ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ကဏ္ဍကောစ မလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ မုချအောင်မြင်မည်ဟု နစကဥက္ကဋ္ဌပြော

 386

ပီယ (NP News) – မတ် ၁ဝ

ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုချင်လျှင် ကဏ္ဍကောစ မလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံ မုချ အောင်မြင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှား နှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်အပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E. Mr.Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ခြင်းဖြစ်ကာ တရားဝင် ဖိတ်ကြားသည့် အတွက် ယခုကဲ့သို့ သွားရောက်နိုင်ခြင်းမှာ နိုင်ငံအတွက် အလွန်ကောင်းမွန်သောအရာတစ်ခုဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
“နောက်တစ်ခုက သွားတဲ့ခရီးစဉ် နှစ်နိုင်ငံလုံးမှာပဲ ကျွန်တော်တို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့နယ်ပယ်တွေ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် စီးပွားရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေပေါ့။ နှစ်နိုင်ငံအပြန်အလှန် ကူးလူးသွားလာရေးအတွက် တိုးချဲ့ဖို့ဆိုတာ အထူးသဖြင့်တော့ ခရီးသွား ကဏ္ဍတွေ တိုးချဲ့ဆောင်ရွက်ရေးပေါ့ဗျာ။ နောက်တစ်ခုက ပညာရေး၊ နောက် သိပ္ပံနဲ့နည်းပညာ၊ ကျန်းမာရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဥပဒေ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ဒါတွေ နယ်ပယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ဆွေးနွေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပျက်ပြောင်းလဲမှုအခြေအနေတွေ ရှင်းပြတာကို သူတို့ နှစ်နိုင်ငံလုံးက ဒါကို အားလုံးလက်ခံပါတယ်။ နောက် ကျွန်တော် ရွေးကောက်ပွဲလုပ်မယ့်အခြေအနေလည်း ကျွန်တော်ရှင်းပြတယ်။ ရှင်းပြတော့ သူတို့ ဒါကိုလည်း အားပေးထောက်ခံတဲ့အတွက်ကြောင့် သူတို့ဆီက ကိုယ်စားလှယ်လွှတ်ပြီးတော့ လာပြီးတော့ ရွေးကောက်ပွဲမှာ အကဲလာပြီး ကြည့်ပေးမယ့် အကြောင်းလည်း သူတို့ပြောတာရှိတယ်” ဟု နစက ဥက္ကဋ္ဌ က ဆိုသည်။
ပိုကောင်းမွန်ခြင်းမှာ နှစ်ဦးနှစ်ဖက်တွေ့ဆုံခြင်းအားဖြင့် ယုံကြည်မှုများစွာ ရခဲ့ကြောင်း၊ ရုရှားနိုင်ငံ နှင့် ဘယ်လာရုစ် နိုင်ငံ နှင့် နှစ်နိုင်ငံ ပြည်သူများသည် မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုဖြစ်လာသည်ကိုတွေ့ရကာ အနာဂတ် နိုင်ငံ အတွက် ကောင်းသောလက္ခဏာတစ်ခုဖြစ်ကြောင်းလည်း ပြောကြားသည်။
“နောက်တစ်ခုကလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ကျွန်တော် တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစလုပ်မနေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲဒါလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင် ရမယ် ကျွန်တော်ဒါကို ပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်က သဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာအောင်မြင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်ဗျာ” ဟု နစက ဥက္ကဋ္ဌ က ပြောသည်။
ပါတီစုံဒီမိုကရေစီကို ယုံကြည်သည်ဟု ဆိုပါက အားလုံး ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
ပါတီစုံဒီမိုကေရစီစနစ္ကို အမွန္တကယ္လိုခ်င္လွ်င္ က႑ေကာစ မလုပ္ဘဲ ပူးေပါင္းေဆာင္႐ြက္ပါက ႏိုင္ငံ မုခ် ေအာင္ျမင္မည္ဟု နစကဥကၠ႒ေျပာ
ပီယ (NP News) – မတ္ ၁ဝ

