ဗြိတိန်မှာ ဒေါ်လာ ၄.၈ သန်းတန် ရွှေအိမ်သာ ခိုးယူမှုနဲ့ အမျိုးသား ၂ ဦး ဖမ်းမိ

821

ရောင်နီ (NP News) - မတ် ၂ဝ
ဗြိတိန်နိုင်ငံမှာ ဗြိတိန်ကောင်တီဟောက်စ်မှ ရွှေအိမ်သာ ခိုးယူမှုနဲ့ အမျိုးသားနှစ်ဦးကို အပြစ်ရှိကြောင်း မတ် ၁၈ ရက်က ဗြိတိန်တရားရုံးမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က အောက်စဖို့ဒ်မြို့အနီးရှိ Blenheim နန်းတော်၊ ပန်းချီပြပွဲတစ်ခုမှာ ဝင်ရောက်စီးနင်းမှုမှာ ၁၈ ကာရက်ရှိ ရွှေအိမ်သာကြီး ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။
"America” လို့ အမည်ပေးထားတဲ့ အဲဒီအနုပညာလက်ရာဟာ စစ်ခေတ်ဝန်ကြီးချုပ် ဝစ်စတန်ချားချေးရဲ့ မွေးရပ်မြေဖြစ်တဲ့ ၁၈ ရာစုရဲ့ကောင်တီဟော့င်စ်မှာ ကျင်းပတဲ့ အီတလီအနုပညာရှင် မာရီဇီရိုကော့တလန်ရဲ့ ပြပွဲဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဖောက်ထွင်းမှုအတွက် အသက် ၃၉ နှစ်အရွယ် မိုက်ကယ်ဂျွန် နဲ့ အသက် ၃၆ နှစ်အရွယ် ဖရီဒါးရစ်ခ်ဒိုးကို ရာဇဝတ်ပစ္စည်းလွှဲပြောင်းရာမှာ ပူးပေါင်းကြံစည်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
ဖောက်ထွင်း ခိုးယူမှုဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး အချိန် ငါးမိနစ်သာကြာခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အခြားသံသယရှိသူ အသက် ၄၀ နှစ်အရွယ် ဂျိမ်းရှင်းကတော့ ဖောက်ထွင်းမှု၊ ရာဇဝတ်ပစ္စည်း လွှဲပြောင်းဖို့ ပူးပေါင်းကြံစည်မှုနဲ့ ရာဇ၀တ်မှုဆိုင်ရာပစ္စည်းလွှဲပြောင်းမှုနဲ့အပြစ်ရှိကြောင်း ဝန်ခံထားပြီးဖြစ်ပါတယ်။

Zawgyi Version:
ၿဗိတိန္မွာ ေဒၚလာ ၄.၈ သန္းတန္ ေ႐ႊအိမ္သာ ခိုးယူမႈနဲ႔ အမ်ိဳးသား ၂ ဦး ဖမ္းမိ
ေရာင္နီ (NP News) - မတ္ ၂ဝ
ၿဗိတိန္ႏိုင္ငံမွာ ၿဗိတိန္ေကာင္တီေဟာက္စ္မွ ေ႐ႊအိမ္သာ ခိုးယူမႈနဲ႔ အမ်ိဳးသားႏွစ္ဦးကို အျပစ္ရွိေၾကာင္း မတ္ ၁၈ ရက္က ၿဗိတိန္တရား႐ုံးမွာ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။
လြန္ခဲ့တဲ့ ၅ ႏွစ္က ေအာက္စဖို႔ဒ္ၿမိဳ႕အနီးရွိ Blenheim နန္းေတာ္၊ ပန္းခ်ီျပပြဲတစ္ခုမွာ ဝင္ေရာက္စီးနင္းမႈမွာ ၁၈ ကာရက္ရွိ ေ႐ႊအိမ္သာႀကီး ခိုးယူခံခဲ့ရတာျဖစ္ပါတယ္။
"America” လို႔ အမည္ေပးထားတဲ့ အဲဒီအႏုပညာလက္ရာဟာ စစ္ေခတ္ဝန္ႀကီးခ်ဳပ္ ဝစ္စတန္ခ်ားေခ်းရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ၁၈ ရာစုရဲ႕ေကာင္တီေဟာ့င္စ္မွာ က်င္းပတဲ့ အီတလီအႏုပညာရွင္ မာရီဇီ႐ိုေကာ့တလန္ရဲ႕ ျပပြဲဆြဲေဆာင္မႈတစ္ခုလည္း ျဖစ္ပါတယ္။ ေဖာက္ထြင္းမႈအတြက္ အသက္ ၃၉ ႏွစ္အ႐ြယ္ မိုက္ကယ္ဂြၽန္ နဲ႔ အသက္ ၃၆ ႏွစ္အ႐ြယ္ ဖရီဒါးရစ္ခ္ဒိုးကို ရာဇဝတ္ပစၥည္းလႊဲေျပာင္းရာမွာ ပူးေပါင္းႀကံစည္မႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။
ေဖာက္ထြင္း ခိုးယူမႈဟာ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁၄ ရက္က ျဖစ္ခဲ့တာျဖစ္ၿပီး အခ်ိန္ ငါးမိနစ္သာၾကာခဲ့ပါတယ္။ ဒီအမႈနဲ႔ပတ္သက္ၿပီး အျခားသံသယရွိသူ အသက္ ၄၀ ႏွစ္အ႐ြယ္ ဂ်ိမ္းရွင္းကေတာ့ ေဖာက္ထြင္းမႈ၊ ရာဇဝတ္ပစၥည္း လႊဲေျပာင္းဖို႔ ပူးေပါင္းႀကံစည္မႈနဲ႔ ရာဇ၀တ္မႈဆိုင္ရာပစၥည္းလႊဲေျပာင္းမႈနဲ႔အျပစ္ရွိေၾကာင္း ဝန္ခံထားၿပီးျဖစ္ပါတယ္။