ဆန္ဒရှိနိုင်ငံများပါဝင်သော ညွှန့်ပေါင်းအဖွဲ့က ယူကရိန်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ဖြစ်လာ မလား. . .

 1365

တင်ဇာ (NP News) - မတ် ၁၂
ဗြိတိန်ဝန်ကြီးချုပ် ကီယားစတားမာက မတ်လ (၂) ရက်တွင် ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ် ရေးနှင့် ဥရောပဦးဆောင်သော ငြိမ်းချမ်းရေးဆီ သွားနိုင်မည့်အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ပြောကြားခဲ့ သည်။ ယင်းအစီအစဉ်တွင် “ဥရောပ ညွန့် ပေါင်းအဖွဲ့ အောင်မြင်ဖို့အတွက် ဥရောပဟာ အမေရိကန်ရဲ့ ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရှိဖို့လိုအပ်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

“ယူကရိန်းတွင် သဘောတူညီချက် တစ်ရပ်ရရှိရန်နှင့် ငြိမ်းချမ်းရေးကို အာမခံပေးရန် ဆန္ဒပြင်း ပြသည့် ဥရောပ မဟာမိတ်များကြား ညွန့်ပေါင်းတစ်ခုထူထောင်ရမယ်” ဟု လန်ဒန်တွင် ပြုလုပ်သည့် ဥရောပ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် စတားမာက ပြောကြား ခဲ့ခြင်းဖြစ်သည်။ “နိုင်ငံအားလုံးကတော့ ဆန္ဒရှိချင်မှ ရှိလိမ့်မယ်၊ သို့သော် အဲ့လို အားလုံးမညီညွတ်လို့ လည်း ကျွန်တော်တို့က ဒီတိုင်းထိုင်နေလို့မရဘူး။ ကျွန်တော်တို့ ဆန္ဒရှိတဲ့သူတွေ စုပြီး ချက်ချင်းကို ပြင်း ပြင်းထန်ထန်လုပ်ဆောင်မှရတော့မယ်” ဟုလည်း ၎င်းကဆိုသည်။”ယူကေကတော့ လေကြောင်းက စလို့ မြေပြင်တပ်တွေအထိ ပြင်ဆင်ထားပါတယ်။ တခြားသူတွေနဲ့အတူ ဥရောပကလည်းအတူ ဝန်ထုပ်ဝန်ပိုး တွေကို ဖြေရှင်းရပါမယ်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းချင်ရင် ငြိမ်းချမ်းရေးကို ကာကွယ်ရပါမယ်” ဟု စတားမာက အလေးအနက်ပြောကြားခဲ့သည်။

စတားမာသည် လန်ဒန်တွင်သမ္မတ ဗိုလိုဒီမာဇီလန်စကီးနှင့် အခြားခေါင်းဆောင်များကို ဖိတ်ခေါ် ပြီး ယူကရိန်းအတွက် အထောက်အပံ့များခိုင်မာစေရန်နှင့် တရားမျှတပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ဆွေးနွေးခဲ့ကြသည်။ အိမ်ဖြူတော်တွင် ယူကရိန်း ခေါင်းဆောင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား သဘောထားကွဲလွဲမှုများဖြစ်ပွားပြီးနောက် ယခု ထိပ်သီးဆွေးနွေးပွဲက အရေးကြီးလာခဲ့သည်။ ယူကရိန်းနှင့် ပြင်သစ်တို့သည် အလားအလာရှိသော အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန် ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေးတပ်ဖွဲ့များ ဖြန့်ကြက်ချ ထားရေး စိတ်ကူးကို ဦးဆောင်ခဲ့ကြသည်။

ဥရောပခေါင်းဆောင်အများစုသည် ထရမ့်နှင့် ယူကရိန်းခေါင်းဆောင်အကြား စကားများ ပြီး နောက် ဇီလန်စကီးကိုထောက်ခံကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့သော်လည်း စတားမား သည် ယူကရိန်းနှင့်အမေရိကန်ခေါင်းဆောင်များအကြား အကွဲအပြဲကို ပေါင်းကူးပေးရန်လည်း ကြိုးပမ်းခဲ့ သည်။ ဗြိတိန်ဝန်ကြီးချုပ်က ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ထရမ့်နှင့် ဆက်ဆံရေးကို ပြုပြင်ဖို့ လိုအပ်ကြောင်း ဇီလန်စကီးကိုတိုက်တွန်းရန် ရည်ရွယ်ထားကြောင်း သိရသည်။

ယခုသီတင်းပတ်အစောပိုင်းက ဝါရှင်တန် သို့လာရောက်လည်ပတ်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတတို့သည် ကိယက်ဗ်နှင့်အမေရိကန် ကြားဆက်ဆံရေးကို ပြုပြင်ရန်နှင့် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ စည်းလုံးညီညွတ်သော ဥရောပကို ပြသနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အမေရိကန်နှင့် ရုရှား ကြား ယူကရိန်းစစ် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရာ၌ အီးယူရော ကိဗ်ယက်ပါ ပါဝင်မည်မဟုတ်ကြောင်း ဥရောပခေါင်းဆောင်များကို ယခင်က ဖယ်ထားခံရဖူးသည်။ ယူကေ၊ ပြင်သစ်နှင့် ယူကရိန်းတို့သည် အမေရိကန်လက်ခံနိုင်လောက်မည့် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အတူတကွလုပ်ဆောင်မည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ဤသဘောတူညီချက်တွင် လက်တွဲလုပ်ဆောင်ရန် ကတိကဝတ်ပြုထားသည့်နိုင်ငံများသည် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်သည်။ ထို့နောက် အပစ်အ ခတ်ရပ်စဲရေးကိစ္စရပ်များအပြီးတွင် ၎င်းတို့ဘက်ကနေ ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းတပ်ဖွဲ့ဝင် များ စေလွှတ်ခြင်းကို အဆုံးသတ်သွားမည်ဖြစ်သည်။

