ကြက်လည်ချောင်း စင်္ကြံ (သို့) အိန္ဒိယထိရှမခံနိုင်သော တောင်ကြားလမ်း နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်

 215

Htay Oung (NP News) - မတ် ၁ဝ

နယူးဒေလီအနေနဲ့ “ကြက်လည်ချောင်း စင်္ကြံ” လို့ အများသိထားကြတဲ့ “ဆီလီဂူရီတောင် ကြားလမ်း” မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သင့်ကြောင်း၊ ဒေသခံပြည်သူတို့လည်းပါဝင်တဲ့ အဲဒီလေ့ကျင့်မှုမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ကိုလည်း အသိပေးရမှာဖြစ်ပြီး ဒီလိုနည်းနဲ့အိမ်နီးချင်းနိုင်ငံကို ရှင်းလင်းပြတ်သားတဲ့သတင်းစကားပေး ပို့ရာ ရောက်ရှိလိမ့်မယ်လို့ အိန္ဒိယစစ်ရေးလေ့လာသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ပရာဒစ်ဘာလီက “ထရိုင်ဗြွန်း သတင်းစာ” က ၂ဝ၂၅ ခုနှစ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ရေးသားခဲ့ပါတယ်။
ဆီလီဂူရီ စင်္ကြံဆိုတာ အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသကို ဆက်သွယ်ပေးထားပြီး စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဆက်သွယ်မှုတွေအတွက် အရေးပါတဲ့ကုန်းလမ်းဖြစ်ပါတယ်။ (၁၂)မိုင်မှ (၁၄)မိုင်ခန့် သာ ကျယ်ဝန်းပြီး အရှေ့မြောက်မှ အနောက်တောင် ခပ်စောင်းစောင်း မိုင် (၁၂၀)မျှ ရှည်လျားစွာတည်ရှိနေပုံအရ ‘ကြက်လည်ချောင်းစင်္ကြံ’ လို့ ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ နိုင်ငံ့မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကို ဆက်သွယ်ထား တဲ့နယ်မြေဟာ အဲဒီနေရာမှာ ရုတ်တရက် ကျဉ်းမြောင်းသွားသလိုဖြစ်နေပါတယ်။ မြောက်ဘင်္ဂလားဒေသကို အာသံ ပြည်နယ်နဲ့ဆက် သွယ်ပေးထားပြီး၊ အနောက်ဘက်မှာ နီပေါနိုင်ငံ၊ မြောက်ဘက်မှာ ဘူတန်နဲ့ တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်တို့က ဝန်းရံထားပါတယ်။ အိန္ဒိယ-နီပေါနယ်စပ်ရှိ နာဇာဘာရီနဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖန်ဆီဒီဝါတို့အကြား တောင်ကြားဟာ (၁၂) မိုင်သာရှိတဲ့အတွက် အကျဉ်းဆုံးလို့ဆိုနိုင်ပါတယ်။ နီပေါ နိုင်ငံက ကာဘီတာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဂလာဘန်ဒါတို့အကြား ကုန်သွယ်ရေး ဘုံလမ်းကြောင်းဟာ (၁၈)မိုင်ခန့်ရှိ နေပြီး ဘူတန်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား အိန္ဒိယနယ်မြေရဲ့ အကျဉ်းဆုံးနေရာဟာ (၂၇)မိုင် ရှိပါတယ်။
အမှတ် (၁၇)နဲ့(၂၇) အဝေးပြေးလမ်းမ ကြီး၊ မီးရထားလမ်း ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ အမျိုးသား ဓာတ်အား လိုင်းတွေ ဖြတ်သန်းသွားပြီး လေယာဉ်ကွင်း (၂)ခု မြို့ကြီး (၃)မြို့နဲ့ အရေးကြီး စစ်ဌာချုပ်တွေဟာ အဲဒီတောင်ကြား နယ်မြေအတွင်း မှာတည်ရှိနေပါတယ်။ မြောက်ဘက် ဘူတန်နိုင်ငံ တောင်ပိုင်းဟာ တရုတ်နိုင်ငံ ချမ်ဘီ ချိုင့်ဝှမ်းနဲ့ (၂၅) မိုင်ခန့် ကွာဝေးပါတယ်။ ဒါပေမဲ့ စင်္ကြံရဲ့တောင်ဘက်တစ်လျှောက်လုံးမှာတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြစ်ဝှမ်း ဒေသဖြစ်နေပြီး တောင်ကုန်းတွေကြား တိုးဝင်နေတဲ့ ရွံ့နွံအတိ ဖုံးလွှမ်းရာ ဧရိယာဖြစ်နေပါတယ်။
