ကမ္ဘာ့ရွှေဈေးမြင့်တက်နေသော်လည်းပြည်တွင်းဈေးကွက်အေးနေ

4165

NP News မတ်လ (၁၉)ရက်
ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် (၃၀၄၉) ဒေါ်လာအထိပေါက်ဈေးမြင့်တက်နေသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းအားကျဆင်းပြီးဈေးနှုန်းအပြောင်းအလဲနည်းပါးနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းနေသော်လည်း ပြည်တွင်းရွှေဈေးအတွင်း ဈေးအနည်းငယ်သာ မြင့်တက်မှု ရှိနေကြောင်း ဈေးကွက်အတွင်း မှသိရသည်။
ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်၊ မနက်ပိုင်းမှာ တအောင်စကို ဒေါ်လာ ၃၀၄၉ အထိ မြင့်တက်နေခြင်းဖြစ်ပြီး ယင်း ဈေးနှုန်းသည် သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင်ဈေး ဖြစ်ကြောင်း ဈေးကွက် ကျွမ်းကျင်သူများကသုံးသပ်ပြောကြားသည်။
“ကမ္ဘာ့ရွှေဈေးက တအောင်စ ဒေါ်လာ ၂၆၀၀ ဈေးကနေ သုံးလအတွင်း ၃၀၅၀ နားကို ရောက်လာခဲ့ပြီပေါ့။ အမေရိကန်အစိုးရရဲ့ သွင်းကုန်အခွန် သတ်မှတ်ချက် တိုးမြှင့် ကောက်ခံတာတွေ၊ ကုန်သွယ်စစ်ပွဲ အလားအလာတွေ၊ ပထဝီနိုင်ငံရေး မတည်ငြိမ်တာတွေ စတဲ့ အခြေအနေ အကြောင်းတရား အရပ်ရပ်တွေကြောင့် ကမ္ဘာ့ဈေး အတက်ကြမ်းလာတာ။ Market ကတော့ အတက်အားရှိနေပေမယ့် တအောင်စ ဒေါ်လာ ၃၀၂၄ ဈေးတန်းအောက် breakout လုပ်နိုင်ရင် အဝယ်တွေ သတိထားဖို့လိုပါတယ်” ဟု ရွှေဈေးကွက် ကျွမ်းကျင်သူ တစ်ဦးကပြောသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်နေခြင်းကြောင့်ပြည်တွင်းရွှေဈေး လည်းလိုက်ပါမြင့်တက်နေပြီး ပြင်ပအခေါက်ရွှေတစ်ကျပ်သားလျှင် ၆၇သိန်းရှစ်သောင်းကျပ် ဝန်းကျင်ကိုရောက်ရှိနေကြောင်းသိရသည်။
ယခုတစ်ပတ် ဈေးကွက်ဖွင့်ရက်ဖြစ်သည့် မတ် ၁၇ ရက်နေ့ (တနင်္လာနေ့) တွင် အခေါက်ရွှေ တကျပ်သား ခြောက်ဆယ့်ခြောက်သိန်း ရှစ်သောင်းဖြင့် ဈေးဖွင့်ခဲ့ခြင်းဖြစ်ပြီး လေးရက်အတွင်း ကျပ် တစ်သိန်းဝန်းကျင် မြင့်တက်လာကြောင်းသိရသည်။
ရွှေလုပ်ငန်းရှင်များပြောကြားချက်အရ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး မြင့်တက်နေသော်လည်း အမေရိကန်ဒေါ်လာဈေး အကျဘက်မှာ ရှိနေတာကြောင့် ထင်သလောက် ဈေးမြင့်တက်မှု မရှိကြောင်း ပြောဆိုနေကြသည်။
လက်ရှိတွင် ရွှေဈေးကွက်အတွင်းရွှေအတုံး အခဲလိုက်အရောင်းအဝယ် မရှိသလောက် နည်းပါးကြောင်း ဈေးကွက်အတွင်းမှသိရသည်။

