ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား နှစ်သိန်းကျော် ဖြေဆိုခဲ့ပြီး အချို့ မှာ အခက်အခဲများကို ကျော်ဖြတ်ခဲ့ရ

107

သုတကျော်၊ သန့်ဇင် (NP News) မတ်-၂၃
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားနှစ်သိန်းကျော်ဖြေဆိုခဲ့ပြီး အချို့မှာ အခက်အခဲများကိုကျော် ဖြတ်ခဲ့ရကြောင်း ပညာရေးဝန် ကြီးဌာန၏ထုတ်ပြန်ချက်နှင့် NP News မှမေးမြန်းထားသော အချက်အလက်များအရ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်း စာစစ်ဌာနပေါင်း(၈၁၇)ခုဖွင့်လှစ်ကာ မတ်လ(၁၇)ရက်မှ မတ်လ(၂၂)ရက် အထိစစ်ဆေးခဲ့ရာတွင် စာမေးပွဲဖြေဆိုရန် စာရင်းပေး သူ ကျောင်းသူ၊ ကျောင်းသား နှစ်သိန်းနှစ်သောင်း ကျော်ရှိသည့်အနက် နှစ်သိန်းရှစ်ထောင်ကျော်လာ ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာ န၏ အချက်အလက်များအရ သိရသည်။
သို့သော် PDF များအပါအဝင် လက်နက်ကိုင်များကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက် အခဲကြုံခဲ့ ရသူများရှိခဲ့ပြီး လုံးဝမဖြေလိုက်ရသူ များလည်းရှိသကဲ့သို့ အချို့မှာစာဖြေဌာနသို့ရောက် ရန်အတွက် တကူးတက သွားခဲ့ကြရသည်။ “ကလေးတိုင်းမှာ ပညာသင်ကြားခွင့်က ရှိပြီးသားလေ။ သူတို့ စာမေးပွဲဖြေနေချိန် တခြားစာမေးပွဲ မဖြေနိုင်တဲ့ စစ်ဖြစ်နေတဲ့ဘက်မှာဆိုရင် လိုင်းတွေပေါ်တွေ့နေရတာပဲ။ သူတို့ကြည့်ပြီးတော့ ငါ့တပည့်လေးတွေကတော့ ဖြေရတယ်၊ သူတို့လေးတွေတော့ သနားတယ်။ ကိုယ့် တပည့်တွေကို ပြောဖြစ်တယ်။ သူများဒေသတွေဆိုရင် စာမေးပွဲ ဖြေဖို့ နေနေသာသာ စာသင်ကြားခွင့်တောင် ဆုံးရှုံးနေရတယ်ပေါ့။ သူတို့ဆိုအတန်းတက်ခွင့်လည်း ဆုံးရှုံးသွားပြီ။ စာက စဉ်ဆက်မပြတ်ပဲကောင်းတယ်။ ပြတ်သွားပြီဆိုတာနဲ့ သူတို့အတွက် သင်ကြားချင်စိတ်က ပျက်စီးသွားတာဆိုတော့ နိုင်ငံရေး ပြန်ကောင်းသွား ရင်တောင် သူတို့ကစာသင်ချင်စိတ် ရှိပါတော့မလားပေါ့”ဟု မန္တလေးတိုင်းဒေသကြီးမှ ဆရာမတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းမြို့ရှိ မင်းကွန်းပုထိုးတော်ကြီး ပညာရေး အကယ်ဒမီကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် Grade-12 ကျောင်းသား၊ ကျောင်းသူများသည် လမ်းခရီးတွင် တိုက်ပွဲများရှိသည့်အတွက် ရေကြောင်းနှင့် ကုန်းကြောင်းလမ်းနှစ်မျိုးသုံးကာ စာမေးပွဲဖြေဆိုရန်သွားရောက်ခဲ့ရကြောင်း ဆရာတော် ဦးဝီရသူက ရုပ်သံဖိုင်တစ်ခုဖြင့် မိန့်ကြားထားသည်။
