လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်တွင် အပူချိန် ၄ဝ ဒီဂရီ ဆဲဆီလ်စီးရပ်အထိ မြင့်တက်နိုင်

564

NP News - မတ်လ ၁၀
မတ်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင် နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းများတွင် အမြင့်ဆုံးအပူချိန် ၄ဝ ဒီဂရီဆဲလ်စီးရပ်အထက်အထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောကြားသည်။
“ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်း တပ်ဆင်ထားတဲ့ GSM Weather Station တွေက ရရှိတဲ့ real-time data တွေမှာတော့ ခံစားရတဲ့ အပူချိန်(Temperature Felt)က ၄၃ ဒီဂရီဆဲလ်စီးရပ်အထိ မြင့်တက်လာခဲ့ပြီး အပူချိန်တိုင်း sensor တွေက ရရှိတဲ့ အပူချိန်ကတော့ အမြင့်ဆုံး ၃၉ ဒီဂရီဆဲလ်စီးရပ်အထိရှိကြောင်း တွေ့ရပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။
မြန်မာနိုင်ငံအထက်ပိုင်း နှင့် အလယ်ပိုင်းမိုးနည်းရေရှားဒေသများ၏ အမြင့်ဆုံးအပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးရပ်အထက်တွင် ဆက်လက်ရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်က ၂၀ ဒီဂရီဆဲလ်စီးရပ် အောက်မှာ ဆက်လက်ရှိနေနိုင်ခြင်းကြောင့် စိုထိုင်းဆမြင့်တက်လာသော အချိန်(နေ့လည်နေ့ခင်းပိုင်းမှ ညနေပိုင်းကူးပြောင်းချိန်တွေ) မှာ ခံစားရသည့် အပူချိန်မြင့်တက်ခြင်းအား သတိထားဆင်ခြင်နိုင်ရန် အသိပေးထားသည်။
ထို့အတူ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဆန်းခိုင် ကလည်း မတ် ၁၀ ရက်နေ့ ကျော်ပါက အညာနွေ မြေပြင်အနီးအပူချိန်သည် မန္တလေးတွင် ၄၅ / ၄၆ ဒီဂရီဆဲလ်စီးရပ်၊ စစ်ကိုင်းတွင် ၄၂ ဒီ ဒီဂရီဆဲလ်စီးရပ် ၊ မကွေးတွင် ၄၂/၄၃ ဒီဂရီဆဲလ်စီးရပ်၊ ရခိုင်တွင် ၄၃/ ၄၄ ဒီဂရီဆဲလ်စီးရပ်၊ နေပြည်တော် နှင့် ပဲခူး တို့တွင် ၄၀/၄၁ ဒီဂရီဆဲလ်စီးရပ်၊ ဧရာဝတီ ၊ ရန်ကုန် ၊ မွန် နှင့် ကရင် တို့တွင် ၄၁/ ၄၂ ဒီဂရီဆဲလ်စီးရပ်ဖြင့် ရှိနိုင်ကြောင်း ခန်းမှန်းသုံးသပ်ချက်များထွက်ပေါ်နေသည်။
လာမည့်ရက်သတ္တပါတ်အတွင်း နေ့အပူချိန်များထူးခြားစွာမြင့်တက်လာနိုင်ခြင်းကြောင့် ပြည်သူလူထုအနေဖြင့်အပူဒါဏ်ဆိုင်ရာ သတိပေးချက်များကို စောင့်ကြည့်လေ့လာသင့်ကြောင်း မိုးလေဝသပညာရှင်များက တိုက်တွန်းပြောကြားထားသည်။