Zawgyi Version:
ကမာၻ႔ေ႐ႊေဈးျမင့္တက္ေနေသာ္လည္းျပည္တြင္းေဈးကြက္ေအးေန
NP News မတ္လ (၁၉)ရက္
ကမာၻ႔ေ႐ႊေဈး တစ္ေအာင္စလွ်င္ (၃၀၄၉) ေဒၚလာအထိေပါက္ေဈးျမင့္တက္ေနေသာ္လည္း ျပည္တြင္းေ႐ႊေဈးကြက္တြင္ ေရာင္းအားက်ဆင္းၿပီးေဈးႏႈန္းအေျပာင္းအလဲနည္းပါးေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
လက္ရွိတြင္ ကမာၻ႔ေ႐ႊေဈး စံခ်ိန္တင္ အတက္ၾကမ္းေနေသာ္လည္း ျပည္တြင္းေ႐ႊေဈးအတြင္း ေဈးအနည္းငယ္သာ ျမင့္တက္မႈ ရွိေနေၾကာင္း ေဈးကြက္အတြင္း မွသိရသည္။
ကမာၻ႔ေ႐ႊေဈးသည္ မတ္ ၂၀ ရက္၊ မနက္ပိုင္းမွာ တေအာင္စကို ေဒၚလာ ၃၀၄၉ အထိ ျမင့္တက္ေနျခင္းျဖစ္ၿပီး ယင္း ေဈးႏႈန္းသည္ သမိုင္းတေလွ်ာက္ အျမင့္ဆုံး စံခ်ိန္တင္ေဈး ျဖစ္ေၾကာင္း ေဈးကြက္ ကြၽမ္းက်င္သူမ်ားကသုံးသပ္ေျပာၾကားသည္။
“ကမာၻ႔ေ႐ႊေဈးက တေအာင္စ ေဒၚလာ ၂၆၀၀ ေဈးကေန သုံးလအတြင္း ၃၀၅၀ နားကို ေရာက္လာခဲ့ၿပီေပါ့။ အေမရိကန္အစိုးရရဲ႕ သြင္းကုန္အခြန္ သတ္မွတ္ခ်က္ တိုးျမႇင့္ ေကာက္ခံတာေတြ၊ ကုန္သြယ္စစ္ပြဲ အလားအလာေတြ၊ ပထဝီႏိုင္ငံေရး မတည္ၿငိမ္တာေတြ စတဲ့ အေျခအေန အေၾကာင္းတရား အရပ္ရပ္ေတြေၾကာင့္ ကမာၻ႔ေဈး အတက္ၾကမ္းလာတာ။ Market ကေတာ့ အတက္အားရွိေနေပမယ့္ တေအာင္စ ေဒၚလာ ၃၀၂၄ ေဈးတန္းေအာက္ breakout လုပ္ႏိုင္ရင္ အဝယ္ေတြ သတိထားဖို႔လိုပါတယ္” ဟု ေ႐ႊေဈးကြက္ ကြၽမ္းက်င္သူ တစ္ဦးကေျပာသည္။
ကမာၻ႔ေ႐ႊေဈးျမင့္တက္ေနျခင္းေၾကာင့္ျပည္တြင္းေ႐ႊေဈး လည္းလိုက္ပါျမင့္တက္ေနၿပီး ျပင္ပအေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၆၇သိန္းရွစ္ေသာင္းက်ပ္ ဝန္းက်င္ကိုေရာက္ရွိေနေၾကာင္းသိရသည္။
ယခုတစ္ပတ္ ေဈးကြက္ဖြင့္ရက္ျဖစ္သည့္ မတ္ ၁၇ ရက္ေန႔ (တနလၤာေန႔) တြင္ အေခါက္ေ႐ႊ တက်ပ္သား ေျခာက္ဆယ့္ေျခာက္သိန္း ရွစ္ေသာင္းျဖင့္ ေဈးဖြင့္ခဲ့ျခင္းျဖစ္ၿပီး ေလးရက္အတြင္း က်ပ္ တစ္သိန္းဝန္းက်င္ ျမင့္တက္လာေၾကာင္းသိရသည္။
ေ႐ႊလုပ္ငန္းရွင္မ်ားေျပာၾကားခ်က္အရ ကမာၻ႔ေ႐ႊေဈးေၾကာင့္ ျပည္တြင္းေ႐ႊေဈး ျမင့္တက္ေနေသာ္လည္း အေမရိကန္ေဒၚလာေဈး အက်ဘက္မွာ ရွိေနတာေၾကာင့္ ထင္သေလာက္ ေဈးျမင့္တက္မႈ မရွိေၾကာင္း ေျပာဆိုေနၾကသည္။
လက္ရွိတြင္ ေ႐ႊေဈးကြက္အတြင္းေ႐ႊအတုံး အခဲလိုက္အေရာင္းအဝယ္ မရွိသေလာက္ နည္းပါးေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။