“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအ ကယ်ဒမီကျောင်းက(Grade-12) ကျောင်းသားတွေက စစ်ကိုင်းကို သွားဖြေရမှာဗျ။ စစ်ကိုင်းသွားတဲ့ လမ်းမှာက တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် ကုန်းလမ်းနဲ့သွားလို့မရတော့လို့ မင်းကွန်းကနေ မန္တလေးကို မော်တော်ကြီးနဲ့လာခဲ့ကြပြီဗျ။ မန္တလေးကိုကူးမယ်။ မန္တလေးကနေ ကားနဲ့စစ်ကိုင်းကိုပို့ မယ်ဗျ။ ဒါကလက် ရှိမြန်မာနိုင်ငံရဲ့အခြေအနေပဲဗျ”ဟု ဆရာတော်က ရုပ်သံဖိုင်အတွင်း မိန့်ကြားသည်။
ထို့ပြင် ရွှေဘိုမြို့နယ်တွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက်များပြား လာခဲ့သည်မှာ မှန်သော်လည်း PDF များ၏ လမ်းခရီး ပိတ်ဆို့မှုများကြောင့် ကလေးငယ်များစွာ စာမေးပွဲဖြေ ဆိုရန်အခက်အခဲရှိခဲ့ ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။ “ကျောက်မြောင်းဘက်အခြေအနေက သွားဖြေလို့ရပေမယ့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေက PDF ဘက်ကပိတ်ထားတယ်။ လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ထားတဲ့သဘောပါ။ အဲဒီတော့ ကလေးတွေက ရွှေဘိုကိုလာဖြေရတာ။ ရွှေဘိုမှာက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)အ ထက်တန်းကျောင်း တွေရှိတယ်။ အရင်နှစ်ထက်စာရင်တော့ တော်တော်လေးကိုတိုးတက်လာပါတယ်။ ကျောက်မြောင်းဘက်ကတော့ တချို့လာလို့ရတဲ့ ကလေးတွေလာဖြေပေမယ့် တချို့ကတော့ လာဖြေလို့ မရတာတွေရှိတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တော့ ကားတွေနဲ့အကြိုအပို့လုပ်ပေးတာရှိတယ်။ PDF တွေကတော့ အဲဒီဘက်တစ်ကြောကို ခဏခဏပိတ် တယ်”ဟု ၎င်းကပြောသည်။
အလားတူ မုံရွာမြို့နယ်တွင်လည်း တက္က သိုလ်ဝင်စားမေးပွဲဖြေဆိုသည့်ကျောင်းသူ၊ ကျောင်း သားများသည် PDF များ၏ လမ်းပိတ်ဆိုမှုများကြောင့် မြို့ပေါ်တွင်ယာယီနေထိုင်ကာ စာမေးပွဲဖြေဆို ခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦး က ဆိုသည်။
