ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နှင့်တိုင်းများတွင် ရွှေဓါတ်ခွဲခန်းများ ဖွင့်မည်

382

NP News - မတ် ၁၀
ရန်ကုန်မြို့ အပါအဝင် အခြားပြည်နယ်နှင့်တိုင်း မြို့များတွင် နိုင်ငံတကာအဆင့်မီ ရွှေဓါတ်ခွဲခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှသိရသည်။
မြန်မာ့ရွှေဓာတ်ခွဲစမ်းသပ်နိုင်ရန် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများတွင် စနစ်တကျစမ်းသပ်ပြီး အလေးချိန်နှင့် အရည်အသွေးကို စမ်းသပ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်း ဓာတ်ခွဲခန်းများအား ရန်ကုန်မြို့အပြင် မြစ်ကြီးနား၊ မန္တလေး၊ မော်လမြိုင်၊ ဘားအံမြို့များ၌ ဖွင့်လှစ်မည့်အပြင် ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရန် ဆောင်ရွက်နေပြီး X-ray စစ်ဆေးသည့် စက်များလည်း မှာယူထားပြီးဖြစ်ကြောင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောကြားသည်။
"ကောင်းကျိုးကတော့ ကျွန်တော်တို့ရွှေက နိုင်ငံတကာမှာ ကြိုက်တဲ့နေရာ သွားရောင်းလို့ရတယ်။နောက်တခါ နိုင်ငံတကာကလာတဲ့ နိုင်ငံခြားသားခရီးသည်တွေ လက်ဆောင်အဖြစ် ဝယ်သွားတယ်။ ဒါလည်း ပြန်ရောင်းရတယ်။ အလေးချိန်မလျော့ဘူး။ စံချိန်စံညွှန်းမလျော့ဘူးပေါ့။ နိုင်ငံတကာဈေးကွက်ကို မြန်မာ့ရွှေရောင်းဝယ်နိုင်တယ်။ ဈေးကွက်ကျယ်ပြန့်တာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါဓာတ်ခွဲခန်းများဖွင့်လှစ်ပြီးပါက မြန်မာ့ရွှေကို နိုင်ငံတကာဈေးကွက်သို့ လွယ်ကူစွာတင်ပို့ရောင်းချနိုင်မှာဖြစ်ပြီး လတ်တလောတွင် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ နှင့် ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှုရှိနေခြင်းကြောင့် ဓာတ်ခွဲခန်းများဖွင့်လှစ်နိုင်ရေးအတွက် အစုရှယ်ယာရှင်များကိုလည်း ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရန် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုခန့်ဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း YGEA မှ သိရသည်။
Zawgyi Version:
ရန္ကုန္ၿမိဳ႕ အပါအဝင္ ျပည္နယ္ႏွင့္တိုင္းမ်ားတြင္ ေ႐ႊဓါတ္ခြဲခန္းမ်ား ဖြင့္မည္
NP News - မတ္ ၁၀
ရန္ကုန္ၿမိဳ႕ အပါအဝင္ အျခားျပည္နယ္ႏွင့္တိုင္း ၿမိဳ႕မ်ားတြင္ ႏိုင္ငံတကာအဆင့္မီ ေ႐ႊဓါတ္ခြဲခန္းမ်ား ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) မွသိရသည္။
ျမန္မာ့ေ႐ႊဓာတ္ခြဲစမ္းသပ္ႏိုင္ရန္ ႏိုင္ငံတကာအဆင့္မီဓာတ္ခြဲခန္းမ်ားတြင္ စနစ္တက်စမ္းသပ္ၿပီး အေလးခ်ိန္ႏွင့္ အရည္အေသြးကို စမ္းသပ္စစ္ေဆးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ယင္း ဓာတ္ခြဲခန္းမ်ားအား ရန္ကုန္ၿမိဳ႕အျပင္ ျမစ္ႀကီးနား၊ မႏၲေလး၊ ေမာ္လၿမိဳင္၊ ဘားအံၿမိဳ႕မ်ား၌ ဖြင့္လွစ္မည့္အျပင္ ဓာတ္ခြဲခန္းမ်ားဖြင့္လွစ္ႏိုင္ေရး ႏိုင္ငံတကာအသိအမွတ္ျပဳ ISO လက္မွတ္ရရွိရန္ ေဆာင္႐ြက္ေနၿပီး X-ray စစ္ေဆးသည့္ စက္မ်ားလည္း မွာယူထားၿပီးျဖစ္ေၾကာင္း YGEA ဥကၠ႒ ဦးမ်ိဳးျမင့္ က ေျပာၾကားသည္။
"ေကာင္းက်ိဳးကေတာ့ ကြၽန္ေတာ္တို႔ေ႐ႊက ႏိုင္ငံတကာမွာ ႀကိဳက္တဲ့ေနရာ သြားေရာင္းလို႔ရတယ္။ေနာက္တခါ ႏိုင္ငံတကာကလာတဲ့ ႏိုင္ငံျခားသားခရီးသည္ေတြ လက္ေဆာင္အျဖစ္ ဝယ္သြားတယ္။ ဒါလည္း ျပန္ေရာင္းရတယ္။ အေလးခ်ိန္မေလ်ာ့ဘူး။ စံခ်ိန္စံၫႊန္းမေလ်ာ့ဘူးေပါ့။ ႏိုင္ငံတကာေဈးကြက္ကို ျမန္မာ့ေ႐ႊေရာင္းဝယ္ႏိုင္တယ္။ ေဈးကြက္က်ယ္ျပန႔္တာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါဓာတ္ခြဲခန္းမ်ားဖြင့္လွစ္ၿပီးပါက ျမန္မာ့ေ႐ႊကို ႏိုင္ငံတကာေဈးကြက္သို႔ လြယ္ကူစြာတင္ပို႔ေရာင္းခ်ႏိုင္မွာျဖစ္ၿပီး လတ္တေလာတြင္ ထိုင္း၊ စင္ကာပူ၊ တ႐ုတ္၊ အေမရိကန္၊ အိႏၵိယ ႏွင့္ ဥေရာပႏိုင္ငံမ်ားမွ စိတ္ဝင္စားမႈရွိေနျခင္းေၾကာင့္ ဓာတ္ခြဲခန္းမ်ားဖြင့္လွစ္ႏိုင္ေရးအတြက္ အစုရွယ္ယာရွင္မ်ားကိုလည္း ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံတကာသို႔ တင္ပို႔ေရာင္းခ်ႏိုင္ရန္ Exchange ႏွင့္ Logistic ကုမၸဏီ ၁၄ ခုခန႔္ျဖင့္ ခ်ိတ္ဆက္ထားၿပီးျဖစ္ေၾကာင္း YGEA မွ သိရသည္။