ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် ဘုရားဖူးယာဥ်တိမ်းမှောက်ရာမှ ယာဥ်ပေါ်ပါ (၆)ဦးသေဆုံး

2004
NP News- မတ် ၁၆
ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် ဘုရားဖူးယာဥ်တိမ်းမှောက်ရာမှ ယာဥ်ပေါ်ပါ (၆)ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယမန်နေ့(မတ်လ ၁၅ ရက်)တွင် ညနေ (၅)နာရီခွဲအချိန်တွင် ရွှေစာရံ – ရဲရွာ – ကျောက်ဆည်လမ်း ဒုဌဝတီ တံတားအကျော် တိုးဂိတ်အလွန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းဘုရားဖူးကားသည် တိုးဂိတ်အလွန် မီးသွေးဖုတ်ရွာအနီး၌ လမ်းမှား၍ ကားနောက်ပြန်ဆုတ်ရာမှ ယာဉ်တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုရားဖူးယာဉ်ပေါ်တွင် (၁၃)ဦး ပါရှိပြီး စေတနာမွန်လူမှုကူညီရေး(အုန်းချော)မှ ကယ်ဆယ်ခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် အသက်ဆုံးရှုံးသူ (၃)ဦးကို စဉ့်ကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျန်လူနာများကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသနေရာမှ (၂)ဦးမှာ ထပ်မံသေဆုံးခဲ့ပြီး ည (၁၂)နာရီကျော်အချိန်တွင် အမျိုးသမီး(၁)ဦး ထပ်မံ ကွယ်လွန်သွားခဲ့ရကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းထံမှ သိရသ ည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း (၆)ဦး ကွယ်လွန်ပြီး ဒဏ်ရာရရှိသူ(၇)ဦးရှိခဲ့သည်။

Zawgyi Version:
ေ႐ႊစာရံမွ ဘုရားဖူးျပန္လာသည့္ ဘုရားဖူးယာဥ္တိမ္းေမွာက္ရာမွ ယာဥ္ေပၚပါ (၆)ဦးေသဆုံး
NP News- မတ္ ၁၆
ေ႐ႊစာရံမွ ဘုရားဖူးျပန္လာသည့္ ဘုရားဖူးယာဥ္တိမ္းေမွာက္ရာမွ ယာဥ္ေပၚပါ (၆)ဦးေသဆုံးခဲ့ေၾကာင္း နယ္ေျမခံလူမႈကူညီေရးအသင္းထံမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၁၅ ရက္)တြင္ ညေန (၅)နာရီခြဲအခ်ိန္တြင္ ေ႐ႊစာရံ – ရဲ႐ြာ – ေက်ာက္ဆည္လမ္း ဒုဌဝတီ တံတားအေက်ာ္ တိုးဂိတ္အလြန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
၎ဘုရားဖူးကားသည္ တိုးဂိတ္အလြန္ မီးေသြးဖုတ္႐ြာအနီး၌ လမ္းမွား၍ ကားေနာက္ျပန္ဆုတ္ရာမွ ယာဥ္တိမ္းေမွာက္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဘုရားဖူးယာဥ္ေပၚတြင္ (၁၃)ဦး ပါရွိၿပီး ေစတနာမြန္လူမႈကူညီေရး(အုန္းေခ်ာ)မွ ကယ္ဆယ္ခဲ့ရာ အခင္းျဖစ္ပြားသည့္ေနရာတြင္ပင္ အသက္ဆုံးရႈံးသူ (၃)ဦးကို စဥ့္ကိုင္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ က်န္လူနာမ်ားကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေဆးကုသေနရာမွ (၂)ဦးမွာ ထပ္မံေသဆုံးခဲ့ၿပီး ည (၁၂)နာရီေက်ာ္အခ်ိန္တြင္ အမ်ိဳးသမီး(၁)ဦး ထပ္မံ ကြယ္လြန္သြားခဲ့ရေၾကာင္း သႏၲိသုခ အခမဲ့ လူမႈကူညီေရးအသင္းထံမွ သိရသ ည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ အမ်ိဳးသား (၂)ဦး၊ အမ်ိဳးသမီး(၄)ဦး စုစုေပါင္း (၆)ဦး ကြယ္လြန္ၿပီး ဒဏ္ရာရရွိသူ(၇)ဦးရွိခဲ့သည္။