ထို့ပြင်ရွှေဘိုမြို့နယ်အတွင်း ကျေးရွာအချို့မှ စာမေးပွဲလာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ သည် PDF များ၏ ခြိမ်းခြောက်မှုများကြောင့် အရပ်ဝတ်ဖြင့်စာစစ်ဌာနသို့ လာရောက်ရပြီး စာမေးပွဲဖြေဆိုမှသာ ယူနီဖောင်းပြန်လည်ဝတ်ဆင် ဖြေဆိုခဲ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “တချို့ကလေးတွေဆိုရင် ယူနီဖောင်းနဲ့ မဟုတ်ဘဲနဲ့ အရပ် ဝတ်နဲ့ပဲသွားပြီးဖြေရတာပေါ့။ စာမေးပွဲဖြေတာက အထက(၂)ထဲမှာပဲ ဖြေတာလေ။ အလုံ အထက (၂)မှာလည်း အဲဒီ(၂)ကျောင်းမှာပဲဖြစ်တယ်။ အလုံ အထက(၂)ကတော့ လုံခြုံရေးကတော့ အဆင်ပြေတယ်။ ဘာလို့ဆို တော့ တပ်ထဲမှာဖြစ်နေတာလေ။ သူတို့ကားတွေနဲ့ အကြိုအပို့လုပ်တယ်။ ရွာကတချို့ ကလေးတွေကတော့ နယ်မြေ အခြေအနေကြောင့် မြို့ပေါ်မှာလာတည်းပြီး စာမေးပွဲဖြေနေရတဲ့ ကလေး တွေလည်းရှိတယ်။ ဥပမာ ယင်းမာပင်မှာ အထက ရှိတယ်။ အဲဒီမှာမဖြေရဘဲ ဆိုင်ကယ်တွေနဲ့လာပြီးတော့ မုံရွာမှာ လာဖြေရတာ။ ဆိုင်ကယ်နဲ့လာဖြေရတယ် ဆိုတာကလည်း ကြုံသလိုလိုက်လာကြရတာ။ အသွားအပြန်လုပ်လို့မရဘူး။ ယူနီဖောင်းမဝတ်ဘဲနဲ့ ကြုံရာနဲ့ လိုက်လာ ပြီးဖြေရတာ”ဟု အထက်ပါဒေသခံက ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့တွင်လည်း တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများကို တပ်မတော်ကလုံခြုံရေးပေးခဲ့ရကြောင်း သိရသည်။ “စစ်ကိုင်းတိုင်းအထက် ပိုင်းက ကန့်ဘလူနဲ့ ဟုမ္မလင်း တို့ဆိုရင်လည်း လုံခြုံရေးနဲ့သူ့ဟာသူအဆင်ပြေကြ ပါတယ်။ စိုးရိမ်ရပေမယ့်သတိထားပြီး လုပ်နေရတယ်။ ဆားလင်းကြီးဘက်ကတော့ နယ်မြေအနေ အထားကတော့ ရေစကြိုဘက်က PDF တွေအဲဒီ ဘက်ရောက်နေတယ်လို့ သတင်းထွက်နေတယ်”ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
သို့သော် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုင်မြို့နယ်နှင့် ထီးလင်းမြို့နယ်တို့တွင်မူ နယ်မြေခံ PDF လက်နက် ကိုင်များကြီးစိုးကာ ပညာရေးပိတ် ပင်မှုများကြောင့် စာစစ်ဌာနများဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ ကြောင်း ဒေသခံများက NP News သို့ ပြောသည်။