ပါတီစုံဒီမိုကေရစီစနစ္ကို အမွန္တကယ္လိုခ်င္လွ်င္ က႑ေကာစ မလုပ္ဘဲ ပူးေပါင္းေဆာင္႐ြက္ပါက ႏိုင္ငံ မုခ် ေအာင္ျမင္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႐ုရွား ႏွင့္ ဘယ္လာ႐ုစ္ႏိုင္ငံ ခရီးစဥ္အၿပီးတြင္ မီဒီယာမ်ား၏ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာ တြင္ ထည့္သြင္းေျပာၾကားခဲ့သည္။
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ သမၼတႀကီး H.E. Vladimir Vladimirovich Putin ႏွင့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ သမၼတႀကီး H.E. Mr.Alexander Gregoryevich Lukashenko ၏ ဖိတ္ၾကားခ်က္အရ တရားဝင္ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့ျခင္းျဖစ္ကာ တရားဝင္ ဖိတ္ၾကားသည့္ အတြက္ ယခုကဲ့သို႔ သြားေရာက္ႏိုင္ျခင္းမွာ ႏိုင္ငံအတြက္ အလြန္ေကာင္းမြန္ေသာအရာတစ္ခုျဖစ္ေၾကာင္း နစက ဥကၠ႒က ေျပာသည္။
“ေနာက္တစ္ခုက သြားတဲ့ခရီးစဥ္ ႏွစ္ႏိုင္ငံလုံးမွာပဲ ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္တဲ့နယ္ပယ္ေတြ က်ယ္ျပန႔္စြာ ေဆြးေႏြးေဆာင္႐ြက္ႏိုင္ခဲ့တယ္။ အထူးသျဖင့္ စီးပြားေရးနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္တဲ့ ကိစၥရပ္ေတြေပါ့။ ႏွစ္ႏိုင္ငံအျပန္အလွန္ ကူးလူးသြားလာေရးအတြက္ တိုးခ်ဲ႕ဖို႔ဆိုတာ အထူးသျဖင့္ေတာ့ ခရီးသြား က႑ေတြ တိုးခ်ဲ႕ေဆာင္႐ြက္ေရးေပါ့ဗ်ာ။ ေနာက္တစ္ခုက ပညာေရး၊ ေနာက္ သိပၸံနဲ႔နည္းပညာ၊ က်န္းမာေရး၊ အားကစား၊ ယဥ္ေက်းမႈ၊ ဥပေဒ၊ ကာကြယ္ေရးဆိုင္ရာ ကိစၥရပ္ေတြ၊ ဒါေတြ နယ္ပယ္ေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ကြၽန္ေတာ္တို႔ေဆြးေႏြးႏိုင္ခဲ့တဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးျဖစ္ပ်က္ေျပာင္းလဲမႈအေျခအေနေတြ ရွင္းျပတာကို သူတို႔ ႏွစ္ႏိုင္ငံလုံးက ဒါကို အားလုံးလက္ခံပါတယ္။ ေနာက္ ကြၽန္ေတာ္ ေ႐ြးေကာက္ပြဲလုပ္မယ့္အေျခအေနလည္း ကြၽန္ေတာ္ရွင္းျပတယ္။ ရွင္းျပေတာ့ သူတို႔ ဒါကိုလည္း အားေပးေထာက္ခံတဲ့အတြက္ေၾကာင့္ သူတို႔ဆီက ကိုယ္စားလွယ္လႊတ္ၿပီးေတာ့ လာၿပီးေတာ့ ေ႐ြးေကာက္ပြဲမွာ အကဲလာၿပီး ၾကည့္ေပးမယ့္ အေၾကာင္းလည္း သူတို႔ေျပာတာရွိတယ္” ဟု နစက ဥကၠ႒ က ဆိုသည္။
ပိုေကာင္းမြန္ျခင္းမွာ ႏွစ္ဦးႏွစ္ဖက္ေတြ႕ဆုံျခင္းအားျဖင့္ ယုံၾကည္မႈမ်ားစြာ ရခဲ့ေၾကာင္း၊ ႐ုရွားႏိုင္ငံ ႏွင့္ ဘယ္လာ႐ုစ္ ႏိုင္ငံ ႏွင့္ ႏွစ္ႏိုင္ငံ ျပည္သူမ်ားသည္ ျမန္မာႏိုင္ငံအေပၚ စိတ္ဝင္စားမႈျဖစ္လာသည္ကိုေတြ႕ရကာ အနာဂတ္ ႏိုင္ငံ အတြက္ ေကာင္းေသာလကၡဏာတစ္ခုျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။
“ေနာက္တစ္ခုကလည္း ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲလုပ္မယ္လို႔ ကြၽန္ေတာ္ေျပာခဲ့တာရွိတယ္။ ဒါကို ကြၽန္ေတာ္ တို႔ ခိုင္ခိုင္မာမာလုပ္မွာပါ။ ပါတီစုံဒီမိုကေရစီစနစ္ကို တကယ္လိုခ်င္လို႔ရွိရင္ က႑ေကာစလုပ္မေနနဲ႔ ပူးေပါင္း ေဆာင္႐ြက္ဖို႔ပဲလိုပါတယ္။ အဲဒါလုပ္မယ္ဆိုလို႔ရွိရင္ ကြၽန္ေတာ္တို႔ႏိုင္ငံ မုခ်ေအာင္ျမင္ရမယ္ဗ်။ မုခ်ေအာင္ျမင္ ရမယ္ ကြၽန္ေတာ္ဒါကို ေျပာရဲပါတယ္။ ျပည္သူေတြကို ကြၽန္ေတာ္ ဒါေလးေတာ့ ကြၽန္ေတာ့္ဘက္က သေဘာထားေပါ့ဗ်ာ။ ကြၽန္ေတာ္ဒါကို ေျပာပါရေစ။ အားလုံး အစစအရာရာေအာင္ျမင္မယ္လို႔လည္း ကြၽန္ေတာ္ ယုံၾကည္ပါတယ္ဗ်ာ” ဟု နစက ဥကၠ႒ က ေျပာသည္။
ပါတီစုံဒီမိုကေရစီကို ယုံၾကည္သည္ဟု ဆိုပါက အားလုံး ပူးေပါင္းေဆာင္႐ြက္ေပးရန္ ေျပာၾကားလိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.