တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကာလအတွင်း လမ်းမ၌ လူနာတင်ယာဉ်နှင့် မီးသတ်ကားတွေ့ပါက ပြည်သူများအနေဖြင့် အလိုက်တသိလမ်းရှင်းပေးရန် မေတ္တာရပ်ခံ

 740

Pearl (NP News) - မတ် ၁၆

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကာလအတွင်း လမ်းမပေါ်၌ဥသြသံမပေးပဲ အချက်ပြမီးသာဖွင့်မောင်းလာသည့် လူနာတင်ယာဉ်နှင့် မီးသတ်ကားများတွေ့ပါက ပြည်သူများအနေဖြင့် အလိုက်တသိလမ်းရှင်းပေးရန် မီးသတ်ဦးစီးဌာနက မေတ္တာရပ်ခံထားသည်။

လာမည့် မတ်လ (၁၇)ရက်မှ စတင်၍ မတ်လ (၂၂)ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်း (မီးလောင်/လန့်မှု)များ ဖြစ်ပွားခဲ့ပါက မီးသတ်ကားများအနေဖြင့် ဥသြသံပေး မောင်းနှင်သွားမည်မဟုတ်ကြောင်း သိရသည်။

မီးသတ်ယာဥ်ပေါ်၌ပါရှိသောအရေးပေါ်မီးလည်နှင့်မီးတန်းများဖွင့်၍လည်းကောင်း၊ ရှေ့မီးကြီးများဖွင့်၍ လည်းကောင်း မောင်းနှင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပုံစံဖြင့်မီးသတ်ယာဥ်များမောင်းနှင်လာပါက လမ်းမပေါ်ရှိမိဘပြည်သူများအနေဖြင့် မိမိ၏ယာဥ်အား လမ်းဘေးသို့ကပ်/ချပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးပါရန် အသိပေး မေတ္တာရပ်ခံထားသည်။

Zawgyi Version:
တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုမည့္ ကာလအတြင္း လမ္းမ၌ လူနာတင္ယာဥ္ႏွင့္ မီးသတ္ကားေတြ႕ပါက ျပည္သူမ်ားအေနျဖင့္ အလိုက္တသိလမ္းရွင္းေပးရန္ ေမတၱာရပ္ခံ

Pearl (NP News) - မတ္ ၁၆

တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုမည့္ ကာလအတြင္း လမ္းမေပၚ၌ဥၾသသံမေပးပဲ အခ်က္ျပမီးသာဖြင့္ေမာင္းလာသည့္ လူနာတင္ယာဥ္ႏွင့္ မီးသတ္ကားမ်ားေတြ႕ပါက ျပည္သူမ်ားအေနျဖင့္ အလိုက္တသိလမ္းရွင္းေပးရန္ မီးသတ္ဦးစီးဌာနက ေမတၱာရပ္ခံထားသည္။

လာမည့္ မတ္လ (၁၇)ရက္မွ စတင္၍ မတ္လ (၂၂)ရက္အထိ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုမည္ျဖစ္ၿပီး အဆိုပါ ကာလအတြင္း (မီးေလာင္/လန္႔မႈ)မ်ား ျဖစ္ပြားခဲ့ပါက မီးသတ္ကားမ်ားအေနျဖင့္ ဥၾသသံေပး ေမာင္းႏွင္သြားမည္မဟုတ္ေၾကာင္း သိရသည္။

မီးသတ္ယာဥ္ေပၚ၌ပါရွိေသာအေရးေပၚမီးလည္ႏွင့္မီးတန္းမ်ားဖြင့္၍လည္းေကာင္း၊ ေရွ႕မီးႀကီးမ်ားဖြင့္၍ လည္းေကာင္း ေမာင္းႏွင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါပုံစံျဖင့္မီးသတ္ယာဥ္မ်ားေမာင္းႏွင္လာပါက လမ္းမေပၚရွိမိဘျပည္သူမ်ားအေနျဖင့္ မိမိ၏ယာဥ္အား လမ္းေဘးသို႔ကပ္/ခ်ေပးျခင္းမ်ား ျပဳလုပ္ေဆာင္႐ြက္ေပးပါရန္ အသိေပး ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.