ဂါဇာဓါးစာခံလွှတ်ပေးရေးသဘောတူညီချက်က လာမယ့်သီတင်းပတ်တွေအတွင်း ရရှိနိုင်ခြေရှိတယ်လို့ အမေရိကန်သံတမန်ပြော

102

Pika (NP News) - မတ် ၁ဝ
ဂါဇာကမ်းမြောင်ဒေသအခြေစိုက် ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အထောက်အကူများစွာဖြစ်ခဲ့ပြီး ဓါးစာခံလွှတ်ပေးရေ သဘောတူညီချက်ကို လာမယ့် သီတင်းပတ်တွေအတွင်း ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လို့ အမေရိကန်သံတမန်က ပြောကြားခဲ့ပါတယ်။
အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့တဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်တာဟာ ထူးဆန်းတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ အမေရိကန်သံတမန်က အသိအမှတ်ပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ နောက်ထပ်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ရှိ/မရှိဆိုတာကို အမေရိကန် သံတမန် အဒမ်ဘိုလာက ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ ၎င်းက “ဒီတွေ့ဆုံဆွေးနွေးမှုဟာ အရမ်းကိုအထောက်အကူဖြစ်စေမယ့် တွေ့ဆုံမှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်း မှာ တစ်စုံတစ်ခုကို ပေါင်းစပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံသားတွေတင်မဟုတ်ဘဲ အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးနိုင်မယ့် သဘောတူညီချက်တစ်ခု ရရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အဒမ်ဘိုလာနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား လုပ်ဆောင်ခဲ့တဲ့တွေ့ဆုံဆွေးနွေးပွဲဟာ ဂါဇာ ကမ်းမြောင်ဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နဲ့ အစ္စရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အာရုံစိုက်ခဲ့တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ဂါဇာဓါးစာခံလႊတ္ေပးေရးသေဘာတူညီခ်က္က လာမယ့္သီတင္းပတ္ေတြအတြင္း ရရွိႏိုင္ေျခရွိတယ္လို႔ အေမရိကန္သံတမန္ေျပာ
Pika (NP News) - မတ္ ၁ဝ
ဂါဇာကမ္းေျမာင္ေဒသအေျခစိုက္ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ခဲ့တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲဟာ အေထာက္အကူမ်ားစြာျဖစ္ခဲ့ၿပီး ဓါးစာခံလႊတ္ေပးေရ သေဘာတူညီခ်က္ကို လာမယ့္ သီတင္းပတ္ေတြအတြင္း ရရွိႏိုင္လိမ့္မယ္လို႔ ယုံၾကည္တယ္လို႔ အေမရိကန္သံတမန္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္က အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခဲ့တဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္တာဟာ ထူးဆန္းတဲ့ကိစၥရပ္တစ္ခုျဖစ္တယ္လို႔ အေမရိကန္သံတမန္က အသိအမွတ္ျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ ေနာက္ထပ္ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ ရွိ/မရွိဆိုတာကို အေမရိကန္ သံတမန္ အဒမ္ဘိုလာက ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။ ၎က “ဒီေတြ႕ဆုံေဆြးေႏြးမႈဟာ အရမ္းကိုအေထာက္အကူျဖစ္ေစမယ့္ ေတြ႕ဆုံမႈတစ္ခုလို႔ ကြၽန္ေတာ္ထင္ပါတယ္။ လာမယ့္သီတင္းပတ္ေတြအတြင္း မွာ တစ္စုံတစ္ခုကို ေပါင္းစပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ လာမယ့္သီတင္းပတ္ေတြအတြင္း အေမရိကန္ႏိုင္ငံသားေတြတင္မဟုတ္ဘဲ အက်ဥ္းသားအားလုံးကို ျပန္လႊတ္ေပးႏိုင္မယ့္ သေဘာတူညီခ်က္တစ္ခု ရရွိလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက အဒမ္ဘိုလာနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား လုပ္ေဆာင္ခဲ့တဲ့ေတြ႕ဆုံေဆြးေႏြးပြဲဟာ ဂါဇာ ကမ္းေျမာင္ေဒသမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အေမရိကန္နဲ႔ အစၥေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရးကို အာ႐ုံစိုက္ခဲ့တယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။