ရုရှား၊ ဘယ်လာရုစ်ခရီးစဉ်၌ နိုင်ငံအတွက် အောင်မြင်ရလဒ်ကိုလုပ်ဆောင်နိုင်ခဲ့သော နစကဥက္ကဌဦးဆောင်အဖွဲ့ကို မြန်မာနိုင်ငံအဖွဲ့ကြီး(၁၂)ဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်

968

ချယ်ရီ(NP News)- မတ် ၉
ရုရှား၊ ဘယ်လာရုစ်ခရီးစဉ်၌ နိုင်ငံအတွက် အောင်မြင်သည့် ရလဒ်ကို လုပ်ဆောင်နိုင်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်အဖွဲ့ကို မြန်မာနိုင်ငံအဖွဲ့ကြီး(၁၂)ဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာပူတင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ လူကာရှန်ကိုတို့၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် (မတ် ၃ ရက်) က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြန်မာနိုင်ငံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တို့မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ကြကြောင်း သိရသည်

Zawgyi Version:
႐ုရွား၊ ဘယ္လာ႐ုစ္ခရီးစဥ္၌ ႏိုင္ငံအတြက္ ေအာင္ျမင္ရလဒ္ကိုလုပ္ေဆာင္ႏိုင္ခဲ့ေသာ နစကဥကၠဌဦးေဆာင္အဖြဲ႕ကို ျမန္မာႏိုင္ငံအဖြဲ႕ႀကီး(၁၂)ဖြဲ႕မွ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ထုတ္ျပန္
ခ်ယ္ရီ(NP News)- မတ္ ၉
႐ုရွား၊ ဘယ္လာ႐ုစ္ခရီးစဥ္၌ ႏိုင္ငံအတြက္ ေအာင္ျမင္သည့္ ရလဒ္ကို လုပ္ေဆာင္ႏိုင္ခဲ့ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္အဖြဲ႕ကို ျမန္မာႏိုင္ငံအဖြဲ႕ႀကီး(၁၂)ဖြဲ႕မွ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း သေဘာထားထုတ္ျပန္ေၾကညာခဲ့ေၾကာင္း ႏိုင္ငံပိုင္သတင္းဌာနမ်ား၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ မစၥတာပူတင္ႏွင့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံသမၼတ မစၥတာ လူကာရွန္ကိုတို႔၏ ဖိတ္ၾကားခ်က္အရ ၿပီးခဲ့သည့္ (မတ္ ၃ ရက္) က သြားေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံအတြက္ အျပဳသေဘာေဆာင္ေသာေကာင္းမြန္သည့္ ရလဒ္မ်ားရေအာင္ ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ျမန္မာႏိုင္ငံက႑စုံဖြံ႕ၿဖိဳးတိုးတက္ေစရန္အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္ခဲ့မႈအေပၚ ဗုဒၶဘာသာကလ်ာဏယုဝအသင္း YMBA (ဗဟို)၊ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအဖြဲ႕(ဗဟို)၊ ျမန္မာႏိုင္ငံ ဧဝံေဂလိခရစ္ယာန္ မဟာမိတ္အဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာ တမီလ္ဟိႏၵဴေဖာင္ေဒးရွင္း(ဗဟို)၊ သနႏၲနဓမၼပါလက (ဟိႏၵဴ) အဖြဲ႕ခ်ဳပ္၊ ျမန္မာႏိုင္ငံလုံးဆိုင္ရာအစၥလာမ္ဘာသာေရးအဖြဲ႕ႀကီး၊ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕၊ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)၊ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ၊ ျမန္မာႏိုင္ငံပန္းခ်ီ ပန္းပုအစည္းအ႐ုံး (ဗဟို)၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးႏွင့္ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံး (ဗဟို) တို႔မွ ဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္း သေဘာထားထုတ္ျပန္ေၾကညာခဲ့ၾကေၾကာင္း သိရသည္