စင်ကာပူနိုင်ငံ SBS Transit ဘတ်စ်ကားပေါ်မှာ အသက် ၈ဝ အရွယ် အမျိုးသား ဟန်ချက်ပျက်ပြီး သေဆုံး

 304

ရောင်နီ (NP News) - မတ် ၁၅

စင်ကာပူမှာ မတ် ၁၂ ရက် ညနေပိုင်းက SBS Transit ဘတ်စ်ကားပေါ်မှာ အသက် ၈ဝ နှစ်အရွယ် အမျိုးသားတစ်ဦး ဟန်ချက်ပျက်လဲကျကာ သေဆုံးသွားခဲ့ပါတယ်။
အသက် ၈၀ နှစ်အရွယ် အမျိုးသားဟာ ဘက်စ်ကားပေါ်မှာ ထိုင်ခုံမှ မတ်တတ်ထရပ်ပြီး တိုင်ကို လှမ်းကိုင်စဉ် တိုင် ကို မဖမ်းမိဘဲ လဲကျကာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ SBS Transit ပြောရေးဆိုခွင့်ရှိသူ ဂရေ့ဝူက ပြောကြားခဲ့ ပါတယ်။
နံပါတ် ၂၆၂ ဘတ်စ်ကားပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားချိန်က Ang Mo Kio လမ်းဆုံ ညာဘက်ကို ကွေ့ချိုးခဲ့ချိန် ည ၈ နာရီခန့်က ဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်မောင်းက အဆိုပါအမျိုးသားကို ရှေးဦးသူနာပြု လုပ်ပေးကာ လူနာတင်ယာဉ် ခေါ်ပေးခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဟာ Tan Tock Seng ဆေးရုံ ပို့ဆောင်စဉ်ကတည်းက သတိလစ်နေခဲ့ပြီး နောက်ပိုင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Zawgyi Version:
စင္ကာပူႏိုင္ငံ SBS Transit ဘတ္စ္ကားေပၚမွာ အသက္ ၈ဝ အ႐ြယ္ အမ်ိဳးသား ဟန္ခ်က္ပ်က္ၿပီး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၁၅

စင္ကာပူမွာ မတ္ ၁၂ ရက္ ညေနပိုင္းက SBS Transit ဘတ္စ္ကားေပၚမွာ အသက္ ၈ဝ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဟန္ခ်က္ပ်က္လဲက်ကာ ေသဆုံးသြားခဲ့ပါတယ္။
အသက္ ၈၀ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဘက္စ္ကားေပၚမွာ ထိုင္ခုံမွ မတ္တတ္ထရပ္ၿပီး တိုင္ကို လွမ္းကိုင္စဥ္ တိုင္ ကို မဖမ္းမိဘဲ လဲက်ကာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ SBS Transit ေျပာေရးဆိုခြင့္ရွိသူ ဂေရ႕ဝူက ေျပာၾကားခဲ့ ပါတယ္။
နံပါတ္ ၂၆၂ ဘတ္စ္ကားေပၚမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အခင္းျဖစ္ပြားခ်ိန္က Ang Mo Kio လမ္းဆုံ ညာဘက္ကို ေကြ႕ခ်ိဳးခဲ့ခ်ိန္ ည ၈ နာရီခန႔္က ျဖစ္တယ္လို႔ သိရပါတယ္။ ယာဥ္ေမာင္းက အဆိုပါအမ်ိဳးသားကို ေရွးဦးသူနာျပဳ လုပ္ေပးကာ လူနာတင္ယာဥ္ ေခၚေပးခဲ့တယ္လို႔ သိရပါတယ္။ အမ်ိဳးသားဟာ Tan Tock Seng ေဆး႐ုံ ပို႔ေဆာင္စဥ္ကတည္းက သတိလစ္ေနခဲ့ၿပီး ေနာက္ပိုင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
အခင္းျဖစ္ပြားမႈနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြလုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.