“မြိုင်က အရင်ကတည်းက ကျောင်းရှိပြီး အစိုးရကျောင်းတွေက ပိတ်ထားရတယ်။ အထက ကျောင်းနှစ်ကျောင်း ရှိတာမှာ အဲဒီနှစ်ကျောင်းကလည်း စာမေးပွဲအခုနှစ်လည်းမဖြေရဘူး။ ဖြေလို့ လည်းမရဘူး။ လုံးဝကိုပိတ်ထားရတယ်။ ထီးလင်း လည်းမဖြေရဘူး။ သူလည်းအဲဒီလိုပဲ ပိတ်ထားရတယ်။ ကလေးတွေအတွက် နောင်ရေးက တော်တော် ကို စိုးရိမ်ရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် (၂၀၂၁)ခုနှစ်က စတင်ပြီး လက်ရှိအချိန်ထိ တန့်ဆည်မြို့နယ်တွင်းရှိ ကျေးရွာအချို့မှ အခြေခံပညာကျောင်းများသည် PDF အဖွဲ့များ၏ ပညာသင်ကြားခွင့်ပိတ်ပင်ထား ခြင်းကိုခံထားရကြောင်း ဒေသခံအမျိုး သမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့ရွာက တန့်ဆည်နဲ့ဆိုရင် (၁၀)မိုင်ကျော်လောက်ပဲဝေးတယ်။ (၇)ရွာအုပ်စုမှာ PDF တွေပဲရှိပြီး သူတို့က ကျောင်းတွေမဖွင့်ခိုင်းဘူး။ (၂၀၂၁)ကတည်းက မဖွင့်ခိုင်းတာ။ ကလေးတွေဘယ် သူမှကျောင်းမနေရဘူး။ အရင်က (၁၀)တန်းအောင် တဲ့ကလေးတွေက ခေါ်သင်ပေးတာပဲရှိတယ်။ ရွာသာ ရွာ၊ ရွာကျယ်၊ ထန်းတော၊ ချောင်ရိုး၊ သပြေပင်၊ ကွင်း မဲ့ကုန်း၊ ကျားရွာဆိုပြီး(၇)ရွာအုပ်စုပေါ့။ အရင်က တချို့မိဘတွေက သူတို့ကလေးတွေကို မန္တလေးဘက် ကိုပို့တာရှိခဲ့တယ်။ အဲဒီမှာ PDF ကပြန်ခေါ်ခိုင်းပြီး မိဘတွေကို ရိုက်တာ။ နောက်ဆိုမပို့ရဲတော့ဘူး။ (၄)နှစ်ကျော်ခဲ့ပြီ။ အခုထိ ကလေးတွေပညာရေးဆုံးရှုံး နေရတယ်။ ရွာမှာပဲ ဆိတ်ကျောင်း၊ နွားကျောင်းလုပ် နေရတယ်”ဟု ဒေသခံအမျိုး သမီးတစ်ဦးက ပြော သည်။
(၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာရောက်ဖြေဆိုသူ (၉၀)ရာခိုင်နှုန်း ကျော်ရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။ KNDF ပူးပေါင်းအဖွဲ့တို့၏ တိုက်ပွဲ ဖော်ဆောင်မှုများကြောင့် ကယားပြည်နယ်တွင် ယခင်နှစ်က စာစစ် ဌာနမရှိခဲ့သော်လည်း ယခုနှစ်တွင်မူ စာစစ်ဌာန တစ်ခု ဖွင့်လှစ်ခဲ့ပြီး AA တိုက်ပွဲဖော်ဆောင်နေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်(၃)ခုတွင်လည်း စာစစ်ဌာန(၈)ခု ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ထို့ပြင် KIA၊ TNLA၊ MNDAA တို့ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဒေသအချို့တွင်လည်း စာစစ်ဌာန(၄)ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ယခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲတြင္ ေက်ာင္းသား ႏွစ္သိန္းေက်ာ္ ေျဖဆိုခဲ့ၿပီး အခ်ိဳ႕ မွာ အခက္အခဲမ်ားကို ေက်ာ္ျဖတ္ခဲ့ရ
