EV လျှပ်စစ်အားသွင်းရုံ ၂၁ ခု ဖွင့်လှစ်နိုင်ခဲ့ရာ ကား ၁၀ စီးတစ်ပြိုင်နက်အားသွင်းနိုင်မည်

582

NP News မတ်လ (၉)ရက်
တစ်နိုင်ငံလုံးတွင် EV လျှပ်စစ်အားသွင်းရုံ (Charging Station) ၂၁ ခုအထိတိုးတက်လာပြီး ကား ၁၀ စီးအထိ တစ်ပြိုက်နက်အားသွင်းနိုင်သော နေရာများတည်ဆောက်ပြီးစီးထားကြောင်း လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ဖေဖော်ဝါရီလကုန်ပိုင်းက တစ်နိုင်ငံလုံးအနေဖြင့် ၂၁ ခုမြောက် EV Charging Station ကို နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာအနီး၌ ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်နှင့် နေပြည်တော်လေဆိပ်ရှိ Charging Station ၂ ခုမှာလည်း ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ စတင်အသုံးပြုနေပြီဖြစ်ကြောင်းအဆိုပါ ကော်မတီမှ သိရသည်။
ထို့အတူဖွင့်လှစ်ပြီးသည့် Charging Station များအနက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တို့ရှိ Charging Station များတွင် ကားလေး ၁၀ စီးတစ်ပြိုင်နက်အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းရှိ Charging Station များတွင်လည်း ကားလေး ၁၀ စီးနှင့် ဘတ်စ်ကား ၄ စီးတစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များ Charging ဖြည့်သွင်းနိုင်ရန်အတွက် EV Charging Station များ တည်ဆောက်ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ ခွင့်ပြုချက်ဖြင့် EV Charging Station များကို နေပြည်တော်၊ ရန်ကုန် ၊ မန္တလေးနှင့် (ရန်ကုန်-မန္တလေး)အမြန်လမ်းမကြီးပေါ်ရှိ မြေနေရာများ သတ်မှတ်ဆောင်ရွက်ခဲ့ရာ နေပြည်တော်မှာ ၉ နေရာ ၊ မန္တလေးမှာ ၉ နေရာ ၊ ရန်ကုန်မှာ ၉ နေရာနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ၁၅ နေရာ ၊ စုစုပေါင်း ၄၂ နေအား ရှေ့ပြေးစမ်းသပ်စီမံကိန်း(ပိုင်းလော့ပရောဂျက်)အဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိ၌ EV Charging Station ၂၁ ခုမြောက်အထိဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
EV လွ်ပ္စစ္အားသြင္း႐ုံ ၂၁ ခု ဖြင့္လွစ္ႏိုင္ခဲ့ရာ ကား ၁၀ စီးတစ္ၿပိဳင္နက္အားသြင္းႏိုင္မည္
NP News မတ္လ (၉)ရက္
တစ္ႏိုင္ငံလုံးတြင္ EV လွ်ပ္စစ္အားသြင္း႐ုံ (Charging Station) ၂၁ ခုအထိတိုးတက္လာၿပီး ကား ၁၀ စီးအထိ တစ္ၿပိဳက္နက္အားသြင္းႏိုင္ေသာ ေနရာမ်ားတည္ေဆာက္ၿပီးစီးထားေၾကာင္း လွ်ပ္စစ္သုံးယာဥ္မ်ား ေျပးဆြဲ/အသုံးျပဳေရးႏွင့္ အေျခခံအေဆာက္အဦမ်ား အေကာင္အထည္ေဖာ္ေရးလုပ္ငန္းေကာ္မတီမွ သိရသည္။
ေဖေဖာ္ဝါရီလကုန္ပိုင္းက တစ္ႏိုင္ငံလုံးအေနျဖင့္ ၂၁ ခုေျမာက္ EV Charging Station ကို ေနျပည္ေတာ္ ဇဗၺဴသီရိၿမိဳ႕နယ္ သုခေတာ္ဝင္အိမ္ရာအနီး၌ ဖြင့္လွစ္ခဲ့ၿပီး ရန္ကုန္ႏွင့္ ေနျပည္ေတာ္ေလဆိပ္ရွိ Charging Station ၂ ခုမွာလည္း ၁၀၀ ရာခိုင္ႏႈန္းၿပီးစီး၍ စတင္အသုံးျပဳေနၿပီျဖစ္ေၾကာင္းအဆိုပါ ေကာ္မတီမွ သိရသည္။
ထို႔အတူဖြင့္လွစ္ၿပီးသည့္ Charging Station မ်ားအနက္ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးၿမိဳ႕တို႔ရွိ Charging Station မ်ားတြင္ ကားေလး ၁၀ စီးတစ္ၿပိဳင္နက္အားသြင္းႏိုင္ၿပီး ရန္ကုန္-မႏၲေလးအျမန္လမ္းရွိ Charging Station မ်ားတြင္လည္း ကားေလး ၁၀ စီးႏွင့္ ဘတ္စ္ကား ၄ စီးတစ္ၿပိဳင္နက္ အားသြင္းႏိုင္မည္ျဖစ္သည္။
အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္မ်ားႏွင့္ ဆက္စပ္လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရး ဦးေဆာင္ေကာ္မတီ၏ ခြင့္ျပဳခ်က္ျဖင့္ ျမန္မာႏိုင္ငံအတြင္းသို႔ တင္သြင္းေရာက္ရွိလာသည့္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္မ်ား Charging ျဖည့္သြင္းႏိုင္ရန္အတြက္ EV Charging Station မ်ား တည္ေဆာက္ဖြင့္လွစ္ေပးေနျခင္းျဖစ္ေၾကာင္းသိရသည္။
ထိုသို႔ ခြင့္ျပဳခ်က္ျဖင့္ EV Charging Station မ်ားကို ေနျပည္ေတာ္၊ ရန္ကုန္ ၊ မႏၲေလးႏွင့္ (ရန္ကုန္-မႏၲေလး)အျမန္လမ္းမႀကီးေပၚရွိ ေျမေနရာမ်ား သတ္မွတ္ေဆာင္႐ြက္ခဲ့ရာ ေနျပည္ေတာ္မွာ ၉ ေနရာ ၊ မႏၲေလးမွာ ၉ ေနရာ ၊ ရန္ကုန္မွာ ၉ ေနရာႏွင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးေပၚမွာ ၁၅ ေနရာ ၊ စုစုေပါင္း ၄၂ ေနအား ေရွ႕ေျပးစမ္းသပ္စီမံကိန္း(ပိုင္းေလာ့ပေရာဂ်က္)အျဖစ္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး လက္ရွိ၌ EV Charging Station ၂၁ ခုေျမာက္အထိေဆာင္႐ြက္ၿပီးျဖစ္ေၾကာင္း သိရသည္။