Milan Fashion House ရဲ့ ဖန်တီးမှု ဒါရိုက်တာအဖြစ်မှ ဒိုနာတယ်လာဗားဆက် နှုတ်ထွက်

249

ရောင်နီ (NP News) - မတ် ၁၇
အီတလီဖက်ရှင် brand တွေ စုပေါင်းထားတဲ့ Milan Fashion House ရဲ့ ဖန်တီးမှု ဒါရိုက်တာဖြစ်တဲ့၊ Fashion House ကို တည်ထောင်ခဲ့တဲ့ ဂါနီဗားဆက်ရဲ့ညီမဖြစ်သူ အသက် ၆၉ နှစ်အရွယ် ဒိုနာလာဗားဆက်ဟာ သူ့ရဲ့ရာထူး က နှုတ်ထွက်ပြီဖြစ်တယ်လို့ Versace ရဲ့ အမေရိကန်ပိုင်ရှင် ကာပရီဟိုးဒင်း က ကြေညာခဲ့ပါတယ်။
လက်ရှိ ဖန်တီးမှု ဒါရိုက်တာ ရာထူးကို မကြာသေးခင်က Prada Group ပိုင်ဆိုင်တဲ့ Miu Miu အမှတ်တံဆိပ်ရဲ့ ဒီဇိုင်းဒါရိုက်တာ၊ ဒါရီရိုဗီတေးက အစားထိုး ဝင်ရောက်မှာဖြစ်ပြီး ဧပြီလ ၁ ရက်မှ အလုပ်ခွင် စဝင်ရမယ်လို့ ဆိုပါတယ်။ ဒါဟာ Prada Group ဟာ Versace ကို ဝယ်ယူဖို့ Fashion House ကို ယူရို ၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံ) ထိပေးချေရမယ့် Capri Holdings ရဲ့ဆွေးနွေးမှုတွေပြုလုပ်နေချိန်မှာ ထွက်ပေါ်လာတဲ့ အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။
Versace အမှုဆောင်အရာရှိချုပ် ဂျွန်ဒီအိုင်ဒေါက ဒီအပြောင်းအလဲဟာ Versace အတွက် တွေးခေါ်မြော်မြင်တဲ့ ဆက်ခံရေးအစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ သူက ဗီတေးလ် ရဲ့စွမ်းရည်နဲ့ အမြင်အာရုံဟာ Versace ရဲ့အနာဂတ် တိုးတက်မှုအတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

Zawgyi Version:
Milan Fashion House ရဲ႕ ဖန္တီးမႈ ဒါ႐ိုက္တာအျဖစ္မွ ဒိုနာတယ္လာဗားဆက္ ႏႈတ္ထြက္
ေရာင္နီ (NP News) - မတ္ ၁၇
အီတလီဖက္ရွင္ brand ေတြ စုေပါင္းထားတဲ့ Milan Fashion House ရဲ႕ ဖန္တီးမႈ ဒါ႐ိုက္တာျဖစ္တဲ့၊ Fashion House ကို တည္ေထာင္ခဲ့တဲ့ ဂါနီဗားဆက္ရဲ႕ညီမျဖစ္သူ အသက္ ၆၉ ႏွစ္အ႐ြယ္ ဒိုနာလာဗားဆက္ဟာ သူ႔ရဲ႕ရာထူး က ႏႈတ္ထြက္ၿပီျဖစ္တယ္လို႔ Versace ရဲ႕ အေမရိကန္ပိုင္ရွင္ ကာပရီဟိုးဒင္း က ေၾကညာခဲ့ပါတယ္။
လက္ရွိ ဖန္တီးမႈ ဒါ႐ိုက္တာ ရာထူးကို မၾကာေသးခင္က Prada Group ပိုင္ဆိုင္တဲ့ Miu Miu အမွတ္တံဆိပ္ရဲ႕ ဒီဇိုင္းဒါ႐ိုက္တာ၊ ဒါရီ႐ိုဗီေတးက အစားထိုး ဝင္ေရာက္မွာျဖစ္ၿပီး ဧၿပီလ ၁ ရက္မွ အလုပ္ခြင္ စဝင္ရမယ္လို႔ ဆိုပါတယ္။ ဒါဟာ Prada Group ဟာ Versace ကို ဝယ္ယူဖို႔ Fashion House ကို ယူ႐ို ၂ ဘီလီယံ (အေမရိကန္ ေဒၚလာ ၂.၂ ဘီလီယံ) ထိေပးေခ်ရမယ့္ Capri Holdings ရဲ႕ေဆြးေႏြးမႈေတြျပဳလုပ္ေနခ်ိန္မွာ ထြက္ေပၚလာတဲ့ အေျပာင္းအေ႐ႊ႕ပဲျဖစ္ပါတယ္။
Versace အမႈေဆာင္အရာရွိခ်ဳပ္ ဂြၽန္ဒီအိုင္ေဒါက ဒီအေျပာင္းအလဲဟာ Versace အတြက္ ေတြးေခၚေျမာ္ျမင္တဲ့ ဆက္ခံေရးအစီအစဥ္တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ သူက ဗီေတးလ္ ရဲ႕စြမ္းရည္နဲ႔ အျမင္အာ႐ုံဟာ Versace ရဲ႕အနာဂတ္ တိုးတက္မႈအတြက္အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္တယ္လို႔ ဆိုပါတယ္။