ဩစတြေးလျအရှေ့ပိုင်းမှာ အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပွားနေ

 213

ရောင်နီ (NP News) - မတ် ၁ဝ

ဩစတြေးလျအရှေ့ပိုင်းမှာ အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် အိမ်ရာတစ်သန်းကျော်ရဲ့လေးပုံ တစ်ပုံကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်တဲ့အထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူများက မတ်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရာသီဥတုကြောင့် လူတစ်ဦးသေဆုံးကာ အခြားလူ တစ်ဒါဇင်ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အယ်လ်ဖရက်ဟာ အမျိုးအစား ၂ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ကမ်းလွန်ပင်လယ်ပြင်မှာ ရက်အတန်ကြာ ရွေ့လျားနေပြီး ကီလိုမီတာ ၄၀၀ ရှည်လျားတဲ့ ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် အားလျော့သွားကာ မတ်လ ၈ ရက် ညနေပိုင်း၊ ကုန်းတွင်းပိုင်း မဝင်ရောက်မီ အပူပိုင်းမုန်တိုင်းငယ်အဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။
ဒါပေမယ့် ဆိုင်ကလုန်းမုန်တိုင်း အကြွင်းအကျန်အနေနဲ့ ကုန်းတွင်းပိုင်း ရွေ့လျားနေချိန် မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းကြောင့် မတ် ၉ ရက်က ကွင်းစလန်း အရှေ့တောင်ပိုင်းနဲ့ အရှေ့မြောက် နယူးဆောက်ဝေးလ်စ်ရဲ့ဒေသအချို့ လမ်းတွေပေါ်မှာ ဒူးဆစ်ထိမြင့်တဲ့ ရေကြီးရေလွှမ်းမိုးမှုတွေ ရှိလာတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ရှိတာကြောင့် ရက်ရှည်မီးပြတ်တောက်ခြင်းအတွက် ပြင်ဆင်ထားဖို့ ကွင်းစလန်း Essential Energy က ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
ဩစေၾတးလ်အေရွ႕ပိုင္းမွာ အပူပိုင္းဆိုင္ကလုန္း အယ္လ္ဖရက္ေၾကာင့္ မိုးသည္းထန္ၿပီး ေရႀကီးမႈမ်ား ျဖစ္ပြားေန
ေရာင္နီ (NP News) - မတ္ ၁ဝ

ဩစေၾတးလ်အေရွ႕ပိုင္းမွာ အပူပိုင္းဆိုင္ကလုန္း အယ္လ္ဖရက္ေၾကာင့္ အိမ္ရာတစ္သန္းေက်ာ္ရဲ႕ေလးပုံ တစ္ပုံေက်ာ္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္တဲ့အထိ ေလျပင္းတိုက္ခတ္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းျခင္းတို႔ ျဖစ္ပြားခဲ့တယ္လို႔ တာဝန္ရွိသူမ်ားက မတ္လ ၉ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
ရာသီဥတုေၾကာင့္ လူတစ္ဦးေသဆုံးကာ အျခားလူ တစ္ဒါဇင္ခန႔္ ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားပါတယ္။ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း အယ္လ္ဖရက္ဟာ အမ်ိဳးအစား ၂ အပူပိုင္း ဆိုင္ကလုန္းမုန္တိုင္း အျဖစ္ ကမ္းလြန္ပင္လယ္ျပင္မွာ ရက္အတန္ၾကာ ေ႐ြ႕လ်ားေနၿပီး ကီလိုမီတာ ၄၀၀ ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းကို ဝင္ေရာက္တိုက္ခတ္ၿပီးေနာက္ အားေလ်ာ့သြားကာ မတ္လ ၈ ရက္ ညေနပိုင္း၊ ကုန္းတြင္းပိုင္း မဝင္ေရာက္မီ အပူပိုင္းမုန္တိုင္းငယ္အျဖစ္ ေျပာင္းလဲသြားမယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ဆိုင္ကလုန္းမုန္တိုင္း အႂကြင္းအက်န္အေနနဲ႔ ကုန္းတြင္းပိုင္း ေ႐ြ႕လ်ားေနခ်ိန္ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ ျခင္းေၾကာင့္ မတ္ ၉ ရက္က ကြင္းစလန္း အေရွ႕ေတာင္ပိုင္းနဲ႔ အေရွ႕ေျမာက္ နယူးေဆာက္ေဝးလ္စ္ရဲ႕ေဒသအခ်ိဳ႕ လမ္းေတြေပၚမွာ ဒူးဆစ္ထိျမင့္တဲ့ ေရႀကီးေရလႊမ္းမိုးမႈေတြ ရွိလာတယ္လို႔ သိရပါတယ္။
လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြလည္း ရွိတာေၾကာင့္ ရက္ရွည္မီးျပတ္ေတာက္ျခင္းအတြက္ ျပင္ဆင္ထားဖို႔ ကြင္းစလန္း Essential Energy က ထုတ္ျပန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.