အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်က လူနေဧရိယာတစ်ခုကို လေယာဉ်ငယ်တစ်စီး ပျက်ကျ

 355

Pika (NP News) - မတ် ၁ဝ

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် Manheim မြို့မှာရှိတဲ့ လူနေဧရိယာတစ်ခုကို လူ(၅)ဦးတင်ဆောင် လာတဲ့ ပုဂ္ဂလိကလေယာဉ်ငယ်တစ်စီးပျက်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ဟာ Lancaster လေဆိပ်အနီး မှာ မတ်လ(၉)ရက် ညနေ(၃)နာရီအချိန်လောက်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေမှာ ကားရပ်နားရာနေရာတစ်ခုမှာ မီးလောင်နေတဲ့ လေယာဉ်ကိုယ်ထည်အပိုင်းအစများစွာနဲ့အတူ မီးလောင်ကျွမ်းနေတဲ့ကားများစွာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ ဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ဒေသတွင်းသတင်းချန်နယ် WPVI-TV က ရေးသား ဖော်ပြခဲ့ပါတယ်။
ပင်ဆယ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ်ရှာပီရိုက “အခင်းဖြစ်ပွားရာနေရာမှာ ကူညီမှုတွေ လုပ်ဆောင် နေတဲ့တာဝန်ရှိသူတွေကို ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲတပ်ဖွဲ့က ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးနေပါ တယ်။ တုံ့ပြန်မှုတွေကို ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ နောက်ထပ်သတင်းအချက်အလက်တွေကို မကြာခင် အချိန်အတွင်း ရရှိလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်နိုင်ငံမှာ လူအသေအပျောက်များတဲ့ လေကြောင်းဖြစ်ရပ်တွေ များစွာဖြစ်ပွားခဲ့ တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက အမေရိကန်စစ်တပ် Black Hawk ရဟတ်ယာဉ်တစ်စင်းနဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းတို့ Potomac မြစ်ပေါ်မှာ တိုက်မိခဲ့ပြီး လူ(၆၇)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အလားတူလမှာပဲ ဆေးဘက်ဆိုင်ရာလေယာဉ်တစ်စင်းဟာ ဖီလာဒဲလ်ဖီးယားမြို့မှာ ပျက်ကျခဲ့ပြီး လူ(၇)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္က လူေနဧရိယာတစ္ခုကို ေလယာဥ္ငယ္တစ္စီး ပ်က္က်
Pika (NP News) - မတ္ ၁ဝ

အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္ Manheim ၿမိဳ႕မွာရွိတဲ့ လူေနဧရိယာတစ္ခုကို လူ(၅)ဦးတင္ေဆာင္ လာတဲ့ ပုဂၢလိကေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္ဟာ Lancaster ေလဆိပ္အနီး မွာ မတ္လ(၉)ရက္ ညေန(၃)နာရီအခ်ိန္ေလာက္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အခင္းျဖစ္ပြားရာေနရာကို ႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္ေတြမွာ ကားရပ္နားရာေနရာတစ္ခုမွာ မီးေလာင္ေနတဲ့ ေလယာဥ္ကိုယ္ထည္အပိုင္းအစမ်ားစြာနဲ႔အတူ မီးေလာင္ကြၽမ္းေနတဲ့ကားမ်ားစြာကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီ ျဖစ္ရပ္အတြင္း ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားရွိတယ္လို႔ ေဒသတြင္းသတင္းခ်န္နယ္ WPVI-TV က ေရးသား ေဖာ္ျပခဲ့ပါတယ္။
ပင္ဆယ္ေဗးနီးယားျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဂ်ိဳ႕ရွ္ရွာပီ႐ိုက “အခင္းျဖစ္ပြားရာေနရာမွာ ကူညီမႈေတြ လုပ္ေဆာင္ ေနတဲ့တာဝန္ရွိသူေတြကို ပင္ဆယ္ေဗးနီးယားျပည္နယ္ရဲတပ္ဖြဲ႕က ကူညီေထာက္ပံ့ေပးမႈေတြ လုပ္ေဆာင္ေပးေနပါ တယ္။ တုံ႔ျပန္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူ ေနာက္ထပ္သတင္းအခ်က္အလက္ေတြကို မၾကာခင္ အခ်ိန္အတြင္း ရရွိလာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့လေတြအတြင္း အေမရိကန္ႏိုင္ငံမွာ လူအေသအေပ်ာက္မ်ားတဲ့ ေလေၾကာင္းျဖစ္ရပ္ေတြ မ်ားစြာျဖစ္ပြားခဲ့ တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလက အေမရိကန္စစ္တပ္ Black Hawk ရဟတ္ယာဥ္တစ္စင္းနဲ႔ ခရီးသည္တင္ေလယာဥ္တစ္စင္းတို႔ Potomac ျမစ္ေပၚမွာ တိုက္မိခဲ့ၿပီး လူ(၆၇)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အလားတူလမွာပဲ ေဆးဘက္ဆိုင္ရာေလယာဥ္တစ္စင္းဟာ ဖီလာဒဲလ္ဖီးယားၿမိဳ႕မွာ ပ်က္က်ခဲ့ၿပီး လူ(၇)ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.