ယူကရိန်းက နယ်မြေတောင်းဆိုမှုတွေကို ရပ်တန့်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော

 1075

Pika (NP News) - မတ် ၁၁

ယူကရိန်းဟာ ရုရှားနဲ့ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုတွေ အဆင်ပြေချောမွေ့စေဖို့အတွက် နယ်မြေဟောင်းတွေပြန်လည်ရယူရေး ရည်မှန်းချက်ကို စွန့်လွှတ်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေးဗျနိုင်ငံမှာ ပြုလုပ်မယ့် အမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ကြား တွေ့ဆုံမှုမတိုင်မီ မာကိုရူဘီအိုက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိအများအပြားဟာ အစောပိုင်းမှာ အမေရိကန်ရဲ့မျှော်လင့်ချက်တွေကို အလေးအနက်ထားပြောပြခဲ့ပြီး နယ်မြေတောင်းဆိုမှုတွေ မလုပ်ဆောင်ဖို့ ယူကရိန်းကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

မာကိုရူဘီအိုက "အချိန်ကာလတစ်ခုအတွင်းမှာ ရုရှားပိုင်နက်နယ်မြေဖြစ်သွားခဲ့တဲ့ နယ်မြေတွေကနေ ရုရှားတွေကို ပြန်မောင်းထုတ်ဖို့က ယူကရိန်းအတွက် အလွန်ခက်ခဲပါလိမ့်မယ်။ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှုတွေမရှိတော့ဖို့အတွက် အရေးအကြီးဆုံးအရာက ရုရှားဘက်က ခက်ခဲတဲ့အရာတွေကိုလုပ်ဆောင်ပြီး စစ်ပွဲကိုအဆုံးသတ်ဖို့ လုပ်ဆောင်နေမှုနဲ့အတူ ယူကရိန်းဘက်ကလည်း ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်ထားရမှာပဲဖြစ်ပါတယ်။ ဒီအခြေအနေမှာ စစ်ရေးအရဖြေရှင်းချက်တွေမရှိဘူးဆိုတာကို နှစ်ဘက်စလုံးက နားလည်သဘောပေါက်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
ယူကရိန္းက နယ္ေျမေတာင္းဆိုမႈေတြကို ရပ္တန႔္ရမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ေျပာ
Pika (NP News) - မတ္ ၁၁

ယူကရိန္းဟာ ႐ုရွားနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးညႇိႏႈိင္းမႈေတြ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ နယ္ေျမေဟာင္းေတြျပန္လည္ရယူေရး ရည္မွန္းခ်က္ကို စြန႔္လႊတ္ရမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ေျပာၾကားခဲ့ပါတယ္။

ေဆာ္ဒီအာေရးဗ်ႏိုင္ငံမွာ ျပဳလုပ္မယ့္ အေမရိကန္နဲ႔ယူကရိန္းကိုယ္စားလွယ္အဖြဲ႕တို႔ၾကား ေတြ႕ဆုံမႈမတိုင္မီ မာကို႐ူဘီအိုက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ အမည္မေဖာ္လိုတဲ့ အေမရိကန္အရာရွိအမ်ားအျပားဟာ အေစာပိုင္းမွာ အေမရိကန္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို အေလးအနက္ထားေျပာျပခဲ့ၿပီး နယ္ေျမေတာင္းဆိုမႈေတြ မလုပ္ေဆာင္ဖို႔ ယူကရိန္းကို သတိေပးခဲ့တယ္လို႔ သိရပါတယ္။

မာကို႐ူဘီအိုက "အခ်ိန္ကာလတစ္ခုအတြင္းမွာ ႐ုရွားပိုင္နက္နယ္ေျမျဖစ္သြားခဲ့တဲ့ နယ္ေျမေတြကေန ႐ုရွားေတြကို ျပန္ေမာင္းထုတ္ဖို႔က ယူကရိန္းအတြက္ အလြန္ခက္ခဲပါလိမ့္မယ္။ကြၽန္ေတာ္တို႔ရဲ႕ ပါဝင္ပတ္သက္မႈေတြမရွိေတာ့ဖို႔အတြက္ အေရးအႀကီးဆုံးအရာက ႐ုရွားဘက္က ခက္ခဲတဲ့အရာေတြကိုလုပ္ေဆာင္ၿပီး စစ္ပြဲကိုအဆုံးသတ္ဖို႔ လုပ္ေဆာင္ေနမႈနဲ႔အတူ ယူကရိန္းဘက္ကလည္း ခက္ခဲတဲ့အရာေတြကို လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားရမွာပဲျဖစ္ပါတယ္။ ဒီအေျခအေနမွာ စစ္ေရးအရေျဖရွင္းခ်က္ေတြမရွိဘူးဆိုတာကို ႏွစ္ဘက္စလုံးက နားလည္သေဘာေပါက္ဖို႔ လိုအပ္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.