သုတေက်ာ္၊ သန႔္ဇင္ (NP News) မတ္-၂၃
ယခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေက်ာင္းသားႏွစ္သိန္းေက်ာ္ေျဖဆိုခဲ့ၿပီး အခ်ိဳ႕မွာ အခက္အခဲမ်ားကိုေက်ာ္ ျဖတ္ခဲ့ရေၾကာင္း ပညာေရးဝန္ ႀကီးဌာန၏ထုတ္ျပန္ခ်က္ႏွင့္ NP News မွေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲကို ႏိုင္ငံတစ္ဝန္း စာစစ္ဌာနေပါင္း(၈၁၇)ခုဖြင့္လွစ္ကာ မတ္လ(၁၇)ရက္မွ မတ္လ(၂၂)ရက္ အထိစစ္ေဆးခဲ့ရာတြင္ စာေမးပြဲေျဖဆိုရန္ စာရင္းေပး သူ ေက်ာင္းသူ၊ ေက်ာင္းသား ႏွစ္သိန္းႏွစ္ေသာင္း ေက်ာ္ရွိသည့္အနက္ ႏွစ္သိန္းရွစ္ေထာင္ေက်ာ္လာ ေရာက္ေျဖဆိုခဲ့ျခင္းျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာ န၏ အခ်က္အလက္မ်ားအရ သိရသည္။
သို႔ေသာ္ PDF မ်ားအပါအဝင္ လက္နက္ကိုင္မ်ားေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ အခက္ အခဲႀကဳံခဲ့ ရသူမ်ားရွိခဲ့ၿပီး လုံးဝမေျဖလိုက္ရသူ မ်ားလည္းရွိသကဲ့သို႔ အခ်ိဳ႕မွာစာေျဖဌာနသို႔ေရာက္ ရန္အတြက္ တကူးတက သြားခဲ့ၾကရသည္။ “ကေလးတိုင္းမွာ ပညာသင္ၾကားခြင့္က ရွိၿပီးသားေလ။ သူတို႔ စာေမးပြဲေျဖေနခ်ိန္ တျခားစာေမးပြဲ မေျဖႏိုင္တဲ့ စစ္ျဖစ္ေနတဲ့ဘက္မွာဆိုရင္ လိုင္းေတြေပၚေတြ႕ေနရတာပဲ။ သူတို႔ၾကည့္ၿပီးေတာ့ ငါ့တပည့္ေလးေတြကေတာ့ ေျဖရတယ္၊ သူတို႔ေလးေတြေတာ့ သနားတယ္။ ကိုယ့္ တပည့္ေတြကို ေျပာျဖစ္တယ္။ သူမ်ားေဒသေတြဆိုရင္ စာေမးပြဲ ေျဖဖို႔ ေနေနသာသာ စာသင္ၾကားခြင့္ေတာင္ ဆုံးရႈံးေနရတယ္ေပါ့။ သူတို႔ဆိုအတန္းတက္ခြင့္လည္း ဆုံးရႈံးသြားၿပီ။ စာက စဥ္ဆက္မျပတ္ပဲေကာင္းတယ္။ ျပတ္သြားၿပီဆိုတာနဲ႔ သူတို႔အတြက္ သင္ၾကားခ်င္စိတ္က ပ်က္စီးသြားတာဆိုေတာ့ ႏိုင္ငံေရး ျပန္ေကာင္းသြား ရင္ေတာင္ သူတို႔ကစာသင္ခ်င္စိတ္ ရွိပါေတာ့မလားေပါ့”ဟု မႏၲေလးတိုင္းေဒသႀကီးမွ ဆရာမတစ္ဦးက မွတ္ခ်က္ျပဳေျပာၾကားသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း စစ္ကိုင္းတိုင္းေဒသႀကီး မင္းကြန္းၿမိဳ႕ရွိ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရး အကယ္ဒမီေက်ာင္းမွ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုမည့္ Grade-12 ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ လမ္းခရီးတြင္ တိုက္ပြဲမ်ားရွိသည့္အတြက္ ေရေၾကာင္းႏွင့္ ကုန္းေၾကာင္းလမ္းႏွစ္မ်ိဳးသုံးကာ စာေမးပြဲေျဖဆိုရန္သြားေရာက္ခဲ့ရေၾကာင္း ဆရာေတာ္ ဦးဝီရသူက ႐ုပ္သံဖိုင္တစ္ခုျဖင့္ မိန႔္ၾကားထားသည္။
“မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအ ကယ္ဒမီေက်ာင္းက(Grade-12) ေက်ာင္းသားေတြက စစ္ကိုင္းကို သြားေျဖရမွာဗ်။ စစ္ကိုင္းသြားတဲ့ လမ္းမွာက တိုက္ပြဲေတြျဖစ္ေနတဲ့အတြက္ေၾကာင့္ ကုန္းလမ္းနဲ႔သြားလို႔မရေတာ့လို႔ မင္းကြန္းကေန မႏၲေလးကို ေမာ္ေတာ္ႀကီးနဲ႔လာခဲ့ၾကၿပီဗ်။ မႏၲေလးကိုကူးမယ္။ မႏၲေလးကေန ကားနဲ႔စစ္ကိုင္းကိုပို႔ မယ္ဗ်။ ဒါကလက္ ရွိျမန္မာႏိုင္ငံရဲ႕အေျခအေနပဲဗ်”ဟု ဆရာေတာ္က ႐ုပ္သံဖိုင္အတြင္း မိန႔္ၾကားသည္။
ထို႔ျပင္ ေ႐ႊဘိုၿမိဳ႕နယ္တြင္လည္း တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုသူ ယခင္ႏွစ္ထက္မ်ားျပား လာခဲ့သည္မွာ မွန္ေသာ္လည္း PDF မ်ား၏ လမ္းခရီး ပိတ္ဆို႔မႈမ်ားေၾကာင့္ ကေလးငယ္မ်ားစြာ စာေမးပြဲေျဖ ဆိုရန္အခက္အခဲရွိခဲ့ ေၾကာင္း ေဒသခံအမ်ိဳးသား တစ္ဦးက ဆိုသည္။ “ေက်ာက္ေျမာင္းဘက္အေျခအေနက သြားေျဖလို႔ရေပမယ့္ လမ္းပန္း ဆက္သြယ္ေရး အေျခအေနက PDF ဘက္ကပိတ္ထားတယ္။ လမ္းပန္းဆက္သြယ္ေရးျဖတ္ေတာက္ထားတဲ့သေဘာပါ။ အဲဒီေတာ့ ကေလးေတြက ေ႐ႊဘိုကိုလာေျဖရတာ။ ေ႐ႊဘိုမွာက အမွတ္(၁)၊ အမွတ္(၂)၊ အမွတ္(၃)အ ထက္တန္းေက်ာင္း ေတြရွိတယ္။ အရင္ႏွစ္ထက္စာရင္ေတာ့ ေတာ္ေတာ္ေလးကိုတိုးတက္လာပါတယ္။ ေက်ာက္ေျမာင္းဘက္ကေတာ့ တခ်ိဳ႕လာလို႔ရတဲ့ ကေလးေတြလာေျဖေပမယ့္ တခ်ိဳ႕ကေတာ့ လာေျဖလို႔ မရတာေတြရွိတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ေတာ့ ကားေတြနဲ႔အႀကိဳအပို႔လုပ္ေပးတာရွိတယ္။ PDF ေတြကေတာ့ အဲဒီဘက္တစ္ေၾကာကို ခဏခဏပိတ္ တယ္”ဟု ၎ကေျပာသည္။
အလားတူ မုံ႐ြာၿမိဳ႕နယ္တြင္လည္း တကၠ သိုလ္ဝင္စားေမးပြဲေျဖဆိုသည့္ေက်ာင္းသူ၊ ေက်ာင္း သားမ်ားသည္ PDF မ်ား၏ လမ္းပိတ္ဆိုမႈမ်ားေၾကာင့္ ၿမိဳ႕ေပၚတြင္ယာယီေနထိုင္ကာ စာေမးပြဲေျဖဆို ခဲ့ရေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦး က ဆိုသည္။
