North Macedonia နိုင်ငံက နိုက်ကလပ်တစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၅၉)ဦး သေဆုံး

 436

Pika (NP News) - မတ် ၁၇

North Macedonia နိုင်ငံ ကိုကာနီမြို့က နိုက်ကလပ်တစ်ခုမှာ မီးလောင်ကျွမ်းမှုနဲ့အတူ လူနင်းမှုတွေကြောင့် အနည်းဆုံးလူ(၅၉)ဦး သေဆုံးခဲ့ပြီး အခြားလူ(၁၅၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုက်ကလပ်မှာ ဖျော်ဖြေပွဲတစ်ခုအတွင်း မီးရှူးမီးပန်းတွေဖောက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Panche Toshkovski က ပြောကြားခဲ့ပါတယ်။ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက် အရ မီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာ နိုက်ကလပ်အတွင်းမှာ လူ(၁၅၀၀)ခန့် ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မီးလောင်ကျွမ်းမှုဟာ မတ်လ(၁၆)ရက် အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုက်ကလပ်ရဲ့ မျက်နှာကျက် ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ကိုးကားပြီး Sakam Da Kazam မီဒီယာက “မီးလောင်ကျွမ်းမှုဟာ မတ်လ(၁၆)ရက် နံနက်(၂)နာရီ (၃ဝ) မိနစ်အချိန်လောက်မှာ စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး စင်ပေါ်မှာ မီးရှူးမီးပန်းတွေ ဖောက်ခဲ့ပြီးတဲ့နောက် မျက်နှာကျက်မှာ မီး စတင်လောင်ကျွမ်းခဲ့ တာပါ” လို့‌ ရေးသားဖော်ပြခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူတစ်ဦးက “မီး စတင်လောင်ကျွမ်းပြီးတဲ့နောက်မှာ ကျွန်တော်တို့အားလုံးဟာ တံခါးပေါက် တစ်ခုတည်းဆီကို ဦးတည်ပြေးခဲ့ကြတာပါ။ နိုက်ကလပ်ရဲ့ ဝင်ပေါက်နဲ့ ထွက်ပေါက်က တံခါးပေါက်တစ်ခုပဲ ရှိတာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
North Macedonia ႏိုင္ငံက ႏိုက္ကလပ္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး လူ(၅၉)ဦး ေသဆုံး
Pika (NP News) - မတ္ ၁၇

North Macedonia ႏိုင္ငံ ကိုကာနီၿမိဳ႕က ႏိုက္ကလပ္တစ္ခုမွာ မီးေလာင္ကြၽမ္းမႈနဲ႔အတူ လူနင္းမႈေတြေၾကာင့္ အနည္းဆုံးလူ(၅၉)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၁၅၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ႏိုက္ကလပ္မွာ ေဖ်ာ္ေျဖပြဲတစ္ခုအတြင္း မီးရႉးမီးပန္းေတြေဖာက္ခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့တာ ျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီး Panche Toshkovski က ေျပာၾကားခဲ့ပါတယ္။ သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ အရ မီးေလာင္မႈျဖစ္ပြားတဲ့အခ်ိန္မွာ ႏိုက္ကလပ္အတြင္းမွာ လူ(၁၅၀၀)ခန႔္ ရွိေနတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ မီးေလာင္ကြၽမ္းမႈဟာ မတ္လ(၁၆)ရက္ အေစာပိုင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ႏိုက္ကလပ္ရဲ႕ မ်က္ႏွာက်က္ ကေန စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အသက္ရွင္က်န္ရစ္သူတစ္ဦးကို ကိုးကားၿပီး Sakam Da Kazam မီဒီယာက “မီးေလာင္ကြၽမ္းမႈဟာ မတ္လ(၁၆)ရက္ နံနက္(၂)နာရီ (၃ဝ) မိနစ္အခ်ိန္ေလာက္မွာ စတင္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး စင္ေပၚမွာ မီးရႉးမီးပန္းေတြ ေဖာက္ခဲ့ၿပီးတဲ့ေနာက္ မ်က္ႏွာက်က္မွာ မီး စတင္ေလာင္ကြၽမ္းခဲ့ တာပါ” လို႔‌ ေရးသားေဖာ္ျပခဲ့ပါတယ္။

အသက္ရွင္က်န္ရစ္သူတစ္ဦးက “မီး စတင္ေလာင္ကြၽမ္းၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔အားလုံးဟာ တံခါးေပါက္ တစ္ခုတည္းဆီကို ဦးတည္ေျပးခဲ့ၾကတာပါ။ ႏိုက္ကလပ္ရဲ႕ ဝင္ေပါက္နဲ႔ ထြက္ေပါက္က တံခါးေပါက္တစ္ခုပဲ ရွိတာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.