စစ်ရေးလေ့လာသုံးသပ်သူ Michael Clarke ပြောပုံအရ “နေတိုးအဖွဲ့ဝင်တွေထဲမှာလည်း ပူတင် မကြိုက်တဲ့အရာတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချတတ်တဲ့ စလိုဗားကီးယားနဲ့ ဟန်ဂေရီတို့ရှိတာ ကြောင့် ခုလိုမျိုးဆန္ဒရှိတဲ့နိုင်ငံတွေပဲပေါင်းပြီး ညွှန့်ပေါင်းဖွဲ့တာ ဖြစ်နိုင်တယ်” ဟု သိရသည်။ ဤချဉ်း ကပ်မှုသည် နေတိုးအဖွဲ့ဝင်များကို အဖွဲ့တစ်ခုအ နေနဲ့သာ လှုပ်ရှားဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယင်းအဖွဲ့ သည် နေတိုးအရိပ်အောက်၌ မရှိသောကြောင့် ဗီတိုအာဏာကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

စတားမာ၏ “ညွန့်ပေါင်းဖွဲ့စည်းရန် ဆန္ဒရှိသောနိုင်ငံများ” ဟူသော အသုံးအနှုန်းကို ရွေးချယ်မှု သည် စိတ်ဝင်စားစရာပင်ဖြစ်သည်။ ယူကေ၊ ပိုလန် နှင့် အခြားနိုင်ငံများပါ ပါဝင်ခဲ့သော အမေရိကန်၏ အီရတ်ကို ကျူးကျော်ဝင်ရောက်ခြင်းဖြစ်စဉ်အတွင်း အမေရိကန်ကတူညီသော စကားလုံးကို ရွေးချယ်သုံး နှုန်းခဲ့ဖူးသည်။ ရုရှားက ယူကရိန်းတွင် နေတိုး သို့ မဟုတ် ဥရောပ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ ထားမည့်အယူအဆကို ယခုအချိန်အထိ ပယ်ချထားသည်။ အဆိုပါ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းရန် ပဏာမ ခြေလှမ်းကို ဗြိတိန်နှင့် ပြင်သစ်တို့က ဦးဆောင်နေသောကြောင့် နှစ်နိုင်ငံစလုံးသည် ညွန့်ပေါင်းအဖွဲ့တွင် သေချာပေါက် ပါဝင်သွားမည်ဖြစ်သည်။ နှစ်နိုင်ငံစလုံးတွင် အင်အားကြီးသော စစ်အင်အားများရှိပြီး ၎င်း တို့သည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံများလည်းဖြစ်သည်။

“အရေးကြီးတာက ဗြိတိန်နဲ့ ပြင်သစ်တို့က ဥရောပမှာ စစ်အင်အားကြီးနှစ်နိုင်ငံဖြစ်လို့ သူတို့ ကတော့ အရှေ့ကနေ ဦးဆောင်သွားမှာပါ” ဟု ပါ မောက္ခ Clarke က ၎င်း၏ အမြင်ကိုပြောကြားထား သည်။ ပြင်သစ်သမ္မတ မက်ခရွန်က ပြီးခဲ့သည့်နှစ်တွင် ယူကရိန်း၌ ပြင်သစ်တပ်များ ဖြန့်ကြက်ထားနိုင် ခြေ နှင့်ပတ်သက်၍ ပြောဆိုခဲ့ဖူးသည်။

ထို့ပြင် ဘောလ်တစ်နိုင်ငံများဖြစ်သည့် အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယား တို့သည်လည်း ဖင်လန်နှင့်အတူ ၎င်းညွန့်ပေါင်းတွင် ပူးပေါင်းပါဝင်နိုင်ဖွယ်ရှိကြောင်း ပါမောက္ခ Clarke က ဆိုသည်။ လေးနိုင်ငံစလုံးသည် နေတိုးအဖွဲ့ဝင်များဖြစ်ပြီး ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်က ၎င်းအကြံအစည် နှင့်ပတ်သက်၍ ဝန်ကြီးချုပ် Giorgia Meloni နှင့် ပြင်သစ် သမ္မတ အကြား ထိပ်တိုက်တွေ့ခဲ့သော်လည်း အီတလီလည်း ပါဝင်နိုင်သည်ဟု ၎င်းက ယူဆထားသည်။ ထို့ပြင် ဥရောပနိုင်ငံမဟုတ်သလို နေတိုးအဖွဲ့ဝင်လည်း မဟုတ်သည့် ကနေဒါကလည်း ၎င်းညွန့်ပေါင်း အဖွဲ့တွင် ပါဝင်လာနိုင်ခြေအလားအလာရှိနေပုံရသည်။

ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ငြိမ်းချမ်းရေး ထိန်းသိမ်းတပ်ဖွဲ့၏ အစိတ်အပိုင်းအဖြစ် အလား အလာရှိသောတပ်ဖွဲ့များ ဖြန့်ကြက်ချထားမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ကနေဒါက အကောင်းဆုံး ကူညီနိုင်မယ့်နည်းလမ်းတွေကို ကြည့်ရှုခဲ့ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြောခဲ့သလိုပဲ အရာအားလုံး စားပွဲပေါ်မှာ ရှိနေပါပြီ” ဟု ပြောကြားခဲ့သည်။ ၎င်းညွှန့်ပေါင်းအဖွဲ့မှာ ဘယ်သူတွေ ပါဝင်လာခြင်း မရှိနိုင် သလဲ။ အကြောင်းအမျိုးမျိုးကြောင့် ပိုလန်၊ စပိန်နှင့် ဂျာမနီတို့သည် ငြိမ်းချမ်းရေးထိန်းသိမ်း တပ်ဖွဲ့ များ စေလွှတ်ပေးရေး မျှော်လင့်ထား၍မရကြောင်း ပါမောက္ခ Clarke က ပြောကြားခဲ့သည်။ ပိုလန်သည် ဥရောပတွင် အင်အားအကောင်းဆုံး စစ်တပ်များထဲမှ တစ်ခုဖြစ်ပြီး ယခုနှစ်တွင် ၎င်း GDP ၏ (၄ ဒသမ ၇) ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက်သုံးစွဲရန် ရည်မှန်းထားပြီး ယင်းပမာဏက နေတိုး၏သတ်မှတ် ချက်ထက် ကျော်လွန်နေသည်။

သို့သော် ၎င်းသည် ယူကရိန်း၊ ဘီလာရုစ် တို့နှင့် နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေသော ကြောင့် ၎င်း၏လုံခြုံရေးအတွက် စိုးရိမ်နေသည်။ ပိုလန်ဝန်ကြီးချုပ် Donald Tusk က “ယူကရိန်း ပိုင် နက်ထဲကို ပိုလန်စစ်သားတွေ စေလွှတ်ပေးဖို့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ အဲ့ဒီလို အာမခံချက်ပေးနိုင်မယ့်နိုင်ငံတွေကိုသာ အနာဂတ်မှာ လိုအပ်တဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့ အခြား သော ပံ့ပိုးကူညီမှုများပေးဆောင်သွားပါမယ်” ဟု ပြီးခဲ့သည့်လက ပြောကြားခဲ့ဖူးသည်။

စပိန်နိုင်ငံခြားရေးဝန်ကြီး Jose Manuel Albares ကလည်း “ယူကရိန်းမှာ တပ်တွေချထားရေးနဲ့ ပတ်သက်ပြီး ပြောဖို့အချိန်စောလွန်းသေးတယ်” ဟု ပြီးခဲ့တဲ့လက ပြောကြားခဲ့သည်။ စပိန် အစိုးရသည် ပြည်တွင်း၌ အကျပ်အတည်းများစွာကို ရင်ဆိုင်ခဲ့ရပြီး နေတိုးအဖွဲ့အတွက် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၏ (၁ ဒသမ ၂၈) ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်သောကြောင့် နေတိုး၏ သတ်မှတ်ချက် (၂) ရာခိုင်နှုန်း အောက် လျော့နည်းနေသည်။

ဥရောပတွင် အကြီးဆုံးစီးပွားရေးဖြစ်သည့် ဂျာမနီသည် ယူကရိန်းစစ်ပွဲကို စည်းလုံးညီညွတ်စွာ တုံ့ပြန်မှုတိုင်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ သို့သော် ပြီးခဲ့သည့်လက ရွေးကောက်ပွဲများပြီးချိန်မှစ၍ ယခုအချိန်ထိ အစိုးရသစ် မဖွဲ့နိုင်သေးပါ။ ယခင်ဂျာမနီခေါင်းဆောင် Olaf Scholz က ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ် ဂျာမန်တပ်များစေလွှတ်ခြင်းကို ယခင်က ငြင်းဆိုခဲ့ဖူးသည်။ ၎င်း၏အစိုးရသည် ယူကရိန်းစစ်ပွဲ စတင်ကတည်းက အထောက်အပံ့ ကြီးကြီးမားမား ပေးခဲ့သော်လည်း အချို့သောအခြေအနေများတွင်မူ ချီတုံချတုံဖြစ်နေသည်ဟု အချို့က သုံးသပ်ထား သည်။ ဥပမာအားဖြင့်ပြောရလျှင် Taurus ဒုံးကျည်များကို ကိဗ်ယက်သို့ပေးပို့ရန် ဆော်ဩမှုများကို ဂျာမနီက ဆန့်ကျင်ခဲ့ဖူးသည်။ ထို့ပြင် အစိုးရသစ်၏ ခေါင်းဆောင်ဖြစ်လာမည့် Friedrich Merz သည် ပိုမိုတင်းကျပ်သောလမ်းကြောင်းကို ရွေးချယ်လာနိုင်ခြေရှိပြီး Taurus ဒုံးကျည်များ ပေးပို့ခြင်းအပါအဝင် ယူကရိန်းတွင် ဂျာမန်တပ်များချထားခြင်းနှင့်ပတ်သက်၍လည်း ၎င်း၏ရှေ့က ခေါင်းဆောင်အတိုင်း လိုက် လျှောက်သွားဖွယ်ရှိနေသည်။