သုံးနိုင်ငံအကြား နယ်စပ်တစ်လျှောက် စောင့်ရှောက်ရမယ့် အလုပ်ဟာ ဥပဒေမဲ့ရွှေ့ပြောင်းနေ ထိုင်သူတွေ၊ မှောင်ခိုသမားတွေရဲ့ရန်ကို ကာကွယ်ဖို့နဲ့တင် အတော်ခက်ခဲနေပါပြီ။ အိန္ဒိယဘက်မှာရော ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ လူဦးရေ ပြွတ်သိပ်နေထိုင် ပါတယ်။ (ရှိတ်ဟာစီနာ ဖယ်ရှားခံရပြီးနောက်ပိုင်း) အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်ရဲ့ မငြိမ်သက်မှုနဲ့ အကြမ်းဖက်မှုတွေဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး အထူးသဖြင့် ဆီလီဂူရီ စင်္ကြံလမ်းမျိုးလို ထိရှ လွယ် ဒေသတွေအပေါ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ နဲ့ရောင်ပြန်ဟပ်နေပါတယ်။ အဲဒီဒေသရဲ့ မြေမျက်နှာ သွင်ပြင်နဲ့ တည်ရှိနေပုံ ထူးခြားချက်ဟာ အဖျက်အမှောက်လုပ်လိုသူတွေအတွက် မျက်စိကျချင်စရာ ဖြစ်နေပြီး သမားရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေကို အလွယ်တကူ အသုံးချနိုင်ပါတယ်။
ဆီလီဂူရီချိုင့်ဝှမ်းအတွက် သာမန် သမားရိုးကျ ခြိမ်းခြောက်မှုတစ်ခုခုဟာ အလွန်အမင်း ကြီးကျယ်လိမ့်မယ်လို့ ထင်မှတ်စရာရှိပါတယ်။ အကယ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ဘူတန်နိုင်ငံမှတစ်ဆင့် မြောက် ဘက်မှဖြစ်စေ ဘင်္ဂလားဒေ့ရှ်တပ်တွေက တောင်ဘက်မှဖြစ်စေ ဝင်ရောက်လာမယ်ဆိုရင် တားဆီးဖို့အတွက် အိန္ဒိယတပ်မတော်အနေနဲ့ ပုံမှန်မဟုတ်တဲ့ အခင်း အကျင်းမျိုးနဲ့ စစ်ခင်းရပါလိမ့်မယ်။
အမှန်တကယ် ခြိမ်းခြောက်မှုမှာ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းအမျိုးမျိုးရှိနေပါတယ်။ ဥပဒေမဲ့ ဖြတ်ကျော် ဝင်ရောက်မှုတွေရဲ့ များပြားလှတဲ့အရေအတွက်ဟာ လူဦးရေပြောင်းလဲမှုကို အရှိန်မြှင့်ပေးနေပြီး၊ လူမျိုးရေးအရ ပုန်ကန်မှုတွေနဲ့ နယ်ခြားတစ်ဖက်မှ ထောက်ပံ့မှုတွေဟာ လုံခြုံရေးဆိုင်ရာ အမှန်တကယ်စိန်ခေါ်မှုတွေဖြစ်နေပါ တယ်။
ဘင်္ဂလားဒေ့ရှ်မှ ဥပဒေမဲ့ရွှေ့ပြောင်းနေထိုင်မှုတွေဟာ အဲဒီဒေသရဲ့လူမျိုးအရ ဖွဲ့စည်းတည် နေဟန်ကို ထိခိုက်စေခဲ့ ပါတယ်။ အလုပ်သမားတွေအိမ်တွင်းလုပ်သားတွေနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုတွေ အပါအဝင် အငယ်စား စီးပွားရေးလုပ်ငန်းများအသွင် နှစ်ပေါင်းများစွာ အုံဖွဲ့ထားသလိုရှိနေပါတယ်။ ဒါတွေအားလုံးဟာ အိန္ဒိယရဲ့ အရေးပါတဲ့ဒေသတစ်ခုမှာ မငြိမ်သက်မှုတွေ ဖန်တီးပေးမယ့် လူသားအရင်းအမြစ်ကို ပံ့ပိုးပေးနေပါတယ်။
အာသံနဲ့ အရှေ့မြောက်ဖျားပြည်နယ် (၇)ခုဆိုတာ အလွန်ရှုပ်ထွေးများပြားလှတဲ့ လူမျိုးစု အသီးသီးတို့ နေထိုင် ရာဖြစ်ပြီး တချို့လူမျိုးစုတွေဟာ သီးခြားအုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ရေး ရရှိရေးအတွက် နယူးဒေလီကို ပုန်ကန်တိုက်ပွဲဝင်နေကြပါ တယ်။ လူမျိုးစုအချင်းချင်း အဓိကရုဏ်းတွေလည်း မကြာခဏ ဖြစ်ပွားတတ်ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည် နယ်ဟာ တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်း ပွားရာမှ နှစ်နိုင်ငံစစ်တပ်များ ရန်စောင်နေရပါသေး တယ်။ ပြည်တွင်းစစ်ပြင်းထန်နေတဲ့ မြန်မာနိုင်ငံ ဘက်မှ စစ်ဘေးရှောင်တွေ၊ တရားမဝင်လက်နက် ရောင်းဝယ်မှု၊ မူးယစ်ဆေး မှောင်ခိုကုန်ကူးမှုတွေ လည်း ရှိနေပါတယ်။
