ဆီးရီးယားမှာ တိုက်ပွဲတွေတစ်ကျော့ပြန်ဖြစ်ပွားပြီး လူပေါင်း ၇ဝ သေဆုံး

 591

ဂျန်ဇက် (NP News) - မတ် ၉

ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ တစ်ကျော့ပြန် ဖြစ်လာပြီးနောက် အနည်းဆုံး လူပေါင်း ၇၀ သေဆုံးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာ ၁၃ နှစ်ကြာဖြစ်ပွားတဲ့ ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက် ၃ လကျော် အကြာမှာ တိုက်ပွဲတွေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဆီးရီးယား မြို့တော်ကို သိမ်းယူထားတဲ့ HTS လက်နက်ကိုင်အဖွဲ့ နဲ့ စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့တဲ့ ဆီးရီးယားသမ္မကိုသစ္စာခံတဲ့ တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားသမ္မတဟောင်း အာဆက်ဒ်ဟာ စစ်ရှုံးကာ ပြည်ပထွက်ပြေးခဲ့ပေမယ့် ၄င်းကို သစ္စာခံတဲ့တပ်ဖွဲ့ဝင် အများအပြားရှိနေခဲ့ပြီး ဆီးရီးယားနိုင်ငံရဲ့အဓိကမြို့တွေကို သိမ်းပ်ုက်ထားတဲ့ HTS အဖွဲ့ကို အံ့အားသင့်ဖွယ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆီးရီးယားသမ္မတကို သစ္စာခံတဲ့ အဖွဲ့တွေဟာ Jableh အရပ်ဒေသမှာ HTSအဖွဲ့တွေကို ချုံခိူ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ဆီးရီးယား နိုင်ငံပိုင် မီဒီယာတွေကတော့ တိုက်ခိုက်မှု ဖြစ်ပွားချိန်အတွင်း HTS အဖွဲ့ဝင် အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ဆီးရီးယားနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ အများအပြားရှိနေရာ HTSအဖွဲ့က နိုင်ငံကို စုစည်းညီညွတ်စွာ ပြန်တည်ထောင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Zawgyi Version:
ဆီးရီးယားမွာ တိုက္ပြဲေတြတစ္ေက်ာ့ျပန္ျဖစ္ပြားၿပီး လူေပါင္း ၇ဝ ေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၉

ဆီးရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ပြဲေတြ တစ္ေက်ာ့ျပန္ ျဖစ္လာၿပီးေနာက္ အနည္းဆုံး လူေပါင္း ၇၀ ေသဆုံးခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံမွာ ၁၃ ႏွစ္ၾကာျဖစ္ပြားတဲ့ ျပည္တြင္းစစ္ အဆုံးသတ္ၿပီးေနာက္ ၃ လေက်ာ္ အၾကာမွာ တိုက္ပြဲေတြ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဆီးရီးယား ၿမိဳ႕ေတာ္ကို သိမ္းယူထားတဲ့ HTS လက္နက္ကိုင္အဖြဲ႕ နဲ႔ စစ္ရႈံးကာ ျပည္ပထြက္ေျပးခဲ့တဲ့ ဆီးရီးယားသမၼကိုသစၥာခံတဲ့ တပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြျဖစ္လာခဲ့တာ ျဖစ္ပါတယ္။
ဆီးရီးယားသမၼတေဟာင္း အာဆက္ဒ္ဟာ စစ္ရႈံးကာ ျပည္ပထြက္ေျပးခဲ့ေပမယ့္ ၄င္းကို သစၥာခံတဲ့တပ္ဖြဲ႕ဝင္ အမ်ားအျပားရွိေနခဲ့ၿပီး ဆီးရီးယားႏိုင္ငံရဲ႕အဓိကၿမိဳ႕ေတြကို သိမ္းပ္ုက္ထားတဲ့ HTS အဖြဲ႕ကို အံ့အားသင့္ဖြယ္ တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ဆီးရီးယားသမၼတကို သစၥာခံတဲ့ အဖြဲ႕ေတြဟာ Jableh အရပ္ေဒသမွာ HTSအဖြဲ႕ေတြကို ခ်ဳံခိူ တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။ဆီးရီးယား ႏိုင္ငံပိုင္ မီဒီယာေတြကေတာ့ တိုက္ခိုက္မႈ ျဖစ္ပြားခ်ိန္အတြင္း HTS အဖြဲ႕ဝင္ အနည္းဆုံး ၁၃ ဦးေသဆုံးခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ဆီးရီးယားႏိုင္ငံမွာ လက္နက္ကိုင္အဖြဲ႕ အမ်ားအျပားရွိေနရာ HTSအဖြဲ႕က ႏိုင္ငံကို စုစည္းညီၫြတ္စြာ ျပန္တည္ေထာင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.