ယူကရိန်းကို ထောက်ပံ့နေသည့် နိုင်ငံများအားလုံးထဲတွင် အမေရိကန်က အကြီးဆုံးဖြစ်သကဲ့သို့ နေတိုးအဖွဲ့အား ထောက်ပံ့ရာတွင်လည်း အများဆုံးဟု ဆိုရမည်။ ဥပမာအနေဖြင့် နေတိုးရှိ တိုက်လေ ယာဉ် (၅၀၁၅) စင်းနှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များအနက် (၂၉၅၁) စင်းသည် အမေရိကန်မှ ဖြစ် ပြီး နောက်ထပ် (၁၁၀၈)စင်းမှာ အမေရိကန်လုပ်ဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာ ရေး အင်စတီကျုမှ thinktank များ၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန်စစ်တပ်သည် ကမ္ဘာပေါ် တွင် အကြီးဆုံးဖြစ်သကဲ့သို့ထောက်ပံ့ပို့ဆောင်ရေးနှင့်ပတ်သက်သည့်နယ်ပယ်များတွင် ၎င်း၏နေရာကို အစားထိုးရန် ခက်ခဲသည်။ ဆန္ဒရှိသူများပါဝင်သော ညွန့်ပေါင်းအဖွဲ့ကိုဖွဲ့စည်းခြင်းသည် ဥရောပက အမေ ရိကန်ထံမှကာကွယ်ရေးဝန်ထုပ်ဝန်ပိုးများကို လွှဲပြောင်းယူရန် အမှန်တကယ် ကြိုပမ်းလျက်ရှိကြောင်း သမ္မတထရမ့်ကိုပြသရန်ရည်ရွယ်နေပုံရသည်။ အမေရိကန်သည် တစ်ချိန်က ကိယက်ဗ်အတွက် တစ်ခု တည်းသော အကြီးမားဆုံး အလှူရှင်ဖြစ်သော်လည်း ယခုအခါ ဥရောပမဟာမိတ်များ၏စုပေါင်း ကာ ကွယ်ခြင်းကလည်း ယူကရိန်းအတွက်အားကိုးအားထားပြုစရာ ဖြစ်လာနိုင်ကြောင်း ပြသလိုခြင်း ဖြစ် မည်။

ယူကရိန်းလုံခြုံရေးနှင့်ပတ်သက်၍ အဆိုပါအလားအလာရှိသော ဆန္ဒရှိသူများပါဝင်နေသည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းခြင်းသည် ယူကရိန်းအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာမလားဆိုသည်က မသေချာသေးသကဲ့သို့ ယင်းနှင့်ပတ်သက်၍လည်း အမေရိကန်ခေါင်းဆောင်များ၏ တုံ့ပြန်ချက်က မည်သို့မည်ပုံဖြစ်လာနိုင်သလဲဆိုတာကလည်း အတိအကျမသိရသေးသောကြောင့် အလျင်လိုနေသော ယူကရိန်းငြိမ်းချမ်းရေးအခြေအနေအတွက် ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

zawgyi version
ဆႏၵရွိႏိုင္ငံမ်ားပါဝင္ေသာ ၫႊန႔္ေပါင္းအဖြဲ႕က ယူကရိန္း ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္ ျဖစ္လာ မလား. . .
တင္ဇာ (NP News) - မတ္ ၁၂
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီယားစတားမာက မတ္လ (၂) ရက္တြင္ ႐ုရွား-ယူကရိန္းစစ္ပြဲ အဆုံးသတ္ ေရးႏွင့္ ဥေရာပဦးေဆာင္ေသာ ၿငိမ္းခ်မ္းေရးဆီ သြားႏိုင္မည့္အစီအစဥ္တစ္ရပ္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ သည္။ ယင္းအစီအစဥ္တြင္ “ဥေရာပ ၫြန႔္ ေပါင္းအဖြဲ႕ ေအာင္ျမင္ဖို႔အတြက္ ဥေရာပဟာ အေမရိကန္ရဲ႕ ခိုင္မာတဲ့ ေက်ာေထာက္ေနာက္ခံ ရွိဖို႔လိုအပ္မယ္”ဟု ၎က ေျပာၾကားခဲ့သည္။

“ယူကရိန္းတြင္ သေဘာတူညီခ်က္ တစ္ရပ္ရရွိရန္ႏွင့္ ၿငိမ္းခ်မ္းေရးကို အာမခံေပးရန္ ဆႏၵျပင္း ျပသည့္ ဥေရာပ မဟာမိတ္မ်ားၾကား ၫြန႔္ေပါင္းတစ္ခုထူေထာင္ရမယ္” ဟု လန္ဒန္တြင္ ျပဳလုပ္သည့္ ဥေရာပ ေခါင္းေဆာင္မ်ား ထိပ္သီးအစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲတြင္ စတားမာက ေျပာၾကား ခဲ့ျခင္းျဖစ္သည္။ “ႏိုင္ငံအားလုံးကေတာ့ ဆႏၵရွိခ်င္မွ ရွိလိမ့္မယ္၊ သို႔ေသာ္ အဲ့လို အားလုံးမညီၫြတ္လို႔ လည္း ကြၽန္ေတာ္တို႔က ဒီတိုင္းထိုင္ေနလို႔မရဘူး။ ကြၽန္ေတာ္တို႔ ဆႏၵရွိတဲ့သူေတြ စုၿပီး ခ်က္ခ်င္းကို ျပင္း ျပင္းထန္ထန္လုပ္ေဆာင္မွရေတာ့မယ္” ဟုလည္း ၎ကဆိုသည္။”ယူေကကေတာ့ ေလေၾကာင္းက စလို႔ ေျမျပင္တပ္ေတြအထိ ျပင္ဆင္ထားပါတယ္။ တျခားသူေတြနဲ႔အတူ ဥေရာပကလည္းအတူ ဝန္ထုပ္ဝန္ပိုး ေတြကို ေျဖရွင္းရပါမယ္။ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းခ်င္ရင္ ၿငိမ္းခ်မ္းေရးကို ကာကြယ္ရပါမယ္” ဟု စတားမာက အေလးအနက္ေျပာၾကားခဲ့သည္။