ဆီလီဂူရီစင်္ကြံလမ်းသာ ပိတ်ဆို့ခံရလျှင် အိန္ဒိယရဲ့ ‘ညီအစ်မ ခုနှစ်ဖော်’ လို့ လူသိများတဲ့ အရှေ့မြောက်ဝေးလံ ခေါင်ဖျားပြည်နယ် (၇)ခုဟာ ကျန်အိန္ဒိယနိုင်ငံနဲ့ ချိတ်ဆက်မှုပြတ်တောက်သွား နိုင်ပါတယ်။ ထိန်းသိမ်းကာကွယ်ဖို့ အတွက် အိန္ဒိယ အစိုးရအဆက်ဆက်က အထူးဂရုပြုနေရပါတယ်။
အိန္ဒိယတိုက်ငယ် ကိုလိုနီလက်အောက်မှ လွတ်မြောက်ပြီး (ဘာသာရေးအရ) တိုင်းပြည်အဖြစ် ပိုင်းခြားမယ့် (၁၉၄၇) ခုနှစ်မတိုင်မီနဲ့ အဲဒီနောက်ပိုင်း၊ အရှေ့ဘင်္ဂလား (ယခု ဘင်္ဂလားဒေ့ရှ်)မှာ မွတ်စလင် အစွန်းရောက် အစ္စလာမ္မစ် ဝါဒရဲ့အားကောင်းတဲ့လှိုင်းများက ခြေကုပ်ရနှင့်ပြီးဖြစ်ပါတယ်။ (၁၉၇၁) ခုနှစ် “ဘင်္ဂလားလွတ်လပ် ရေးလှုပ်ရှားမှု” ဟာ အဲဒီအစွန်းရောက်တွေကို ဖယ်ရှားနိုင်ခြင်းမရှိခဲ့ပါဘူး။ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ဖို့ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ အားထုတ်မှုကို ‘အော့ပရေးရှင်း ဆာ့ချ်လိုက်’နဲ့ သွေးချောင်းစီး ဖြိုခွင်းခဲ့တဲ့ ပါကစ္စ တန် စစ်တပ်ဟာ အရှက်ရဖွယ် အရေးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို အသိအမှတ်ပြုတဲ့ ပါကစ္စတန်ခေါင်းဆောင် အလီဘူတိုကို (၁၉၇၄)ခုနှစ် ဒါကာက သူရဲကောင်းတစ်ဦးပမာ ကြိုဆိုခဲ့ပါတယ်။
(၂၀ဝ၁) ခုနှစ်မှ (၂၀ဝ၆)ခုနှစ်အထိ ခါလီဒါ ဇီယာအစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ ပါကစ္စတန်ထောက်လှမ်း ရေးလွှမ်းမိုးမှု အထွတ်အထိပ်ကာလဖြစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အတွင်း မွတ်စလင်အစွန်းရောက်များပါဝင်နေခဲ့ပါတယ်။
‘‘ဟာကတ် အူလ်ဂျီဟဒ် အစ္စလာမ်မီ” အဖွဲ့ဟာ အိန္ဒိယ အကျိုးစီးပွားကိုပစ်မှတ်ထားတဲ့ အကြမ်းဖက် လုပ်ငန်း တွေကို ဗြောင်ကျကျလွတ်လပ်စွာ လုပ်ဆောင်ခဲ့ပါတယ်။ ရှိတ်ဟာစီနာလက်ထက်မှာတော့ ဘုံရန်သူကို အာရုံစိုက်ခဲ့ ပေမယ့် အားကောင်းလှတဲ့ အစ္စလာမ္မစ် သဘောထားအမြင်တွေကို ဖယ်ရှား နိုင်ခဲ့ခြင်း မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်ကြား နီးကပ်တဲ့ မဟာမိတ် ဖွဲ့မှုဟာ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဒေသတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် မကောင်းတဲ့နိမိတ် လက္ခဏာဖြစ်ကြောင်း၊ ရှိတ်ဟာစီနာခေတ်နောက်ပိုင်းမှာ ဇက်ရဲလက်ရဲဖြစ်လာတဲ့ ဘင်္ဂလားဒေ့ရှ်အစွန်းရောက် တွေ နဲ့ ISI ပါကစ္စတန် ထောက်လှမ်းရေးဟာ အိန္ဒိယတိုက်ငယ်အတွင်း အကျိုးစီးပွားတူ ဆိုးသွမ်းဖက်တွေကို ရှာဖွေ နေမှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုထောက်ပံ့ရေးစခန်းတွေနဲ့ တရားမဝင်ရွှေ့ ပြောင်းနေထိုင် သူတွေဟာ အိန္ဒိယပိုင်နက်ကို မငြိမ်မသက်ဖြစ်စေလိမ့်မယ်လို့ အိန္ဒိယအငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးက ရေးပါတယ်။
