ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို မြောက်ကိုရီးယားထုတ်ပြန်ပြသ

 1640

Pika (NP News) - မတ် ၉

မြောက်ကိုရီးယားဟာ ၎င်းရဲ့ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားအစိုးရဟာ ခေါင်းဆောင်ကင်ဂျုံအန်းက သင်္ဘောကျင်းကြီးတွေကို သွားရောက်လည်ပတ်မှု အတွင်း သင်္ဘောတစ်စီးကို ကြည့်ရှုစစ်ဆေးနေတဲ့ ဓါတ်ပုံတွေကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီတစ်ခုက အဲဒီသင်္ဘောကို နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ရေငုပ်သင်္ဘောအဖြစ် ဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အစီရင်ခံစာမှာ သင်္ဘောကျင်းရဲ့တည်နေရာကို ဖော်ပြထားတာမျိုးမရှိသလို သင်္ဘောနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ရေးသားဖော်ပြထားတာမျိုးမရှိဘူးလို့ သိရပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စစ်ရေးအရ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားတဲ့ မြောက်ကိုရီးယားအစိုးရဟာ တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ၎င်းရဲ့ရေတပ်မှာ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေထားရှိဖို့ အချိန်အတော်ကြာ ကြိုးပမ်းနေခဲ့တာလည်းဖြစ်ပါတယ်။
Nuclear Threat Initiative ရဲ့အဆိုအရ မြောက်ကိုရီးယားဟာ သင်္ဘောအစီးရေ(၇၀)ကနေ (၉၀)စီးလောက် အထိရှိတဲ့ ကမ္ဘာ့အကြီးဆုံးရေငုပ်သင်္ဘောအုပ်စုတွေထဲက တစ်ခုကို ထိန်းသိမ်းထားတဲ့နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားရဲ့ရေငုပ်သင်္ဘောအများစုဟာ ခေတ်နောက်ကျနေပြီး အပြည့်အဝ လည်ပတ်နိုင်တာမျိုး ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းတွေမရှိဘူးလို့ ကျွမ်းကျင်သူအချို့က သုံးသပ်ထားကြပါတယ်။

Zawgyi Version:
ပထမဆုံး န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာကို ေျမာက္ကိုရီးယားထုတ္ျပန္ျပသ
Pika (NP News) - မတ္ ၉

ေျမာက္ကိုရီးယားဟာ ၎ရဲ႕ပထမဆုံး န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာကို ထုတ္ေဖာ္ျပသခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ေျမာက္ကိုရီးယားအစိုးရဟာ ေခါင္းေဆာင္ကင္ဂ်ဳံအန္းက သေဘၤာက်င္းႀကီးေတြကို သြားေရာက္လည္ပတ္မႈ အတြင္း သေဘၤာတစ္စီးကို ၾကည့္ရႈစစ္ေဆးေနတဲ့ ဓါတ္ပုံေတြကိုလည္း ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းေအဂ်င္စီတစ္ခုက အဲဒီသေဘၤာကို န်ဴကလီးယားစြမ္းအင္သုံး မဟာဗ်ဴဟာေျမာက္ ပဲ့ထိန္းဒုံးက်ည္ေရငုပ္သေဘၤာအျဖစ္ ေဖာ္ျပခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အစီရင္ခံစာမွာ သေဘၤာက်င္းရဲ႕တည္ေနရာကို ေဖာ္ျပထားတာမ်ိဳးမရွိသလို သေဘၤာနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုလည္း ေရးသားေဖာ္ျပထားတာမ်ိဳးမရွိဘူးလို႔ သိရပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို စစ္ေရးအရ ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ရႈျမင္ထားတဲ့ ေျမာက္ကိုရီးယားအစိုးရဟာ တုံ႔ျပန္မႈေတြလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ၎ရဲ႕ေရတပ္မွာ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာေတြထားရွိဖို႔ အခ်ိန္အေတာ္ၾကာ ႀကိဳးပမ္းေနခဲ့တာလည္းျဖစ္ပါတယ္။
Nuclear Threat Initiative ရဲ႕အဆိုအရ ေျမာက္ကိုရီးယားဟာ သေဘၤာအစီးေရ(၇၀)ကေန (၉၀)စီးေလာက္ အထိရွိတဲ့ ကမာၻ႔အႀကီးဆုံးေရငုပ္သေဘၤာအုပ္စုေတြထဲက တစ္ခုကို ထိန္းသိမ္းထားတဲ့ႏိုင္ငံျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ေျမာက္ကိုရီးယားရဲ႕ေရငုပ္သေဘၤာအမ်ားစုဟာ ေခတ္ေနာက္က်ေနၿပီး အျပည့္အဝ လည္ပတ္ႏိုင္တာမ်ိဳး ဒါမွမဟုတ္ ဒုံးက်ည္ပစ္လႊတ္ႏိုင္စြမ္းေတြမရွိဘူးလို႔ ကြၽမ္းက်င္သူအခ်ိဳ႕က သုံးသပ္ထားၾကပါတယ္။

Related news

© 2021. All rights reserved.