ပါကစ္စတန်မှာ ရထားတစ်စီးပေါ်က ခရီးသည်(၄၅၀)ကျော်ကို စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီး

 461

Pika (NP News) - မတ် ၁၂

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ အကြမ်းဖက်မှုတွေမြင့်တက်လာစေမှုရဲ့နောက်ကွယ်က လက်နက်ကိုင် စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ဟာ မတ်လ(၁၁)ရက်မှာ ရထားတစ်စီးမှာ လိုက်ပါလာတဲ့ ခရီးသည်ရာချီကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အာဖဂန်နစ္စတန်၊ အီရန်တို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘလိုချီစတန်ပြည်နယ်က တောင်တန်းဒေသတစ်ခုမှာ စစ်သွေးကြွတွေဟာ ရထားကို သိမ်းပိုက်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်အတွင်း ရထားယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အကြီးတန်းမီးရထားအစိုးရအရာရှိတစ်ဦးက “ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်(၄၅၀)ကျော်ကို စစ်သွေးကြွ အဖွဲ့တွေက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ခရီးသည်တွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ် တွေလည်း ပါဝင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ၎င်းတို့မှာ တာဝန်ရှိတယ်ဆိုတာကို Baloch Liberation Army (BLA) စစ်သွေးကြွ အဖွဲ့က ချက်ချင်းထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ Baloch Liberation Army (BLA) စစ်သွေးကြွ အဖွဲ့ဟာ ရထားလမ်းကို ဗုံးခွဲပြီးနောက် ရထားကို ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားဖော်ပြထားပါတယ်။
ဒါ့ပြင် ဓါးစာခံတွေကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် ပြင်းထန်တဲ့အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ Baloch Liberation Army (BLA) စစ်သွေးကြွအဖွဲ့က သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ပါကစၥတန္မွာ ရထားတစ္စီးေပၚက ခရီးသည္(၄၅၀)ေက်ာ္ကို စစ္ေသြးႂကြအဖြဲ႕တစ္ဖြဲ႕က ဓါးစာခံအျဖစ္ ဖမ္းဆီး
Pika (NP News) - မတ္ ၁၂

ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ အၾကမ္းဖက္မႈေတြျမင့္တက္လာေစမႈရဲ႕ေနာက္ကြယ္က လက္နက္ကိုင္ စစ္ေသြးႂကြအဖြဲ႕တစ္ဖြဲ႕ဟာ မတ္လ(၁၁)ရက္မွာ ရထားတစ္စီးမွာ လိုက္ပါလာတဲ့ ခရီးသည္ရာခ်ီကို ဓါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္လို႔ သိရပါတယ္။
အာဖဂန္နစၥတန္၊ အီရန္တို႔နဲ႔နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ဘလိုခ်ီစတန္ျပည္နယ္က ေတာင္တန္းေဒသတစ္ခုမွာ စစ္ေသြးႂကြေတြဟာ ရထားကို သိမ္းပိုက္မႈေတြလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အဲဒီျဖစ္ရပ္အတြင္း ရထားယာဥ္ေမာင္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔လည္း သိရပါတယ္။
အႀကီးတန္းမီးရထားအစိုးရအရာရွိတစ္ဦးက “ရထားေပၚမွာ လိုက္ပါလာတဲ့ ခရီးသည္(၄၅၀)ေက်ာ္ကို စစ္ေသြးႂကြ အဖြဲ႕ေတြက ဓါးစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ပါတယ္။ ခရီးသည္ေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ ေတြလည္း ပါဝင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ၎တို႔မွာ တာဝန္ရွိတယ္ဆိုတာကို Baloch Liberation Army (BLA) စစ္ေသြးႂကြ အဖြဲ႕က ခ်က္ခ်င္းထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ Baloch Liberation Army (BLA) စစ္ေသြးႂကြ အဖြဲ႕ဟာ ရထားလမ္းကို ဗုံးခြဲၿပီးေနာက္ ရထားကို ဝင္ေရာက္စီးနင္းမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္တစ္ခုမွာ ေရးသားေဖာ္ျပထားပါတယ္။
ဒါ့ျပင္ ဓါးစာခံေတြကို ကယ္တင္ဖို႔ ႀကိဳးပမ္းခဲ့မယ္ဆိုရင္ ျပင္းထန္တဲ့အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ Baloch Liberation Army (BLA) စစ္ေသြးႂကြအဖြဲ႕က သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.