ဘင်္ဂလားဒေရှ့် ဂျီဟတ်ဝါဒီတွေလို့ သံသယဖြစ်ဖွယ် နယ်စပ်ကိုဖြတ်ကျော် ရေဒီယိုဆက် သွယ်မှုတွေကို မကြာ သေးမီ အိန္ဒိယထောက်လှမ်းရေးက ကြားဖြတ်ဖမ်းယူနိုင်ခဲ့ပါတယ်။ အိန္ဒိယကို ဆန့်ကျင်ဖို့အတွက် ပါကစ္စတန် ထောက်လှမ်းရေးနဲ့ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အလွယ်တကူရရှိနိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လူသစ် စုဆောင်းရေးစခန်းဟာ အိန္ဒိယအတွက် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးကို စတင်ဖို့ဖြစ်လာရပါတယ်။
ဆီလီဂူရီစင်္ကြံအပါအဝင် မိုင်ပေါင်း (၂၅၅၀)ရှည်လျားတဲ့ နယ်စပ်ကို စောင့်ကြပ်တာဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် BSF က တာဝန် ယူရပါတယ်။ ပင်မလက်နက်ကိုင်ရဲတပ်ဖွဲ့တွေထဲမှာ အရေအတွက်အများဆုံးဖြစ်ပြီး ကောင်း မွန်တဲ့ဖွဲ့ စည်းပုံနဲ့ ခေတ်မီလက်နက်တွေ တပ်ဆင်ထားပါတယ်။ စင်္ကြံအနီးမှာ ဘင်္ဂလားဒေ့ရှ် စစ်စခန်း အနည်းငယ် ရှိပါတယ်။ ဒီလိုနယ်မြေမှာ စစ်တပ်ရော နယ်ခြားစောင့်ရဲကင်းတွေပါ ရှိသင့်ပေမယ့် BSF စခန်း တစ်ခုမှ မရှိပါဘူး။
လွန်ခဲ့တဲ့ရက်သတ္တပတ် နယူးဒေလီမြို့ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်ခြားစောင့်တပ်များ òန်ကြားရေးမှူး ချုပ်အဆင့် ဆွေးနွေးပွဲတုန်းက ကျန်ရှိနေတဲ့ နယ်နိမိတ်ဒေသတွေမှာ နယ်ခြားစောင့် ကင်းစခန်း တည်ဆောက်ခြင်း၊ အိန္ဒိယ နယ်ခြားဝန် ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေ၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ အိန္ဒိယကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်ခြင်း၊ လက်နက်နဲ့မူးယစ်ဆေးဝါးမှောင်ခို သယ်ဆောင်ခြင်း စတဲ့ အငြင်းပွားဖွယ်ကိစ္စရပ်တွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒါတွေ အားလုံးဟာ ဘာတွေ ဘယ်လိုပြောပြော ဘာမှအကောင်အထည်ပေါ်မလာဘဲ ပြန်လည်ကြုံတွေ့ရမြဲ ပြဿနာများသာ ဖြစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဟာ တက်တက်ကြွကြွရှိပေမယ့် ဟိုဘက်ဒီဘက် တရားမဝင် ဘင်္ဂလားဒေ့ရှ် တွေနဲ့ သူတို့ကိုစာနာတဲ့ အိန္ဒိယ တို့နေထိုင်ရာ မြို့ရွာများအကြား ပိတ်မိသလိုခံစား နေရပုံပေါ်ပါတယ်။ လူကုန်ကူး မှု၊ ကျွဲနွားမူးယစ်ဆေး မှောင်ခိုကိစ္စတွေကို တားဆီးဖို့ ကြိုးစားတိုင်း ခါးခါးသီး လုပ်နေပါတယ်။
ဘင်္ဂလားဒေရှ်ဟာ စိုးရိမ်စရာကိစ္စရပ်အားလုံးကို အဓိကအာရုံစိုက်သင့်ပါတယ်။ နယ်ခြားစောင့် တပ်ကို ပိုမိုအားထည့်ပြီး နယ်ခြားဆိုင်ရာမှုခင်းတွေမှာ ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်သင့်ပါတယ်။ အိန္ဒိယအနေနဲ့လည်း ကြက် လည်ချောင်းစင်္ကြံတစ် လျှောက်ဒေသခံတွေပါဝင်တဲ့ ဇာတ်တိုက်လေ့ကျင့် မှုတွေပြုလုပ်သင့်ပြီး အဲဒီလေ့ကျင့်မှုမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကိုလည်း အသိပေးခြင်းဖြင့် အိန္ဒိယရဲ့လုံခြုံရေးကာကွယ်ရေးနဲ့ မတူညီတဲ့ ခြိမ်း ခြောက်မှုတွေကိုဟန့်တားဖို့ ခိုင်မာတဲ့စွမ်း ရည်ရှိကြောင်း ရှင်းလင်းစွာပြသရလိမ့်မယ်လို့ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဒစ် ဘာလီက ဆိုပါတယ်။