စတားမာသည္ လန္ဒန္တြင္သမၼတ ဗိုလိုဒီမာဇီလန္စကီးႏွင့္ အျခားေခါင္းေဆာင္မ်ားကို ဖိတ္ေခၚ ၿပီး ယူကရိန္းအတြက္ အေထာက္အပံ့မ်ားခိုင္မာေစရန္ႏွင့္ တရားမွ်တၿပီး ေရရွည္တည္တံ့ ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးရရွိေစရန္ မည္ကဲ့သို႔ လုပ္ေဆာင္ရမည္ကို ေဆြးေႏြးခဲ့ၾကသည္။ အိမ္ျဖဴေတာ္တြင္ ယူကရိန္း ေခါင္းေဆာင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ၾကား သေဘာထားကြဲလြဲမႈမ်ားျဖစ္ပြားၿပီးေနာက္ ယခု ထိပ္သီးေဆြးေႏြးပြဲက အေရးႀကီးလာခဲ့သည္။ ယူကရိန္းႏွင့္ ျပင္သစ္တို႔သည္ အလားအလာရွိေသာ အပစ္အခတ္ရပ္စဲေရးကို ေစာင့္ၾကည့္ရန္ ယူကရိန္းတြင္ ဥေရာပၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ား ျဖန႔္ၾကက္ခ် ထားေရး စိတ္ကူးကို ဦးေဆာင္ခဲ့ၾကသည္။

ဥေရာပေခါင္းေဆာင္အမ်ားစုသည္ ထရမ့္ႏွင့္ ယူကရိန္းေခါင္းေဆာင္အၾကား စကားမ်ား ၿပီး ေနာက္ ဇီလန္စကီးကိုေထာက္ခံေၾကာင္း လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားခဲ့ေသာ္လည္း စတားမား သည္ ယူကရိန္းႏွင့္အေမရိကန္ေခါင္းေဆာင္မ်ားအၾကား အကြဲအၿပဲကို ေပါင္းကူးေပးရန္လည္း ႀကိဳးပမ္းခဲ့ သည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ထာဝရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ထရမ့္ႏွင့္ ဆက္ဆံေရးကို ျပဳျပင္ဖို႔ လိုအပ္ေၾကာင္း ဇီလန္စကီးကိုတိုက္တြန္းရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။

ယခုသီတင္းပတ္အေစာပိုင္းက ဝါရွင္တန္ သို႔လာေရာက္လည္ပတ္ခဲ့ေသာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပင္သစ္သမၼတတို႔သည္ ကိယက္ဗ္ႏွင့္အေမရိကန္ ၾကားဆက္ဆံေရးကို ျပဳျပင္ရန္ႏွင့္ ယူကရိန္းစစ္ပြဲႏွင့္ ပတ္သက္၍ စည္းလုံးညီၫြတ္ေသာ ဥေရာပကို ျပသႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။ အေမရိကန္ႏွင့္ ႐ုရွား ၾကား ယူကရိန္းစစ္ အပစ္အခတ္ရပ္စဲေရး ညႇိႏႈိင္းရာ၌ အီးယူေရာ ကိဗ္ယက္ပါ ပါဝင္မည္မဟုတ္ေၾကာင္း ဥေရာပေခါင္းေဆာင္မ်ားကို ယခင္က ဖယ္ထားခံရဖူးသည္။ ယူေက၊ ျပင္သစ္ႏွင့္ ယူကရိန္းတို႔သည္ အေမရိကန္လက္ခံႏိုင္ေလာက္မည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္အတြက္ အတူတကြလုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့သည္။ ဤသေဘာတူညီခ်က္တြင္ လက္တြဲလုပ္ေဆာင္ရန္ ကတိကဝတ္ျပဳထားသည့္ႏိုင္ငံမ်ားသည္ ၫြန႔္ေပါင္းအဖြဲ႕ကို ဖြဲ႕စည္းမည္ျဖစ္သည္။ ထို႔ေနာက္ အပစ္အ ခတ္ရပ္စဲေရးကိစၥရပ္မ်ားအၿပီးတြင္ ၎တို႔ဘက္ကေန ယူကရိန္းသို႔ ၿငိမ္းခ်မ္းေရးထိန္းသိမ္းတပ္ဖြဲ႕ဝင္ မ်ား ေစလႊတ္ျခင္းကို အဆုံးသတ္သြားမည္ျဖစ္သည္။

