္းတစ္ခုျဖစ္ေၾကာင္း တူရကီသမၼတ အာဒိုဂန္၏သား မက္ျဖစ္သူ Baykar ကုမၸဏီ၏ဥကၠ႒ Selcuk Bayraktar က ေျပာၾကားခဲ့သည္။
အီတလီတြင္ အေျခစိုက္မည့္ အဆိုပါပူးတြဲ လုပ္ငန္းသည္ ဒ႐ုန္းမ်ားထုတ္လုပ္ရန္အတြက္ ကုမၸဏီႏွစ္ခုစလုံး၏ ရွိၿပီးသားအေဆာက္အအုံမ်ားကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ၎တို႔သည္ ဒ႐ုန္းမ်ားထုတ္လုပ္မႈႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာအမ်ိဳးသားစစ္တပ္မ်ားႏွင့္ ေဆြးေႏြးမႈမ်ားကို စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ေရာဘတ္ တိုဆင္ ဂိုလာနီႏွင့္ Selcuk Bayraktar တို႔ကေျပာၾကားခဲ့သည္။ အဆိုပါသေဘာတူညီခ်က္သည္ Baykar ကုမၸဏီက အခ်ိန္အေတာ္ၾကာစီစဥ္ေနခဲ့ေသာအရာ တစ္ခုျဖစ္သည့္ ဥေရာပတြင္ ၎တို႔အတြက္ ခိုင္မာအားေကာင္းေသာ အေန အထားတစ္ခုကို ေပးေဆာင္ လိမ့္မည္ျဖစ္ေၾကာင္း လည္း သိရသည္။