Zawgyi Version:
ၾကက္လည္ေခ်ာင္း စႀကႍ (သို႔) အိႏၵိယထိရွမခံႏိုင္ေသာ ေတာင္ၾကားလမ္း ႏွင့္ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္
Htay Oung (NP News) - မတ္ ၁ဝ

နယူးေဒလီအေနနဲ႔ “ၾကက္လည္ေခ်ာင္း စႀကႍ” လို႔ အမ်ားသိထားၾကတဲ့ “ဆီလီဂူရီေတာင္ ၾကားလမ္း” မွာ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္သင့္ေၾကာင္း၊ ေဒသခံျပည္သူတို႔လည္းပါဝင္တဲ့ အဲဒီေလ့က်င့္မႈမွာ ဘဂၤလားေဒ့ရွ္နယ္ျခား ေစာင့္တပ္ကိုလည္း အသိေပးရမွာျဖစ္ၿပီး ဒီလိုနည္းနဲ႔အိမ္နီးခ်င္းႏိုင္ငံကို ရွင္းလင္းျပတ္သားတဲ့သတင္းစကားေပး ပို႔ရာ ေရာက္ရွိလိမ့္မယ္လို႔ အိႏၵိယစစ္ေရးေလ့လာသူ အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ပရာဒစ္ဘာလီက “ထ႐ိုင္ႁဗြန္း သတင္းစာ” က ၂ဝ၂၅ ခုႏွစ္မွာ ေဖေဖာ္ဝါရီလ ၂၈ ရက္မွာ ေရးသားခဲ့ပါတယ္။
ဆီလီဂူရီ စႀကႍဆိုတာ အိႏၵိယႏိုင္ငံရဲ႕ ေျမာက္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းေဒသကို ဆက္သြယ္ေပးထားၿပီး စစ္ေရး၊ စီးပြားေရးနဲ႔ လူမႈေရးဆိုင္ရာ ဆက္သြယ္မႈေတြအတြက္ အေရးပါတဲ့ကုန္းလမ္းျဖစ္ပါတယ္။ (၁၂)မိုင္မွ (၁၄)မိုင္ခန႔္ သာ က်ယ္ဝန္းၿပီး အေရွ႕ေျမာက္မွ အေနာက္ေတာင္ ခပ္ေစာင္းေစာင္း မိုင္ (၁၂၀)မွ် ရွည္လ်ားစြာတည္ရွိေနပုံအရ ‘ၾကက္လည္ေခ်ာင္းစႀကႍ’ လို႔ ေခၚဆိုၾကျခင္းျဖစ္ပါတယ္။ ႏိုင္ငံ့ေျမာက္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းကို ဆက္သြယ္ထား တဲ့နယ္ေျမဟာ အဲဒီေနရာမွာ ႐ုတ္တရက္ က်ဥ္းေျမာင္းသြားသလိုျဖစ္ေနပါတယ္။ ေျမာက္ဘဂၤလားေဒသကို အာသံ ျပည္နယ္နဲ႔ဆက္ သြယ္ေပးထားၿပီး၊ အေနာက္ဘက္မွာ နီေပါႏိုင္ငံ၊ ေျမာက္ဘက္မွာ ဘူတန္နဲ႔ ေတာင္ဘက္မွာ ဘဂၤလားေဒ့ရွ္တို႔က ဝန္းရံထားပါတယ္။ အိႏၵိယ-နီေပါနယ္စပ္ရွိ နာဇာဘာရီနဲ႔ အိႏၵိယ-ဘဂၤလားေဒ့ရွ္နယ္စပ္ ဖန္ဆီဒီဝါတို႔အၾကား ေတာင္ၾကားဟာ (၁၂) မိုင္သာရွိတဲ့အတြက္ အက်ဥ္းဆုံးလို႔ဆိုႏိုင္ပါတယ္။ နီေပါ ႏိုင္ငံက ကာဘီတာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဘန္ဂလာဘန္ဒါတို႔အၾကား ကုန္သြယ္ေရး ဘုံလမ္းေၾကာင္းဟာ (၁၈)မိုင္ခန႔္ရွိ ေနၿပီး ဘူတန္နဲ႔ ဘဂၤလားေဒ့ရွ္ၾကား အိႏၵိယနယ္ေျမရဲ႕ အက်ဥ္းဆုံးေနရာဟာ (၂၇)မိုင္ ရွိပါတယ္။
အမွတ္ (၁၇)နဲ႔(၂၇) အေဝးေျပးလမ္းမ ႀကီး၊ မီးရထားလမ္း ေရနံ-ဓာတ္ေငြ႕ပိုက္လိုင္းေတြနဲ႔ အမ်ိဳးသား ဓာတ္အား လိုင္းေတြ ျဖတ္သန္းသြားၿပီး ေလယာဥ္ကြင္း (၂)ခု ၿမိဳ႕ႀကီး (၃)ၿမိဳ႕နဲ႔ အေရးႀကီး စစ္ဌာခ်ဳပ္ေတြဟာ အဲဒီေတာင္ၾကား နယ္ေျမအတြင္း မွာတည္ရွိေနပါတယ္။ ေျမာက္ဘက္ ဘူတန္ႏိုင္ငံ ေတာင္ပိုင္းဟာ တ႐ုတ္ႏိုင္ငံ ခ်မ္ဘီ ခ်ိဳင့္ဝွမ္းနဲ႔ (၂၅) မိုင္ခန႔္ ကြာေဝးပါတယ္။ ဒါေပမဲ့ စႀကႍရဲ႕ေတာင္ဘက္တစ္ေလွ်ာက္လုံးမွာေတာ့ ဘဂၤလားေဒ့ရွ္နယ္စပ္ျမစ္ဝွမ္း ေဒသျဖစ္ေနၿပီး ေတာင္ကုန္းေတြၾကား တိုးဝင္ေနတဲ့ ႐ြံ႕ႏြံအတိ ဖုံးလႊမ္းရာ ဧရိယာျဖစ္ေနပါတယ္။
