စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ

 485

ရောင်နီ (NP News) - မတ် ၁၉

စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ်မှာ မတ်လ ၁၈ ရက်က မိကျောင်း တစ်ကောင် ရောက်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အမျိုးသားဥယျာဉ်များ ဘုတ်အဖွဲ့ (NParks) ဟာ မတ်လ ၁၈ ရက် ညနေပိုင်း အချိန်က Lim Chu Kang လမ်းမပေါ်မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းကြားချက်ရရှိပြီးတဲ့နောက် ချက်ချင်းရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို မစ္စတာကိုးလို့ လူသိများတဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မတ်လ ၁၈ ရက် ညနေ ၆ နာရီ ၄၀ လောက် အချိန်မှာ Singapore Wildlife Sightings အဖွဲ့ထဲ မိကျောင်းပုံ ၂ ပုံနဲ့အတူ ဒီသတင်းကို တင်ခဲ့တာ ဖြစ်ပါတယ်။ မစ္စတာကိုးက Long Kuan Hung ရှိ၊ Neo Tiew Crescent လမ်းမပေါ်မှာ နေ့လည် ၁ နာရီက ကားမောင်းလာစဉ် မိကျောင်းကို မြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတော့ မိကျောင်းကို ဖမ်းမမိသေးပါဘူး။ NParks ကတော့ မိကျောင်းနဲ့တွေ့ခဲ့ရင် အစာကျွေးတာ၊ စနောက်တာ၊ ချညဉ်းကပ်တာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံ၊ Lim Chu Kang လမ္းမေပၚ မွာ မိေက်ာင္း တစ္ေကာင္ ေရာက္ရွိေန
ေရာင္နီ (NP News) - မတ္ ၁၉

စင္ကာပူႏိုင္ငံ၊ Lim Chu Kang လမ္းမေပၚမွာ မတ္လ ၁၈ ရက္က မိေက်ာင္း တစ္ေကာင္ ေရာက္ရွိေနတယ္လို႔ သတင္းေတြအရ သိရပါတယ္။

အမ်ိဳးသားဥယ်ာဥ္မ်ား ဘုတ္အဖြဲ႕ (NParks) ဟာ မတ္လ ၁၈ ရက္ ညေနပိုင္း အခ်ိန္က Lim Chu Kang လမ္းမေပၚမွာ မိေက်ာင္း တစ္ေကာင္ ေရာက္ရွိေနတယ္ဆိုတဲ့ အေၾကာင္းၾကားခ်က္ရရွိၿပီးတဲ့ေနာက္ ခ်က္ခ်င္းရွာေဖြမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီသတင္းကို မစၥတာကိုးလို႔ လူသိမ်ားတဲ့ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူတစ္ဦးက မတ္လ ၁၈ ရက္ ညေန ၆ နာရီ ၄၀ ေလာက္ အခ်ိန္မွာ Singapore Wildlife Sightings အဖြဲ႕ထဲ မိေက်ာင္းပုံ ၂ ပုံနဲ႔အတူ ဒီသတင္းကို တင္ခဲ့တာ ျဖစ္ပါတယ္။ မစၥတာကိုးက Long Kuan Hung ရွိ၊ Neo Tiew Crescent လမ္းမေပၚမွာ ေန႔လည္ ၁ နာရီက ကားေမာင္းလာစဥ္ မိေက်ာင္းကို ျမင္ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။

လက္ရွိေတာ့ မိေက်ာင္းကို ဖမ္းမမိေသးပါဘူး။ NParks ကေတာ့ မိေက်ာင္းနဲ႔ေတြ႕ခဲ့ရင္ အစာေကြၽးတာ၊ စေနာက္တာ၊ ခ်ညဥ္းကပ္တာမ်ိဳး မလုပ္ဖို႔ သတိေပးထားပါတယ္။

Related news

© 2021. All rights reserved.