Zawgyi Version:
လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္တြင္ အပူခ်ိန္ ၄ဝဒီဂရီ ဆဲဆီလ္စီးရပ္အထိ ျမင့္တက္ႏိုင္
NP News - မတ္လ ၁၀
မတ္လ ၁၀ ရက္မွ ၁၄ ရက္အတြင္း ရန္ကုန္၊ ဧရာဝတီ၊ ပဲခူး၊ မြန္၊ ကရင္ ႏွင့္ တနသၤာရီတိုင္းေျမာက္ပိုင္းမ်ားတြင္ အျမင့္ဆုံးအပူခ်ိန္ ၄ဝ ဒီဂရီဆဲလ္စီးရပ္အထက္အထိ ျမင့္တက္လာႏိုင္ေၾကာင္း မိုးဇလပညာရွင္ ဦးဝင္းႏိုင္က ခန႔္မွန္းေျပာၾကားသည္။
“ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ ပဲခူးတိုင္းေဒသႀကီးအတြင္း တပ္ဆင္ထားတဲ့ GSM Weather Station ေတြက ရရွိတဲ့ real-time data ေတြမွာေတာ့ ခံစားရတဲ့ အပူခ်ိန္(Temperature Felt)က ၄၃ ဒီဂရီဆဲလ္စီးရပ္အထိ ျမင့္တက္လာခဲ့ၿပီး အပူခ်ိန္တိုင္း sensor ေတြက ရရွိတဲ့ အပူခ်ိန္ကေတာ့ အျမင့္ဆုံး ၃၉ ဒီဂရီဆဲလ္စီးရပ္အထိရွိေၾကာင္း ေတြ႕ရပါတယ္” ဟု ဦးဝင္းႏိုင္က ဆိုသည္။
ျမန္မာႏိုင္ငံအထက္ပိုင္း ႏွင့္ အလယ္ပိုင္းမိုးနည္းေရရွားေဒသမ်ား၏ အျမင့္ဆုံးအပူခ်ိန္သည္ ၄၀ ဒီဂရီဆဲလ္စီးရပ္အထက္တြင္ ဆက္လက္ရွိေနႏိုင္ၿပီး အနိမ့္ဆုံးအပူခ်ိန္က ၂၀ ဒီဂရီဆဲလ္စီးရပ္ ေအာက္မွာ ဆက္လက္ရွိေနႏိုင္ျခင္းေၾကာင့္ စိုထိုင္းဆျမင့္တက္လာေသာ အခ်ိန္(ေန႔လည္ေန႔ခင္းပိုင္းမွ ညေနပိုင္းကူးေျပာင္းခ်ိန္ေတြ) မွာ ခံစားရသည့္ အပူခ်ိန္ျမင့္တက္ျခင္းအား သတိထားဆင္ျခင္ႏိုင္ရန္ အသိေပးထားသည္။
ထို႔အတူ မိုးေလဝသ ေလ့လာသုံးသပ္သူ ဦးဆန္းခိုင္ ကလည္း မတ္ ၁၀ ရက္ေန႔ ေက်ာ္ပါက အညာေႏြ ေျမျပင္အနီးအပူခ်ိန္သည္ မႏၲေလးတြင္ ၄၅ / ၄၆ ဒီဂရီဆဲလ္စီးရပ္၊ စစ္ကိုင္းတြင္ ၄၂ ဒီ ဒီဂရီဆဲလ္စီးရပ္ ၊ မေကြးတြင္ ၄၂/၄၃ ဒီဂရီဆဲလ္စီးရပ္၊ ရခိုင္တြင္ ၄၃/ ၄၄ ဒီဂရီဆဲလ္စီးရပ္၊ ေနျပည္ေတာ္ ႏွင့္ ပဲခူး တို႔တြင္ ၄၀/၄၁ ဒီဂရီဆဲလ္စီးရပ္၊ ဧရာဝတီ ၊ ရန္ကုန္ ၊ မြန္ ႏွင့္ ကရင္ တို႔တြင္ ၄၁/ ၄၂ ဒီဂရီဆဲလ္စီးရပ္ျဖင့္ ရွိႏိုင္ေၾကာင္း ခန္းမွန္းသုံးသပ္ခ်က္မ်ားထြက္ေပၚေနသည္။
လာမည့္ရက္သတၱပါတ္အတြင္း ေန႔အပူခ်ိန္မ်ားထူးျခားစြာျမင့္တက္လာႏိုင္ျခင္းေၾကာင့္ ျပည္သူလူထုအေနျဖင့္အပူဒါဏ္ဆိုင္ရာ သတိေပးခ်က္မ်ားကို ေစာင့္ၾကည့္ေလ့လာသင့္ေၾကာင္း မိုးေလဝသပညာရွင္မ်ားက တိုက္တြန္းေျပာၾကားထားသည္။