ချောက်ကမ်းပါးစွန်းကနေ ဆုတ်ခွါကြဖို့ တရုတ်(တိုင်ပေ)လွတ်လပ်ရေးသမားတွေကို တရုတ်စစ်ဘက် သတိပေး

 475

Pika (NP News) - မတ် ၁ဝ

တရုတ်(တိုင်ပေ)ကျွန်းမှာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာခဲ့မယ်ဆိုရင် တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ တင်းကြပ်မှုတွေကို ပိုမိုလုပ်ဆောင်သွားမယ်လို့ တရုတ်စစ်တပ်က မတ်လ(၉)ရက်မှာ ကတိပြုပြောဆိုခဲ့ပြီး လွတ်လပ်ရေးလိုလားသူတွေကို ကမ်းပါးစွန်းကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပါတယ်။ တရုတ်အစိုးရဟာ တရုတ် (တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ် မယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့ အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြှင့် လုပ်ဆောင်ခဲ့ပြီး စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
တရုတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဝူကွီယန်က “တရုတ်(တိုင်ပေ)လွတ်လပ်ရေးသမားတွေရဲ့ ခွဲထွက်ရေးလှုပ်ရှားမှု တွေ ပိုမိုကျယ်ပြန့်လာလေလေ သူတို့လည်ပင်းတစ်ဝိုက်က ကြိုးတွေက ပိုတင်းကြပ်လာလေဖြစ်ပြီး သူတို့ ခေါင်းပေါ်မှာရှိတဲ့ ဓါးတွေက ပိုထက်လာလေပါပဲ။ တရုတ်စစ်တပ်ဟာ ခွဲထွက်ရေးလှုပ်ရှားမှုတွေကို တုံ့ပြန်ဖို့နဲ့ ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ဖို့အတွက် တွန်းအားပေးရာမှာ အဓိကကျတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ချောက်ကမ်းပါးအစွန်းကနေ ဆုတ်ခွာကြဖို့ တရုတ်(တိုင်ပေ)လွတ်လပ်ရေးသမားတွေကို သတိပေးချင်ပါတယ်။ လမ်းမှားပြီးဆက်လျှောက်နေမယ်ဆိုရင် လမ်းဆုံးကိုရောက်သွားပါလိမ့်မယ်” လို့ သတိပေးပြောခဲ့ပါတယ်။

Zawgyi Version:
ေခ်ာက္ကမ္းပါးစြန္းကေန ဆုတ္ခြာၾကဖို႔ တ႐ုတ္(တိုင္ေပ)လြတ္လပ္ေရးသမားေတြကို တ႐ုတ္စစ္ဘက္ သတိေပး
Pika (NP News) - မတ္ ၁ဝ

တ႐ုတ္(တိုင္ေပ)ကြၽန္းမွာ ခြဲထြက္ေရးလႈပ္ရွားမႈေတြ အရွိန္ျမင့္လာခဲ့မယ္ဆိုရင္ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ တင္းၾကပ္မႈေတြကို ပိုမိုလုပ္ေဆာင္သြားမယ္လို႔ တ႐ုတ္စစ္တပ္က မတ္လ(၉)ရက္မွာ ကတိျပဳေျပာဆိုခဲ့ၿပီး လြတ္လပ္ေရးလိုလားသူေတြကို ကမ္းပါးစြန္းကေန ဆုတ္ခြာဖို႔ သတိေပးခဲ့ပါတယ္။ တ႐ုတ္အစိုးရဟာ တ႐ုတ္ (တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ ရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္ မယ္ဆိုရင္ အင္အားသုံးေျဖရွင္းသြားမယ္လို႔ အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းအနီးမွာ စစ္ေရးလႈပ္ရွားမႈေတြကို တိုးျမႇင့္ လုပ္ေဆာင္ခဲ့ၿပီး စစ္ေရးနဲ႔ႏိုင္ငံေရးအရ ဖိအားေပးမႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
တ႐ုတ္စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ဝူကြီယန္က “တ႐ုတ္(တိုင္ေပ)လြတ္လပ္ေရးသမားေတြရဲ႕ ခြဲထြက္ေရးလႈပ္ရွားမႈ ေတြ ပိုမိုက်ယ္ျပန႔္လာေလေလ သူတို႔လည္ပင္းတစ္ဝိုက္က ႀကိဳးေတြက ပိုတင္းၾကပ္လာေလျဖစ္ၿပီး သူတို႔ ေခါင္းေပၚမွာရွိတဲ့ ဓါးေတြက ပိုထက္လာေလပါပဲ။ တ႐ုတ္စစ္တပ္ဟာ ခြဲထြက္ေရးလႈပ္ရွားမႈေတြကို တုံ႔ျပန္ဖို႔နဲ႔ ျပန္လည္ေပါင္းစည္းေရးကိုျမႇင့္တင္ဖို႔အတြက္ တြန္းအားေပးရာမွာ အဓိကက်တဲ့အရာတစ္ခုပဲျဖစ္ပါတယ္။ ေခ်ာက္ကမ္းပါးအစြန္းကေန ဆုတ္ခြာၾကဖို႔ တ႐ုတ္(တိုင္ေပ)လြတ္လပ္ေရးသမားေတြကို သတိေပးခ်င္ပါတယ္။ လမ္းမွားၿပီးဆက္ေလွ်ာက္ေနမယ္ဆိုရင္ လမ္းဆုံးကိုေရာက္သြားပါလိမ့္မယ္” လို႔ သတိေပးေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.