စစ္ေရးေလ့လာသုံးသပ္သူ Michael Clarke ေျပာပုံအရ “ေနတိုးအဖြဲ႕ဝင္ေတြထဲမွာလည္း ပူတင္ မႀကိဳက္တဲ့အရာေတြကို ဗီတိုအာဏာသုံးၿပီး ပယ္ခ်တတ္တဲ့ စလိုဗားကီးယားနဲ႔ ဟန္ေဂရီတို႔ရွိတာ ေၾကာင့္ ခုလိုမ်ိဳးဆႏၵရွိတဲ့ႏိုင္ငံေတြပဲေပါင္းၿပီး ၫႊန႔္ေပါင္းဖြဲ႕တာ ျဖစ္ႏိုင္တယ္” ဟု သိရသည္။ ဤခ်ဥ္း ကပ္မႈသည္ ေနတိုးအဖြဲ႕ဝင္မ်ားကို အဖြဲ႕တစ္ခုအ ေနနဲ႔သာ လႈပ္ရွားေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး ယင္းအဖြဲ႕ သည္ ေနတိုးအရိပ္ေအာက္၌ မရွိေသာေၾကာင့္ ဗီတိုအာဏာကို ေရွာင္ရွားႏိုင္မည္ျဖစ္သည္။

စတားမာ၏ “ၫြန႔္ေပါင္းဖြဲ႕စည္းရန္ ဆႏၵရွိေသာႏိုင္ငံမ်ား” ဟူေသာ အသုံးအႏႈန္းကို ေ႐ြးခ်ယ္မႈ သည္ စိတ္ဝင္စားစရာပင္ျဖစ္သည္။ ယူေက၊ ပိုလန္ ႏွင့္ အျခားႏိုင္ငံမ်ားပါ ပါဝင္ခဲ့ေသာ အေမရိကန္၏ အီရတ္ကို က်ဴးေက်ာ္ဝင္ေရာက္ျခင္းျဖစ္စဥ္အတြင္း အေမရိကန္ကတူညီေသာ စကားလုံးကို ေ႐ြးခ်ယ္သုံး ႏႈန္းခဲ့ဖူးသည္။ ႐ုရွားက ယူကရိန္းတြင္ ေနတိုး သို႔ မဟုတ္ ဥေရာပ၏ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ တပ္ဖြဲ႕ ထားမည့္အယူအဆကို ယခုအခ်ိန္အထိ ပယ္ခ်ထားသည္။ အဆိုပါ ၫြန႔္ေပါင္းအဖြဲ႕ကို ဖြဲ႕စည္းရန္ ပဏာမ ေျခလွမ္းကို ၿဗိတိန္ႏွင့္ ျပင္သစ္တို႔က ဦးေဆာင္ေနေသာေၾကာင့္ ႏွစ္ႏိုင္ငံစလုံးသည္ ၫြန႔္ေပါင္းအဖြဲ႕တြင္ ေသခ်ာေပါက္ ပါဝင္သြားမည္ျဖစ္သည္။ ႏွစ္ႏိုင္ငံစလုံးတြင္ အင္အားႀကီးေသာ စစ္အင္အားမ်ားရွိၿပီး ၎ တို႔သည္ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္ေသာ ႏိုင္ငံမ်ားလည္းျဖစ္သည္။

“အေရးႀကီးတာက ၿဗိတိန္နဲ႔ ျပင္သစ္တို႔က ဥေရာပမွာ စစ္အင္အားႀကီးႏွစ္ႏိုင္ငံျဖစ္လို႔ သူတို႔ ကေတာ့ အေရွ႕ကေန ဦးေဆာင္သြားမွာပါ” ဟု ပါ ေမာကၡ Clarke က ၎၏ အျမင္ကိုေျပာၾကားထား သည္။ ျပင္သစ္သမၼတ မက္ခ႐ြန္က ၿပီးခဲ့သည့္ႏွစ္တြင္ ယူကရိန္း၌ ျပင္သစ္တပ္မ်ား ျဖန႔္ၾကက္ထားႏိုင္ ေျခ ႏွင့္ပတ္သက္၍ ေျပာဆိုခဲ့ဖူးသည္။

ထို႔ျပင္ ေဘာလ္တစ္ႏိုင္ငံမ်ားျဖစ္သည့္ အက္စ္တိုးနီးယား၊ လစ္သူေယးနီးယားႏွင့္ လတ္ဗီးယား တို႔သည္လည္း ဖင္လန္ႏွင့္အတူ ၎ၫြန႔္ေပါင္းတြင္ ပူးေပါင္းပါဝင္ႏိုင္ဖြယ္ရွိေၾကာင္း ပါေမာကၡ Clarke က ဆိုသည္။ ေလးႏိုင္ငံစလုံးသည္ ေနတိုးအဖြဲ႕ဝင္မ်ားျဖစ္ၿပီး ႐ုရွားႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနသည္။ ၿပီးခဲ့သည့္ သီတင္းပတ္က ၎အႀကံအစည္ ႏွင့္ပတ္သက္၍ ဝန္ႀကီးခ်ဳပ္ Giorgia Meloni ႏွင့္ ျပင္သစ္ သမၼတ အၾကား ထိပ္တိုက္ေတြ႕ခဲ့ေသာ္လည္း အီတလီလည္း ပါဝင္ႏိုင္သည္ဟု ၎က ယူဆထားသည္။ ထို႔ျပင္ ဥေရာပႏိုင္ငံမဟုတ္သလို ေနတိုးအဖြဲ႕ဝင္လည္း မဟုတ္သည့္ ကေနဒါကလည္း ၎ၫြန႔္ေပါင္း အဖြဲ႕တြင္ ပါဝင္လာႏိုင္ေျခအလားအလာရွိေနပုံရသည္။

ဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူးဒိုးက ၿငိမ္းခ်မ္းေရး ထိန္းသိမ္းတပ္ဖြဲ႕၏ အစိတ္အပိုင္းအျဖစ္ အလား အလာရွိေသာတပ္ဖြဲ႕မ်ား ျဖန႔္ၾကက္ခ်ထားမႈႏွင့္ ပတ္သက္၍ ေမးျမန္းရာတြင္ “ကေနဒါက အေကာင္းဆုံး ကူညီႏိုင္မယ့္နည္းလမ္းေတြကို ၾကည့္ရႈခဲ့ၿပီး လြန္ခဲ့တဲ့ရက္အနည္းငယ္က ေျပာခဲ့သလိုပဲ အရာအားလုံး စားပြဲေပၚမွာ ရွိေနပါၿပီ” ဟု ေျပာၾကားခဲ့သည္။ ၎ၫႊန႔္ေပါင္းအဖြဲ႕မွာ ဘယ္သူေတြ ပါဝင္လာျခင္း မရွိႏိုင္ သလဲ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိုလန္၊ စပိန္ႏွင့္ ဂ်ာမနီတို႔သည္ ၿငိမ္းခ်မ္းေရးထိန္းသိမ္း တပ္ဖြဲ႕ မ်ား ေစလႊတ္ေပးေရး ေမွ်ာ္လင့္ထား၍မရေၾကာင္း ပါေမာကၡ Clarke က ေျပာၾကားခဲ့သည္။ ပိုလန္သည္ ဥေရာပတြင္ အင္အားအေကာင္းဆုံး စစ္တပ္မ်ားထဲမွ တစ္ခုျဖစ္ၿပီး ယခုႏွစ္တြင္ ၎ GDP ၏ (၄ ဒသမ ၇) ရာခိုင္ႏႈန္းကို ကာကြယ္ေရးအတြက္သုံးစြဲရန္ ရည္မွန္းထားၿပီး ယင္းပမာဏက ေနတိုး၏သတ္မွတ္ ခ်က္ထက္ ေက်ာ္လြန္ေနသည္။

သို႔ေသာ္ ၎သည္ ယူကရိန္း၊ ဘီလာ႐ုစ္ တို႔ႏွင့္ နယ္နိမိတ္ခ်င္း ရွည္လ်ားစြာ ထိစပ္ေနေသာ ေၾကာင့္ ၎၏လုံၿခဳံေရးအတြက္ စိုးရိမ္ေနသည္။ ပိုလန္ဝန္ႀကီးခ်ဳပ္ Donald Tusk က “ယူကရိန္း ပိုင္ နက္ထဲကို ပိုလန္စစ္သားေတြ ေစလႊတ္ေပးဖို႔ ကြၽန္ေတာ္တို႔ အစီအစဥ္မရွိပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ အဲ့ဒီလို အာမခံခ်က္ေပးႏိုင္မယ့္ႏိုင္ငံေတြကိုသာ အနာဂတ္မွာ လိုအပ္တဲ့ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ အျခား ေသာ ပံ့ပိုးကူညီမႈမ်ားေပးေဆာင္သြားပါမယ္” ဟု ၿပီးခဲ့သည့္လက ေျပာၾကားခဲ့ဖူးသည္။

စပိန္ႏိုင္ငံျခားေရးဝန္ႀကီး Jose Manuel Albares ကလည္း “ယူကရိန္းမွာ တပ္ေတြခ်ထားေရးနဲ႔ ပတ္သက္ၿပီး ေျပာဖို႔အခ်ိန္ေစာလြန္းေသးတယ္” ဟု ၿပီးခဲ့တဲ့လက ေျပာၾကားခဲ့သည္။ စပိန္ အစိုးရသည္ ျပည္တြင္း၌ အက်ပ္အတည္းမ်ားစြာကို ရင္ဆိုင္ခဲ့ရၿပီး ေနတိုးအဖြဲ႕အတြက္ ကာကြယ္ေရးအသုံးစရိတ္ကို GDP ၏ (၁ ဒသမ ၂၈) ရာခိုင္ႏႈန္းခန႔္သာ သုံးစြဲႏိုင္ေသာေၾကာင့္ ေနတိုး၏ သတ္မွတ္ခ်က္ (၂) ရာခိုင္ႏႈန္း ေအာက္ ေလ်ာ့နည္းေနသည္။