သုံးႏိုင္ငံအၾကား နယ္စပ္တစ္ေလွ်ာက္ ေစာင့္ေရွာက္ရမယ့္ အလုပ္ဟာ ဥပေဒမဲ့ေ႐ႊ႕ေျပာင္းေန ထိုင္သူေတြ၊ ေမွာင္ခိုသမားေတြရဲ႕ရန္ကို ကာကြယ္ဖို႔နဲ႔တင္ အေတာ္ခက္ခဲေနပါၿပီ။ အိႏၵိယဘက္မွာေရာ ဘဂၤလားေဒ့ရွ္ဘက္မွာပါ လူဦးေရ ႁပြတ္သိပ္ေနထိုင္ ပါတယ္။ (ရွိတ္ဟာစီနာ ဖယ္ရွားခံရၿပီးေနာက္ပိုင္း) အိမ္နီးခ်င္းႏိုင္ငံ ဘဂၤလားေဒ့ရွ္ရဲ႕ မၿငိမ္သက္မႈနဲ႔ အၾကမ္းဖက္မႈေတြဟာ နယ္စပ္ကိုျဖတ္ေက်ာ္ၿပီး အထူးသျဖင့္ ဆီလီဂူရီ စႀကႍလမ္းမ်ိဳးလို ထိရွ လြယ္ ေဒသေတြအေပၚ လုံၿခဳံေရးဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ား နဲ႔ေရာင္ျပန္ဟပ္ေနပါတယ္။ အဲဒီေဒသရဲ႕ ေျမမ်က္ႏွာ သြင္ျပင္နဲ႔ တည္ရွိေနပုံ ထူးျခားခ်က္ဟာ အဖ်က္အေမွာက္လုပ္လိုသူေတြအတြက္ မ်က္စိက်ခ်င္စရာ ျဖစ္ေနၿပီး သမား႐ိုးက် မဟုတ္တဲ့ နည္းလမ္းေတြကို အလြယ္တကူ အသုံးခ်ႏိုင္ပါတယ္။
ဆီလီဂူရီခ်ိဳင့္ဝွမ္းအတြက္ သာမန္ သမား႐ိုးက် ၿခိမ္းေျခာက္မႈတစ္ခုခုဟာ အလြန္အမင္း ႀကီးက်ယ္လိမ့္မယ္လို႔ ထင္မွတ္စရာရွိပါတယ္။ အကယ္၍ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ (PLA)က ဘူတန္ႏိုင္ငံမွတစ္ဆင့္ ေျမာက္ ဘက္မွျဖစ္ေစ ဘဂၤလားေဒ့ရွ္တပ္ေတြက ေတာင္ဘက္မွျဖစ္ေစ ဝင္ေရာက္လာမယ္ဆိုရင္ တားဆီးဖို႔အတြက္ အိႏၵိယတပ္မေတာ္အေနနဲ႔ ပုံမွန္မဟုတ္တဲ့ အခင္း အက်င္းမ်ိဳးနဲ႔ စစ္ခင္းရပါလိမ့္မယ္။
အမွန္တကယ္ ၿခိမ္းေျခာက္မႈမွာ သမား႐ိုးက်မဟုတ္တဲ့ နည္းလမ္းအမ်ိဳးမ်ိဳးရွိေနပါတယ္။ ဥပေဒမဲ့ ျဖတ္ေက်ာ္ ဝင္ေရာက္မႈေတြရဲ႕ မ်ားျပားလွတဲ့အေရအတြက္ဟာ လူဦးေရေျပာင္းလဲမႈကို အရွိန္ျမႇင့္ေပးေနၿပီး၊ လူမ်ိဳးေရးအရ ပုန္ကန္မႈေတြနဲ႔ နယ္ျခားတစ္ဖက္မွ ေထာက္ပံ့မႈေတြဟာ လုံၿခဳံေရးဆိုင္ရာ အမွန္တကယ္စိန္ေခၚမႈေတြျဖစ္ေနပါ တယ္။
ဘဂၤလားေဒ့ရွ္မွ ဥပေဒမဲ့ေ႐ႊ႕ေျပာင္းေနထိုင္မႈေတြဟာ အဲဒီေဒသရဲ႕လူမ်ိဳးအရ ဖြဲ႕စည္းတည္ ေနဟန္ကို ထိခိုက္ေစခဲ့ ပါတယ္။ အလုပ္သမားေတြအိမ္တြင္းလုပ္သားေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္ ေမွာင္ခိုမႈေတြ အပါအဝင္ အငယ္စား စီးပြားေရးလုပ္ငန္းမ်ားအသြင္ ႏွစ္ေပါင္းမ်ားစြာ အုံဖြဲ႕ထားသလိုရွိေနပါတယ္။ ဒါေတြအားလုံးဟာ အိႏၵိယရဲ႕ အေရးပါတဲ့ေဒသတစ္ခုမွာ မၿငိမ္သက္မႈေတြ ဖန္တီးေပးမယ့္ လူသားအရင္းအျမစ္ကို ပံ့ပိုးေပးေနပါတယ္။
အာသံနဲ႔ အေရွ႕ေျမာက္ဖ်ားျပည္နယ္ (၇)ခုဆိုတာ အလြန္ရႈပ္ေထြးမ်ားျပားလွတဲ့ လူမ်ိဳးစု အသီးသီးတို႔ ေနထိုင္ ရာျဖစ္ၿပီး တခ်ိဳ႕လူမ်ိဳးစုေတြဟာ သီးျခားအုပ္ခ်ဳပ္ခြင့္ သို႔မဟုတ္ လြတ္လပ္ေရး ရရွိေရးအတြက္ နယူးေဒလီကို ပုန္ကန္တိုက္ပြဲဝင္ေနၾကပါ တယ္။ လူမ်ိဳးစုအခ်င္းခ်င္း အဓိက႐ုဏ္းေတြလည္း မၾကာခဏ ျဖစ္ပြားတတ္ၿပီး ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္နဲ႔ထိစပ္ေနတဲ့ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္ နယ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ နယ္ေျမပိုင္ဆိုင္မႈအျငင္း ပြားရာမွ ႏွစ္ႏိုင္ငံစစ္တပ္မ်ား ရန္ေစာင္ေနရပါေသး တယ္။ ျပည္တြင္းစစ္ျပင္းထန္ေနတဲ့ ျမန္မာႏိုင္ငံ ဘက္မွ စစ္ေဘးေရွာင္ေတြ၊ တရားမဝင္လက္နက္ ေရာင္းဝယ္မႈ၊ မူးယစ္ေဆး ေမွာင္ခိုကုန္ကူးမႈေတြ လည္း ရွိေနပါတယ္။
