မြောက်ကိုရီးယားက ဒုံးကျည်အများအပြား ထပ်မံပစ်လွှတ်

591

ဂျန်ဇက် (NP News) - မတ် ၁ဝ
တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းကို ပြစ်တင်ရှုတ်ချပြီးနောက် နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားဟာ မတ်လ ၁၀ ရက်မှာ ဒုံးကျည်အများအပြားပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ အန္တရာယ်ရှိတဲ့ ရန်စမှုလုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ဝေဖန်ထားပါတယ်။ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားနိုင်ငံအနောက်ပိုင်းကနေ ဒုံးကျည်တွေပစ်ခတ်ခဲ့တာဖြစ်ပြီး ပင်လယ်ဝါထဲကို ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့မတ်လ ၁၀ ရက်က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုဟာ အမေရိကန်သမ္မတအသစ်ပြောင်းလဲပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို မကြာခဏ ဝေဖန်ပြစ်တင်ခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ အမေရိကန်ဟာ နှစ်စဥ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်ခန်းကို မတ်လ ၂၀ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။
တောင်ကိုရီးယားစစ်တပ်ကတော့ အမေရိကန်နဲ့ပြုလုပ်တဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ခြိမ်းခြောက်မှုတွေကိုတုံ့ပြန်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
စစ်ရေးလေ့ကျင့်ခန်းကြောင့် အမေရိကန်နိုင်ငံရဲ့လုံခြုံရေးထိခိုက်ရဖွယ်ရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားပါတယ်။
မြောက်ကိုရီးယား ဒုံးကျည်နဲ့ နျူကလီးယားအစီစဥ်ကို တိုးမြှင့်လုပ်ဆောင်ခြင်းအတွက် အမေရိကန် တောင်ကိုရီးယားတို့နဲ့တင်းမာမှုအရှိန်မြင့်တက်နေပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားက ဒုံးက်ည္အမ်ားအျပား ထပ္မံပစ္လႊတ္
ဂ်န္ဇက္ (NP News) - မတ္ ၁ဝ
ေတာင္ကိုရီးယား နဲ႔ အေမရိကန္ႏိုင္ငံတို႔ ပူးတြဲျပဳလုပ္တဲ့စစ္ေရးေလ့က်င့္ခန္းကို ျပစ္တင္ရႈတ္ခ်ၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ ေျမာက္ကိုရီးယားဟာ မတ္လ ၁၀ ရက္မွာ ဒုံးက်ည္အမ်ားအျပားပစ္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္ခန္းဟာ အႏၲရာယ္ရွိတဲ့ ရန္စမႈလုပ္ရပ္ျဖစ္တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံက ေဝဖန္ထားပါတယ္။ ေတာင္ကိုရီးယားစစ္တပ္က ေျမာက္ကိုရီးယားႏိုင္ငံအေနာက္ပိုင္းကေန ဒုံးက်ည္ေတြပစ္ခတ္ခဲ့တာျဖစ္ၿပီး ပင္လယ္ဝါထဲကို က်ေရာက္ခဲ့တယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕မတ္လ ၁၀ ရက္က ပစ္ခတ္ခဲ့တဲ့ ဒုံးက်ည္ပစ္ခတ္မႈဟာ အေမရိကန္သမၼတအသစ္ေျပာင္းလဲၿပီးေနာက္ ပထမဆုံးအႀကိမ္ ပစ္ခတ္ခဲ့ျခင္းျဖစ္ပါတယ္။
ေျမာက္ကိုရီးယားဟာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔ရဲ႕ပူးတြဲစစ္ေရးေလ့က်င့္ခန္းကို မၾကာခဏ ေဝဖန္ျပစ္တင္ခဲ့ေပမယ့္ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ဟာ ႏွစ္စဥ္ျပဳလုပ္ေနက် စစ္ေရးေလ့က်င့္ခန္းကို မတ္လ ၂၀ ရက္အထိ ျပဳလုပ္မွာျဖစ္ပါတယ္။
ေတာင္ကိုရီးယားစစ္တပ္ကေတာ့ အေမရိကန္နဲ႔ျပဳလုပ္တဲ့ပူးတြဲစစ္ေရးေလ့က်င့္ခန္းဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ၿခိမ္းေျခာက္မႈေတြကိုတုံ႔ျပန္ဖို႔ ရည္႐ြယ္ျပဳလုပ္တာျဖစ္တယ္လို႔ တုံ႔ျပန္ထားပါတယ္။
စစ္ေရးေလ့က်င့္ခန္းေၾကာင့္ အေမရိကန္ႏိုင္ငံရဲ႕လုံၿခဳံေရးထိခိုက္ရဖြယ္ရွိတယ္လို႔ ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးက သတိေပးထားပါတယ္။
ေျမာက္ကိုရီးယား ဒုံးက်ည္နဲ႔ န်ဴကလီးယားအစီစဥ္ကို တိုးျမႇင့္လုပ္ေဆာင္ျခင္းအတြက္ အေမရိကန္ ေတာင္ကိုရီးယားတို႔နဲ႔တင္းမာမႈအရွိန္ျမင့္တက္ေနပါတယ္။