ဥေရာပတြင္ အႀကီးဆုံးစီးပြားေရးျဖစ္သည့္ ဂ်ာမနီသည္ ယူကရိန္းစစ္ပြဲကို စည္းလုံးညီၫြတ္စြာ တုံ႔ျပန္မႈတိုင္းတြင္ အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ခဲ့သည္။ သို႔ေသာ္ ၿပီးခဲ့သည့္လက ေ႐ြးေကာက္ပြဲမ်ားၿပီးခ်ိန္မွစ၍ ယခုအခ်ိန္ထိ အစိုးရသစ္ မဖြဲ႕ႏိုင္ေသးပါ။ ယခင္ဂ်ာမနီေခါင္းေဆာင္ Olaf Scholz က ယူကရိန္းသို႔ ၿငိမ္းခ်မ္းေရးထိန္းသိမ္းသူမ်ားအျဖစ္ ဂ်ာမန္တပ္မ်ားေစလႊတ္ျခင္းကို ယခင္က ျငင္းဆိုခဲ့ဖူးသည္။ ၎၏အစိုးရသည္ ယူကရိန္းစစ္ပြဲ စတင္ကတည္းက အေထာက္အပံ့ ႀကီးႀကီးမားမား ေပးခဲ့ေသာ္လည္း အခ်ိဳ႕ေသာအေျခအေနမ်ားတြင္မူ ခ်ီတုံခ်တုံျဖစ္ေနသည္ဟု အခ်ိဳ႕က သုံးသပ္ထား သည္။ ဥပမာအားျဖင့္ေျပာရလွ်င္ Taurus ဒုံးက်ည္မ်ားကို ကိဗ္ယက္သို႔ေပးပို႔ရန္ ေဆာ္ဩမႈမ်ားကို ဂ်ာမနီက ဆန႔္က်င္ခဲ့ဖူးသည္။ ထို႔ျပင္ အစိုးရသစ္၏ ေခါင္းေဆာင္ျဖစ္လာမည့္ Friedrich Merz သည္ ပိုမိုတင္းက်ပ္ေသာလမ္းေၾကာင္းကို ေ႐ြးခ်ယ္လာႏိုင္ေျခရွိၿပီး Taurus ဒုံးက်ည္မ်ား ေပးပို႔ျခင္းအပါအဝင္ ယူကရိန္းတြင္ ဂ်ာမန္တပ္မ်ားခ်ထားျခင္းႏွင့္ပတ္သက္၍လည္း ၎၏ေရွ႕က ေခါင္းေဆာင္အတိုင္း လိုက္ ေလွ်ာက္သြားဖြယ္ရွိေနသည္။

ယူကရိန္းကို ေထာက္ပံ့ေနသည့္ ႏိုင္ငံမ်ားအားလုံးထဲတြင္ အေမရိကန္က အႀကီးဆုံးျဖစ္သကဲ့သို႔ ေနတိုးအဖြဲ႕အား ေထာက္ပံ့ရာတြင္လည္း အမ်ားဆုံးဟု ဆိုရမည္။ ဥပမာအေနျဖင့္ ေနတိုးရွိ တိုက္ေလ ယာဥ္ (၅၀၁၅) စင္းႏွင့္ ေျမျပင္တိုက္ခိုက္ေရးေလယာဥ္မ်ားအနက္ (၂၉၅၁) စင္းသည္ အေမရိကန္မွ ျဖစ္ ၿပီး ေနာက္ထပ္ (၁၁၀၈)စင္းမွာ အေမရိကန္လုပ္ျဖစ္ ေၾကာင္း အျပည္ျပည္ဆိုင္ရာ မဟာဗ်ဴဟာ ေလ့လာ ေရး အင္စတီက်ဳမွ thinktank မ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ အေမရိကန္စစ္တပ္သည္ ကမာၻေပၚ တြင္ အႀကီးဆုံးျဖစ္သကဲ့သို႔ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ပတ္သက္သည့္နယ္ပယ္မ်ားတြင္ ၎၏ေနရာကို အစားထိုးရန္ ခက္ခဲသည္။ ဆႏၵရွိသူမ်ားပါဝင္ေသာ ၫြန႔္ေပါင္းအဖြဲ႕ကိုဖြဲ႕စည္းျခင္းသည္ ဥေရာပက အေမ ရိကန္ထံမွကာကြယ္ေရးဝန္ထုပ္ဝန္ပိုးမ်ားကို လႊဲေျပာင္းယူရန္ အမွန္တကယ္ ႀကိဳပမ္းလ်က္ရွိေၾကာင္း သမၼတထရမ့္ကိုျပသရန္ရည္႐ြယ္ေနပုံရသည္။ အေမရိကန္သည္ တစ္ခ်ိန္က ကိယက္ဗ္အတြက္ တစ္ခု တည္းေသာ အႀကီးမားဆုံး အလႉရွင္ျဖစ္ေသာ္လည္း ယခုအခါ ဥေရာပမဟာမိတ္မ်ား၏စုေပါင္း ကာ ကြယ္ျခင္းကလည္း ယူကရိန္းအတြက္အားကိုးအားထားျပဳစရာ ျဖစ္လာႏိုင္ေၾကာင္း ျပသလိုျခင္း ျဖစ္ မည္။

ယူကရိန္းလုံၿခဳံေရးႏွင့္ပတ္သက္၍ အဆိုပါအလားအလာရွိေသာ ဆႏၵရွိသူမ်ားပါဝင္ေနသည့္ ၫြန႔္ေပါင္းအဖြဲ႕ ဖြဲ႕စည္းျခင္းသည္ ယူကရိန္းအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ ျဖစ္လာမလားဆိုသည္က မေသခ်ာေသးသကဲ့သို႔ ယင္းႏွင့္ပတ္သက္၍လည္း အေမရိကန္ေခါင္းေဆာင္မ်ား၏ တုံ႔ျပန္ခ်က္က မည္သို႔မည္ပုံျဖစ္လာႏိုင္သလဲဆိုတာကလည္း အတိအက်မသိရေသးေသာေၾကာင့္ အလ်င္လိုေနေသာ ယူကရိန္းၿငိမ္းခ်မ္းေရးအေျခအေနအတြက္ ဆက္လက္ေစာင့္ၾကည့္ရဦးမည္ျဖစ္ပါေၾကာင္း ေရးသား လိုက္ရပါသည္။

Related news

© 2021. All rights reserved.