စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် စိုက်ပျိုးမွေးမြူရေးအား အခြေခံသည့် ထုတ်ကုန်များထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

 325

ယွန်း(NP News)- မတ် ၁၆

စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် စိုက်ပျိုးမွေးမြူရေးအား အခြေခံသည့် ထုတ်ကုန်များထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ(၁၅)ရက်တွင် အလုံမြို့နယ်ရှိ Asia World Port Terminal - AWPT ဆိပ်ကမ်းသို့ သွားရောက်၍ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများနှင့် ကုန်သွယ်မှုဆိုင်ရာအခြေအနေများကို ကြည့်ရှုစစ်ဆေးစဥ် အထက်ပါကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအား ပြည်ပသို့တင်ပို့မှုကို ကန့်သတ်ထားခြင်းမရှိသည့်အတွက် ပြည်ပသို့ လျင်မြန်ချောမွေ့စွာဖြင့် တင်ပို့နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဆိပ်ကမ်းမှ ပို့ဆောင်သည့် မော်တော်ယာဉ်များ အချိန်မီ ထွက်ခွာနိုင်ရေးအတွက်လည်း လမ်းကြောင်းများကို စနစ်တကျ တွက်ချက်ထားရန်လိုပြီး ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည်များ စီမံဆောင်ရွက်ထားရန် နစကဥက္ကဋ္ဌက အသိပေးပြောကြားသည်။

အလားတူ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ငွေကြေးကဏ္ဍ၌ ခိုင်မာတောင့်တင်းသည့် လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံနှင့်ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေးကို တိုက်ရိုက်အထောက်အကူပြုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ၎င်းကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း (Agro Base Industry) ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်နိုင်ရေးကိုလည်း တိုက်တွန်းပြောကြားသည်။

ပို့ကုန်နှင့်ပတ်သက်၍ တင်ပြချက်များအရ မိမိတို့နိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများရှိသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးမြှင့်၍ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်လိုကြောင်း၊ ဈေးကွက်ရှိပြီးဖြစ်သည့် ထုတ်ကုန်ပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်ရန်လိုကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောထားသည်။

ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးနှင့် စက်မှုစိုက်ပျိုးရေးထုတ်ကုန်များ၊ စားသောက်ကုန်များကိုလည်း တင်ပို့နိုင်ပြီး ထုတ်လုပ်မှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လည်း အသိပေးထားသည်။

Zawgyi Version:
စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားအေနျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးအား အေျခခံသည့္ ထုတ္ကုန္မ်ားထုတ္လုပ္ေရး၌ ရင္းႏွီးျမႇဳပ္ႏွံျခင္းကို ဦးစားေပးေဆာင္႐ြက္ရန္ နစကဥကၠ႒ တိုက္တြန္း

ယြန္း(NP News)- မတ္ ၁၆

စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားအေနျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးအား အေျခခံသည့္ ထုတ္ကုန္မ်ားထုတ္လုပ္ေရး၌ ရင္းႏွီးျမႇဳပ္ႏွံျခင္းကို ဦးစားေပးေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာၾကားသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ(၁၅)ရက္တြင္ အလုံၿမိဳ႕နယ္ရွိ Asia World Port Terminal - AWPT ဆိပ္ကမ္းသို႔ သြားေရာက္၍ ဆိပ္ကမ္းလုပ္ငန္းက႑ စြမ္းေဆာင္ႏိုင္မႈအေျခအေနမ်ားႏွင့္ ကုန္သြယ္မႈဆိုင္ရာအေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားျခင္းျဖစ္သည္။

မိမိတို႔ႏိုင္ငံမွ ထုတ္လုပ္သည့္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားအား ျပည္ပသို႔တင္ပို႔မႈကို ကန႔္သတ္ထားျခင္းမရွိသည့္အတြက္ ျပည္ပသို႔ လ်င္ျမန္ေခ်ာေမြ႕စြာျဖင့္ တင္ပို႔ႏိုင္ေရး တာဝန္ရွိသူအဆင့္ဆင့္က အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း နစကဥကၠ႒က ေျပာသည္။

ထို႔ျပင္ ဆိပ္ကမ္းမွ ပို႔ေဆာင္သည့္ ေမာ္ေတာ္ယာဥ္မ်ား အခ်ိန္မီ ထြက္ခြာႏိုင္ေရးအတြက္လည္း လမ္းေၾကာင္းမ်ားကို စနစ္တက် တြက္ခ်က္ထားရန္လိုၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား မျဖစ္ေပၚေစေရးအတြက္လည္း လိုအပ္သည္မ်ား စီမံေဆာင္႐ြက္ထားရန္ နစကဥကၠ႒က အသိေပးေျပာၾကားသည္။

အလားတူ စီးပြားေရးလုပ္ငန္းရွင္ႀကီးမ်ားႏွင့္ ေငြေၾကးက႑၌ ခိုင္မာေတာင့္တင္းသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ ႏိုင္ငံႏွင့္ျပည္သူလူထု၏ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူမႈစီးပြားဘဝျမႇင့္တင္ေရးကို တိုက္႐ိုက္အေထာက္အကူျပဳသည့္ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း၊ ၎ကိုအေျခခံသည့္ ထုတ္ကုန္ပစၥည္းထုတ္လုပ္ေရးလုပ္ငန္း (Agro Base Industry) က႑တို႔၌ ရင္းႏွီးျမႇဳပ္ႏွံျခင္းကို ဦးစားေပးေဆာင္႐ြက္ႏိုင္ေရးကိုလည္း တိုက္တြန္းေျပာၾကားသည္။

ပို႔ကုန္ႏွင့္ပတ္သက္၍ တင္ျပခ်က္မ်ားအရ မိမိတို႔ႏိုင္ငံအေပၚ စီးပြားေရးအရ ပိတ္ဆို႔မႈမ်ားရွိသျဖင့္ ျပည္တြင္းကုန္ထုတ္လုပ္မႈမ်ားကို တိုးျမႇင့္၍ ပို႔ကုန္က႑ျမႇင့္တင္ႏိုင္ရန္လိုေၾကာင္း၊ ေဈးကြက္ရွိၿပီးျဖစ္သည့္ ထုတ္ကုန္ပစၥည္းမ်ားကို တိုးျမႇင့္ထုတ္လုပ္၍ ျပည္ပသို႔ တင္ပို႔ႏိုင္ရန္လိုေၾကာင္း နစကဥကၠ႒က အသိေပးေျပာထားသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ အဓိကအားျဖင့္ စိုက္ပ်ိဳးေရးႏွင့္ပတ္သက္သည့္ ထုတ္ကုန္ပစၥည္းမ်ားကို ပိုမိုထုတ္လုပ္တင္ပို႔ႏိုင္ေရးႏွင့္ စက္မႈစိုက္ပ်ိဳးေရးထုတ္ကုန္မ်ား၊ စားေသာက္ကုန္မ်ားကိုလည္း တင္ပို႔ႏိုင္ၿပီး ထုတ္လုပ္မႈကို ယခုထက္ပိုမိုတိုးတက္ေအာင္ ေဆာင္႐ြက္ရန္လည္း အသိေပးထားသည္။

Related news

© 2021. All rights reserved.