ထိုင်းနိုင်ငံ၊ ချာအမ်မြို့မှာ အိမ်အမိုးလန်တဲ့ထိ လေပြင်းတိုက်မှုဖြစ်ပွား

189
ရောင်နီ (NP News) - မတ် ၉
ထိုင်းနိုင်ငံ ချာအမ်ခရိုင်ရှိ နောင်ဖူနဲ့ နောင်ခန်းကျေးရွာမှာ မတ်လ ၈ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ပြင်းထန်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ခေါင်မိုးတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ လဲပြိုကျခဲ့ပြီး နေအိမ်ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မုန်တိုင်းကြောင့် သစ်ပင်တွေလည်း ကျိုးပဲ့ လဲပြိုခြင်း ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ သတင်းတွေတော့ မသိရသေးပါဘူး။ ချာအမ် ခရိုင်အုပ်ချုပ်ရေးမှူး ကောခွန်ဝမ်က ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့အတူ ထိခိုက်ပျက်စီးမှုတွေ အကဲဖြတ်ပြီး ရေဘေးဒုက္ခသည်တွေကို ကနဦးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
နေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ပျက်စီးမှုတွေ ရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအသေးစိတ် အကဲဖြတ်ခြင်းနဲ့ နောက်ထပ်ထောက်ပံ့ရေးအစီအမံတွေကိုတော့ မတ်လ ၁၀ ရက်မှာ ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ်။
Zawgyi Version:
ထိုင္းႏိုင္ငံ၊ ခ်ာအမ္ၿမိဳ႕မွာ အိမ္အမိုးလန္တဲ့ထိ ေလျပင္းတိုက္မႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၉
ထိုင္းႏိုင္ငံ ခ်ာအမ္ခ႐ိုင္ရွိ ေနာင္ဖူနဲ႔ ေနာင္ခန္းေက်း႐ြာမွာ မတ္လ ၈ ရက္ နံနက္ ၁၁ နာရီအခ်ိန္ခန႔္က ျပင္းထန္မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေနအိမ္ထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။
ေခါင္မိုးေတြ၊ ေၾကာ္ျငာဆိုင္းဘုတ္ေတြ လဲၿပိဳက်ခဲ့ၿပီး ေနအိမ္ဒါဇင္ေပါင္းမ်ားစြာ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။ မုန္တိုင္းေၾကာင့္ သစ္ပင္ေတြလည္း က်ိဳးပဲ့ လဲၿပိဳျခင္း ရွိခဲ့ကာ ထိခိုက္ဒဏ္ရာရသူနဲ႔ ေသဆုံးသူ သတင္းေတြေတာ့ မသိရေသးပါဘူး။ ခ်ာအမ္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ေကာခြန္ဝမ္က ေဒသဆိုင္ရာ အစိုးရတာဝန္ရွိသူေတြနဲ႔အတူ ထိခိုက္ပ်က္စီးမႈေတြ အကဲျဖတ္ၿပီး ေရေဘးဒုကၡသည္ေတြကို ကနဦးအကူအညီေတြ ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
ေနအိမ္ေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြမွာ ပ်က္စီးမႈေတြ ရွိခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈအေသးစိတ္ အကဲျဖတ္ျခင္းနဲ႔ ေနာက္ထပ္ေထာက္ပံ့ေရးအစီအမံေတြကိုေတာ့ မတ္လ ၁၀ ရက္မွာ ဆက္လက္လုပ္ေဆာင္မယ္လို႔ သိရပါတယ္။