ဆီလီဂူရီစႀကႍလမ္းသာ ပိတ္ဆို႔ခံရလွ်င္ အိႏၵိယရဲ႕ ‘ညီအစ္မ ခုႏွစ္ေဖာ္’ လို႔ လူသိမ်ားတဲ့ အေရွ႕ေျမာက္ေဝးလံ ေခါင္ဖ်ားျပည္နယ္ (၇)ခုဟာ က်န္အိႏၵိယႏိုင္ငံနဲ႔ ခ်ိတ္ဆက္မႈျပတ္ေတာက္သြား ႏိုင္ပါတယ္။ ထိန္းသိမ္းကာကြယ္ဖို႔ အတြက္ အိႏၵိယ အစိုးရအဆက္ဆက္က အထူးဂ႐ုျပဳေနရပါတယ္။
အိႏၵိယတိုက္ငယ္ ကိုလိုနီလက္ေအာက္မွ လြတ္ေျမာက္ၿပီး (ဘာသာေရးအရ) တိုင္းျပည္အျဖစ္ ပိုင္းျခားမယ့္ (၁၉၄၇) ခုႏွစ္မတိုင္မီနဲ႔ အဲဒီေနာက္ပိုင္း၊ အေရွ႕ဘဂၤလား (ယခု ဘဂၤလားေဒ့ရွ္)မွာ မြတ္စလင္ အစြန္းေရာက္ အစၥလာမၼစ္ ဝါဒရဲ႕အားေကာင္းတဲ့လႈိင္းမ်ားက ေျခကုပ္ရႏွင့္ၿပီးျဖစ္ပါတယ္။ (၁၉၇၁) ခုႏွစ္ “ဘဂၤလားလြတ္လပ္ ေရးလႈပ္ရွားမႈ” ဟာ အဲဒီအစြန္းေရာက္ေတြကို ဖယ္ရွားႏိုင္ျခင္းမရွိခဲ့ပါဘူး။ သီးျခားႏိုင္ငံအျဖစ္ ခြဲထြက္ဖို႔ အေရွ႕ပါကစၥတန္ (ယခု ဘဂၤလားေဒ့ရွ္) ရဲ႕ အားထုတ္မႈကို ‘ေအာ့ပေရးရွင္း ဆာ့ခ်္လိုက္’နဲ႔ ေသြးေခ်ာင္းစီး ၿဖိဳခြင္းခဲ့တဲ့ ပါကစၥ တန္ စစ္တပ္ဟာ အရွက္ရဖြယ္ အေရးနိမ့္ခဲ့ရပါတယ္။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကို အသိအမွတ္ျပဳတဲ့ ပါကစၥတန္ေခါင္းေဆာင္ အလီဘူတိုကို (၁၉၇၄)ခုႏွစ္ ဒါကာက သူရဲေကာင္းတစ္ဦးပမာ ႀကိဳဆိုခဲ့ပါတယ္။
(၂၀ဝ၁) ခုႏွစ္မွ (၂၀ဝ၆)ခုႏွစ္အထိ ခါလီဒါ ဇီယာအစိုးရလက္ထက္ ဘဂၤလားေဒ့ရွ္ဟာ ပါကစၥတန္ေထာက္လွမ္း ေရးလႊမ္းမိုးမႈ အထြတ္အထိပ္ကာလျဖစ္ခဲ့ၿပီး၊ အစိုးရအဖြဲ႕အတြင္း မြတ္စလင္အစြန္းေရာက္မ်ားပါဝင္ေနခဲ့ပါတယ္။
‘‘ဟာကတ္ အူလ္ဂ်ီဟဒ္ အစၥလာမ္မီ” အဖြဲ႕ဟာ အိႏၵိယ အက်ိဳးစီးပြားကိုပစ္မွတ္ထားတဲ့ အၾကမ္းဖက္ လုပ္ငန္း ေတြကို ေျဗာင္က်က်လြတ္လပ္စြာ လုပ္ေဆာင္ခဲ့ပါတယ္။ ရွိတ္ဟာစီနာလက္ထက္မွာေတာ့ ဘုံရန္သူကို အာ႐ုံစိုက္ခဲ့ ေပမယ့္ အားေကာင္းလွတဲ့ အစၥလာမၼစ္ သေဘာထားအျမင္ေတြကို ဖယ္ရွား ႏိုင္ခဲ့ျခင္း မရွိပါဘူး။
ဘဂၤလားေဒ့ရွ္မွာ အစိုးရအေျပာင္းအလဲ ျဖစ္ေပၚၿပီးေနာက္ ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္ၾကား နီးကပ္တဲ့ မဟာမိတ္ ဖြဲ႕မႈဟာ နယ္နိမိတ္ခ်င္းဆက္စပ္ေနတဲ့ ေဒသေတြရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈအတြက္ မေကာင္းတဲ့နိမိတ္ လကၡဏာျဖစ္ေၾကာင္း၊ ရွိတ္ဟာစီနာေခတ္ေနာက္ပိုင္းမွာ ဇက္ရဲလက္ရဲျဖစ္လာတဲ့ ဘဂၤလားေဒ့ရွ္အစြန္းေရာက္ ေတြ နဲ႔ ISI ပါကစၥတန္ ေထာက္လွမ္းေရးဟာ အိႏၵိယတိုက္ငယ္အတြင္း အက်ိဳးစီးပြားတူ ဆိုးသြမ္းဖက္ေတြကို ရွာေဖြ ေနမွာျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း အေျချပဳေထာက္ပံ့ေရးစခန္းေတြနဲ႔ တရားမဝင္ေ႐ႊ႕ ေျပာင္းေနထိုင္ သူေတြဟာ အိႏၵိယပိုင္နက္ကို မၿငိမ္မသက္ျဖစ္ေစလိမ့္မယ္လို႔ အိႏၵိယအၿငိမ္းစားဒုတိယဗိုလ္ခ်ဳပ္ႀကီးက ေရးပါတယ္။