ထို႔ျပင္ေ႐ႊဘိုၿမိဳ႕နယ္အတြင္း ေက်း႐ြာအခ်ိဳ႕မွ စာေမးပြဲလာေရာက္ေျဖဆိုသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သည္ PDF မ်ား၏ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ အရပ္ဝတ္ျဖင့္စာစစ္ဌာနသို႔ လာေရာက္ရၿပီး စာေမးပြဲေျဖဆိုမွသာ ယူနီေဖာင္းျပန္လည္ဝတ္ဆင္ ေျဖဆိုခဲ့ရေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။ “တခ်ိဳ႕ကေလးေတြဆိုရင္ ယူနီေဖာင္းနဲ႔ မဟုတ္ဘဲနဲ႔ အရပ္ ဝတ္နဲ႔ပဲသြားၿပီးေျဖရတာေပါ့။ စာေမးပြဲေျဖတာက အထက(၂)ထဲမွာပဲ ေျဖတာေလ။ အလုံ အထက (၂)မွာလည္း အဲဒီ(၂)ေက်ာင္းမွာပဲျဖစ္တယ္။ အလုံ အထက(၂)ကေတာ့ လုံၿခဳံေရးကေတာ့ အဆင္ေျပတယ္။ ဘာလို႔ဆို ေတာ့ တပ္ထဲမွာျဖစ္ေနတာေလ။ သူတို႔ကားေတြနဲ႔ အႀကိဳအပို႔လုပ္တယ္။ ႐ြာကတခ်ိဳ႕ ကေလးေတြကေတာ့ နယ္ေျမ အေျခအေနေၾကာင့္ ၿမိဳ႕ေပၚမွာလာတည္းၿပီး စာေမးပြဲေျဖေနရတဲ့ ကေလး ေတြလည္းရွိတယ္။ ဥပမာ ယင္းမာပင္မွာ အထက ရွိတယ္။ အဲဒီမွာမေျဖရဘဲ ဆိုင္ကယ္ေတြနဲ႔လာၿပီးေတာ့ မုံ႐ြာမွာ လာေျဖရတာ။ ဆိုင္ကယ္နဲ႔လာေျဖရတယ္ ဆိုတာကလည္း ႀကဳံသလိုလိုက္လာၾကရတာ။ အသြားအျပန္လုပ္လို႔မရဘူး။ ယူနီေဖာင္းမဝတ္ဘဲနဲ႔ ႀကဳံရာနဲ႔ လိုက္လာ ၿပီးေျဖရတာ”ဟု အထက္ပါေဒသခံက ေျပာသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ကန႔္ဘလူၿမိဳ႕နယ္ႏွင့္ ဟုမၼလင္းၿမိဳ႕နယ္တို႔တြင္လည္း တကၠသိုလ္ ဝင္စာေမးပြဲေျဖဆိုမည့္ စာစစ္ဌာနမ်ားကို တပ္မေတာ္ကလုံၿခဳံေရးေပးခဲ့ရေၾကာင္း သိရသည္။ “စစ္ကိုင္းတိုင္းအထက္ ပိုင္းက ကန႔္ဘလူနဲ႔ ဟုမၼလင္း တို႔ဆိုရင္လည္း လုံၿခဳံေရးနဲ႔သူ႔ဟာသူအဆင္ေျပၾက ပါတယ္။ စိုးရိမ္ရေပမယ့္သတိထားၿပီး လုပ္ေနရတယ္။ ဆားလင္းႀကီးဘက္ကေတာ့ နယ္ေျမအေန အထားကေတာ့ ေရစႀကိဳဘက္က PDF ေတြအဲဒီ ဘက္ေရာက္ေနတယ္လို႔ သတင္းထြက္ေနတယ္”ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
သို႔ေသာ္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳင္ၿမိဳ႕နယ္ႏွင့္ ထီးလင္းၿမိဳ႕နယ္တို႔တြင္မူ နယ္ေျမခံ PDF လက္နက္ ကိုင္မ်ားႀကီးစိုးကာ ပညာေရးပိတ္ ပင္မႈမ်ားေၾကာင့္ စာစစ္ဌာနမ်ားဖြင့္လွစ္ႏိုင္ျခင္းမရွိခဲ့ ေၾကာင္း ေဒသခံမ်ားက NP News သို႔ ေျပာသည္။
