Samsung Seoul ဆေးရုံကို ဝမ်သန်း (၁၀ဝ) လှူဒါန်းခဲ့သည့် ENHYPEN အဖွဲ့ဝင် Sunoo

310

Pika (NPNews)- မတ်လ ၁၇
တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ ENHYPEN ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Sunoo သည် Samsung Seoul ဆေးရုံကို ဝမ်သန်း (၁၀ဝ)လှူဒါန်းခဲ့ကြောင်းသိရသည်။ Sunoo ၏ ဆန္ဒ အရ အဆိုပါလှူဒါန်းမှုကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Belift Lab ကုမ္ပဏီက မတ်လ (၁၁)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် Sunoo ၏ လှူဒါန်းမှုကို လူနာ ပျော်ရွှင်မှုရန်ပုံငွေအတွက် အကျိုးရှိစွာအသုံးပြုသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Sunoo သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် Samsung Seoul ဆေးရုံကို ဝမ်သန်း(၁၀ဝ)လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါလှူဒါန်းမှုကို သီးသန့်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် တာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်းမျိုး မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါလှူဒါန်းမှုကို Samsung Seoul ဆေးရုံရှိ လူနာများ အတွက် ကုသမှုကုန်ကျစရိတ်နှင့် ပံ့ပိုးမှုအစီအစဉ်အမျိုးမျိုးအတွက် ခွဲဝေပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ENHYPEN အဖွဲ့ သည် လက်ရှိအချိန်တွင် ၎င်းတို့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး WALK THE LINE ကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
လာမည့်ဇူလိုင်လတွင် ENHYPEN အဖွဲ့သည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Ajinomoto အား ကစားကွင်းတွင် ဖျော်ဖြေမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး ဩဂုတ်လတွင် အိုဆာကာမြို့ရှိ့ Yanmar Stadium Nagai အားကစားကွင်းတွင် ဖျော်ဖြေမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
Samsung Seoul ေဆး႐ုံကို ဝမ္သန္း (၁၀ဝ) လႉဒါန္းခဲ့သည့္ ENHYPEN အဖြဲ႕ဝင္ Sunoo
Pika (NPNews)- မတ္လ ၁၇
ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ ENHYPEN ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Sunoo သည္ Samsung Seoul ေဆး႐ုံကို ဝမ္သန္း (၁၀ဝ)လႉဒါန္းခဲ့ေၾကာင္းသိရသည္။ Sunoo ၏ ဆႏၵ အရ အဆိုပါလႉဒါန္းမႈကို တိတ္တဆိတ္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း Belift Lab ကုမၸဏီက မတ္လ (၁၁)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
ထို႔ျပင္ Sunoo ၏ လႉဒါန္းမႈကို လူနာ ေပ်ာ္႐ႊင္မႈရန္ပုံေငြအတြက္ အက်ိဳးရွိစြာအသုံးျပဳသြားမည္ျဖစ္ ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ Sunoo သည္ ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ Samsung Seoul ေဆး႐ုံကို ဝမ္သန္း(၁၀ဝ)လႉဒါန္း ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါလႉဒါန္းမႈကို သီးသန႔္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေသာေၾကာင့္ တာဝန္ရွိသူမ်ားက ထုတ္ေဖာ္ ေျပာဆိုျခင္းမ်ိဳး မရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါလႉဒါန္းမႈကို Samsung Seoul ေဆး႐ုံရွိ လူနာမ်ား အတြက္ ကုသမႈကုန္က်စရိတ္ႏွင့္ ပံ့ပိုးမႈအစီအစဥ္အမ်ိဳးမ်ိဳးအတြက္ ခြဲေဝေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ENHYPEN အဖြဲ႕ သည္ လက္ရွိအခ်ိန္တြင္ ၎တို႔၏ ကမာၻလွည့္ေဖ်ာ္ေျဖေရး WALK THE LINE ကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္းသိရသည္။
လာမည့္ဇူလိုင္လတြင္ ENHYPEN အဖြဲ႕သည္ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ရွိ Ajinomoto အား ကစားကြင္းတြင္ ေဖ်ာ္ေျဖမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး ဩဂုတ္လတြင္ အိုဆာကာၿမိဳ႕ရွိ႕ Yanmar Stadium Nagai အားကစားကြင္းတြင္ ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။