ဘဂၤလားေဒရွ႕္ ဂ်ီဟတ္ဝါဒီေတြလို႔ သံသယျဖစ္ဖြယ္ နယ္စပ္ကိုျဖတ္ေက်ာ္ ေရဒီယိုဆက္ သြယ္မႈေတြကို မၾကာ ေသးမီ အိႏၵိယေထာက္လွမ္းေရးက ၾကားျဖတ္ဖမ္းယူႏိုင္ခဲ့ပါတယ္။ အိႏၵိယကို ဆန႔္က်င္ဖို႔အတြက္ ပါကစၥတန္ ေထာက္လွမ္းေရးနဲ႔ပူးေပါင္းလုပ္ေဆာင္ေနေၾကာင္း၊ အလြယ္တကူရရွိႏိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ လူသစ္ စုေဆာင္းေရးစခန္းဟာ အိႏၵိယအတြက္ အၾကမ္းဖက္ႏွိမ္နင္းမႈ စစ္ဆင္ေရးကို စတင္ဖို႔ျဖစ္လာရပါတယ္။
ဆီလီဂူရီစႀကႍအပါအဝင္ မိုင္ေပါင္း (၂၅၅၀)ရွည္လ်ားတဲ့ နယ္စပ္ကို ေစာင့္ၾကပ္တာဟာ ဘဂၤလားေဒ့ရွ္ နယ္ျခား ေစာင့္တပ္ BSF က တာဝန္ ယူရပါတယ္။ ပင္မလက္နက္ကိုင္ရဲတပ္ဖြဲ႕ေတြထဲမွာ အေရအတြက္အမ်ားဆုံးျဖစ္ၿပီး ေကာင္း မြန္တဲ့ဖြဲ႕ စည္းပုံနဲ႔ ေခတ္မီလက္နက္ေတြ တပ္ဆင္ထားပါတယ္။ စႀကႍအနီးမွာ ဘဂၤလားေဒ့ရွ္ စစ္စခန္း အနည္းငယ္ ရွိပါတယ္။ ဒီလိုနယ္ေျမမွာ စစ္တပ္ေရာ နယ္ျခားေစာင့္ရဲကင္းေတြပါ ရွိသင့္ေပမယ့္ BSF စခန္း တစ္ခုမွ မရွိပါဘူး။
လြန္ခဲ့တဲ့ရက္သတၱပတ္ နယူးေဒလီၿမိဳ႕ ဘဂၤလားေဒ့ရွ္-အိႏၵိယ နယ္ျခားေစာင့္တပ္မ်ား òန္ၾကားေရးမႉး ခ်ဳပ္အဆင့္ ေဆြးေႏြးပြဲတုန္းက က်န္ရွိေနတဲ့ နယ္နိမိတ္ေဒသေတြမွာ နယ္ျခားေစာင့္ ကင္းစခန္း တည္ေဆာက္ျခင္း၊ အိႏၵိယ နယ္ျခားဝန္ ထမ္းေတြအေပၚ တိုက္ခိုက္မႈေတြ၊ တရားမဝင္ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြရဲ႕ လႈပ္ရွားမႈေတြ၊ အိႏၵိယကို ဆန႔္က်င္တဲ့ လက္နက္ကိုင္အဖြဲ႕ေတြကို ထိန္းခ်ဳပ္ျခင္း၊ လက္နက္နဲ႔မူးယစ္ေဆးဝါးေမွာင္ခို သယ္ေဆာင္ျခင္း စတဲ့ အျငင္းပြားဖြယ္ကိစၥရပ္ေတြကို အဓိကေဆြးေႏြးခဲ့ၾကပါတယ္။ ဒါေပမဲ့ အဲဒါေတြ အားလုံးဟာ ဘာေတြ ဘယ္လိုေျပာေျပာ ဘာမွအေကာင္အထည္ေပၚမလာဘဲ ျပန္လည္ႀကဳံေတြ႕ရၿမဲ ျပႆနာမ်ားသာ ျဖစ္ေနပါတယ္။
ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ဟာ တက္တက္ႂကြႂကြရွိေပမယ့္ ဟိုဘက္ဒီဘက္ တရားမဝင္ ဘဂၤလားေဒ့ရွ္ ေတြနဲ႔ သူတို႔ကိုစာနာတဲ့ အိႏၵိယ တို႔ေနထိုင္ရာ ၿမိဳ႕႐ြာမ်ားအၾကား ပိတ္မိသလိုခံစား ေနရပုံေပၚပါတယ္။ လူကုန္ကူး မႈ၊ ကြၽဲႏြားမူးယစ္ေဆး ေမွာင္ခိုကိစၥေတြကို တားဆီးဖို႔ ႀကိဳးစားတိုင္း ခါးခါးသီး လုပ္ေနပါတယ္။
ဘဂၤလားေဒရွ္ဟာ စိုးရိမ္စရာကိစၥရပ္အားလုံးကို အဓိကအာ႐ုံစိုက္သင့္ပါတယ္။ နယ္ျခားေစာင့္ တပ္ကို ပိုမိုအားထည့္ၿပီး နယ္ျခားဆိုင္ရာမႈခင္းေတြမွာ က်ယ္က်ယ္ျပန္ျပန႔္ ေဆာင္႐ြက္သင့္ပါတယ္။ အိႏၵိယအေနနဲ႔လည္း ၾကက္ လည္ေခ်ာင္းစႀကႍတစ္ ေလွ်ာက္ေဒသခံေတြပါဝင္တဲ့ ဇာတ္တိုက္ေလ့က်င့္ မႈေတြျပဳလုပ္သင့္ၿပီး အဲဒီေလ့က်င့္မႈမွာ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ကိုလည္း အသိေပးျခင္းျဖင့္ အိႏၵိယရဲ႕လုံၿခဳံေရးကာကြယ္ေရးနဲ႔ မတူညီတဲ့ ၿခိမ္း ေျခာက္မႈေတြကိုဟန႔္တားဖို႔ ခိုင္မာတဲ့စြမ္း ရည္ရွိေၾကာင္း ရွင္းလင္းစြာျပသရလိမ့္မယ္လို႔ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ပရာဒစ္ ဘာလီက ဆိုပါတယ္။

Related news

© 2021. All rights reserved.