“ၿမိဳင္က အရင္ကတည္းက ေက်ာင္းရွိၿပီး အစိုးရေက်ာင္းေတြက ပိတ္ထားရတယ္။ အထက ေက်ာင္းႏွစ္ေက်ာင္း ရွိတာမွာ အဲဒီႏွစ္ေက်ာင္းကလည္း စာေမးပြဲအခုႏွစ္လည္းမေျဖရဘူး။ ေျဖလို႔ လည္းမရဘူး။ လုံးဝကိုပိတ္ထားရတယ္။ ထီးလင္း လည္းမေျဖရဘူး။ သူလည္းအဲဒီလိုပဲ ပိတ္ထားရတယ္။ ကေလးေတြအတြက္ ေနာင္ေရးက ေတာ္ေတာ္ ကို စိုးရိမ္ရတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
အလားတူ ၿပီးခဲ့သည့္ (၂၀၂၁)ခုႏွစ္က စတင္ၿပီး လက္ရွိအခ်ိန္ထိ တန႔္ဆည္ၿမိဳ႕နယ္တြင္းရွိ ေက်း႐ြာအခ်ိဳ႕မွ အေျခခံပညာေက်ာင္းမ်ားသည္ PDF အဖြဲ႕မ်ား၏ ပညာသင္ၾကားခြင့္ပိတ္ပင္ထား ျခင္းကိုခံထားရေၾကာင္း ေဒသခံအမ်ိဳး သမီးတစ္ဦးက ဆိုသည္။
“ကြၽန္မတို႔႐ြာက တန႔္ဆည္နဲ႔ဆိုရင္ (၁၀)မိုင္ေက်ာ္ေလာက္ပဲေဝးတယ္။ (၇)႐ြာအုပ္စုမွာ PDF ေတြပဲရွိၿပီး သူတို႔က ေက်ာင္းေတြမဖြင့္ခိုင္းဘူး။ (၂၀၂၁)ကတည္းက မဖြင့္ခိုင္းတာ။ ကေလးေတြဘယ္ သူမွေက်ာင္းမေနရဘူး။ အရင္က (၁၀)တန္းေအာင္ တဲ့ကေလးေတြက ေခၚသင္ေပးတာပဲရွိတယ္။ ႐ြာသာ ႐ြာ၊ ႐ြာက်ယ္၊ ထန္းေတာ၊ ေခ်ာင္႐ိုး၊ သေျပပင္၊ ကြင္း မဲ့ကုန္း၊ က်ား႐ြာဆိုၿပီး(၇)႐ြာအုပ္စုေပါ့။ အရင္က တခ်ိဳ႕မိဘေတြက သူတို႔ကေလးေတြကို မႏၲေလးဘက္ ကိုပို႔တာရွိခဲ့တယ္။ အဲဒီမွာ PDF ကျပန္ေခၚခိုင္းၿပီး မိဘေတြကို ႐ိုက္တာ။ ေနာက္ဆိုမပို႔ရဲေတာ့ဘူး။ (၄)ႏွစ္ေက်ာ္ခဲ့ၿပီ။ အခုထိ ကေလးေတြပညာေရးဆုံးရႈံး ေနရတယ္။ ႐ြာမွာပဲ ဆိတ္ေက်ာင္း၊ ႏြားေက်ာင္းလုပ္ ေနရတယ္”ဟု ေဒသခံအမ်ိဳး သမီးတစ္ဦးက ေျပာ သည္။
(၂၀၂၅)ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လာေရာက္ေျဖဆိုသူ (၉၀)ရာခိုင္ႏႈန္း ေက်ာ္ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ထုတ္ျပန္ခ်က္အရ သိရသည္။ KNDF ပူးေပါင္းအဖြဲ႕တို႔၏ တိုက္ပြဲ ေဖာ္ေဆာင္မႈမ်ားေၾကာင့္ ကယားျပည္နယ္တြင္ ယခင္ႏွစ္က စာစစ္ ဌာနမရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္မူ စာစစ္ဌာန တစ္ခု ဖြင့္လွစ္ခဲ့ၿပီး AA တိုက္ပြဲေဖာ္ေဆာင္ေနသည့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္(၃)ခုတြင္လည္း စာစစ္ဌာန(၈)ခု ဖြင့္လွစ္ ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ KIA၊ TNLA၊ MNDAA တို႔ရွိရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ ေဒသအခ်ိဳ႕တြင္လည္း စာစစ္ဌာန(၄)ခု ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။