ပွဲစားများ ဈေးနှိမ်ဝယ်နေခြင်းကြောင့် စပါးဈေးကျသင့်သည်ထက် ပိုကျနေ

442

ယွန်း (NP News ) မတ်- ၂၃
ပွဲစားများက စပါးများကို ဈေးနှိမ်ဝယ်ယူ နေခြင်းများကြောင့် စပါးဈေးကျသင့်သည်ထက်ပို ကျနေရပြီး ယခု ထက်ပို၍ စိုးရိမ်နေရကြောင်း လယ် သမားများက NP News ထံ အသိပေး ပြောကြားသည်။
လက်ရှိတွင် နိုင်ငံတကာဈေးနှုန်း အရှိန် အဟုန်ဖြင့်ကျဆင်းနေခြင်းကြောင့် ပြည်တွင်းဆန် စပါးဈေးကွက်တွင် လည်း ဝယ်လိုအားကျဆင်းလျက်ရှိရာ စပါးဈေးကျဆင်းလာမှုကြောင့် လယ်သမားများအနေဖြင့် အခက်တွေ့လျက်ရှိ ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် မတ်လတွင် စပါးဈေးမှာ(၁၈)သိန်းနီးပါးရှိခဲ့သော်လည်း လက်ရှိ တွင် အချို့ဒေသများ၌ စပါးတင်း(၁၀ဝ)ဈေးမှာ (၁၂)သိန်းခွဲခန့်သာရှိသည့်အတွက် လယ်သမားများအနေဖြင့် အရင်းကျေနိုင်ရေးကိုပင် စိုးရိမ်နေ ရကြောင်း သိရသည်။
“အခုနွေစပါးတွေက ရိတ်နေရပြီ။ စပါး ဈေးက အရမ်းထိုးကျနေတယ်။ ပွဲစားတွေက နှိမ်ပြီး တော့ဝယ်နေတယ်။ တစ်ဧက စပါး(၁၀ဝ)ထွက်တဲ့ သူဆို ရှုံးတယ်။ (၁၄၀)လောက်ထွက်မှ တောင်သူ ဘဝက သက်သာမှာ။ အခုဆိုရင် ပိုးတွေကလည်း အရမ်းကျတယ်။ သွင်းအားစုတွေကလည်း ဈေးကြီး တယ်။ ပိုးသတ်ဆေးတွေကလည်း အဆင့်မမီတော့ တာလား မသိပါဘူး။ ဖျန်းနေရင်းနဲ့လည်း ပိုးကပျောက် တယ်မရှိဘူး။ အခုဆိုရင် စပါးဈေးက(၁၂ သိန်း ၅ သောင်း) ပဲရှိတော့တယ်။ တာပေါ်အရောက်တင် ပေးရတယ်။ ကျွန်မတို့ဆို ဝေးတော့စက်လှေခလည်း ရှိသေးတယ်။ လုပ်သားခ လည်းရှိတယ်။ အဲဒါတွေလည်း နုတ်လိုက်ရော ဘာမှမကျန်တော့ဘူး။ အခုက ဝယ်မယ့်သူတောင်မရှိလို့ တောင်သူ တွေက လိုက်ပြီးထိုး ရောင်းနေရတယ်”ဟု ညောင်တုန်းမြို့တွင်နေထိုင် သည့် လယ်သမားတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) အနေဖြင့် ဧည့်မထအုပ်စုစပါးများကို အကြမ်းဖျင်းအားဖြင့် ငွေကျပ်(၁၄)သိန်းနှင့် (၁၅)သိန်းဝန်းကျင်ဖြင့် ဝယ်ယူရန် စက်ပိုင်များကို တိုက် တွန်းထားသော်လည်း ပွဲစားများကြောင့် စပါးဈေးမှာ ပိုမိုကျဆင်းလျက်ရှိကြောင်း သိရသည်။
“အကြမ်းဖျင်း (၁၄)သိန်း၊ (၁၅)သိန်း ဝန်းကျင်ကတော့ သင့်တင့်မျှတတယ်။ တချို့အရမ်း ကောင်းတဲ့စပါးတွေဆို (၁၆)သိန်း၊ (၁၇)သိန်းရှိ တယ်။ ရွှေဘိုပေါ်ဆန်းတွေဆိုရင် (၃၅)သိန်းနဲ့ သိန်း (၄၀)ကြားမှာဖြစ်နေလို့ ညှိနှိုင်းနေရတယ်။ ပေါ်ဆန်းလို တန်ဖိုးကြီးတဲ့စပါးတွေဆိုရင် စပါးဈေးကမြင့်တယ်။ စပါးတိုင်းဈေးကျတာတော့မဟုတ်ဘူး Export လုပ်တဲ့ ဧည့်မထဆန်အုပ်စုကတော့ ဈေးကျတယ်။ အခုကတော့ နွေစပါးစိုက်တဲ့တောင်သူတွေရဲ့စပါးကိုတော့ တတ်နိုင်သမျှ (၁၄)သိန်း၊ (၁၅)သိန်းနဲ့ ဝယ်ပေးဖို့ စက်ပိုင်တွေကို တိုက်တွန်းထားတယ်။ တောင်သူတွေ ကို အကြံပေးချင်တာကတော့ ဖြစ်နိုင်ရင် ဆန်စက် တွေမှာ စပါးအပ်ထားလို့ရတယ်။ ငွေလိုအပ်ချက်ရှိလို့ ရောင်းမယ်ဆိုရင် အနည်းဆုံးပမာဏပဲ ရောင်းပေါ့။ ပွဲစားကိုရောင်းတဲ့ကိစ္စကတော့ ဒီအချိန်မှာ မလုပ် သင့်ဆုံးပဲ”ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
လက်ရှိတွင် လယ်သမားများအနေဖြင့် ဝင်ငွေနည်းပါးခြင်းကြောင့် လုပ်အားခဈေးကြီးမြင့်မှု၊ ဓာတ်မြေဩဇာခ ကြီးမြင့်မှုများကိုပါ ရင်ဆိုင် နေရသည့်အပြင် လယ်ယာလုပ်သား ရှားပါးခြင်း ကိုလည်းရင်ဆိုင်နေကြရပြီး တောင်သူများ အနေဖြင့် ဆုံးရှုံးမှုကြီးမားလျက်ရှိသည်။
“မွေးကတည်းက လယ်ပဲလုပ်စားတာ ဆိုတော့ ဘာမှမသိဘူး။ လယ်ဧကနည်းတဲ့သူတွေက တဖြည်းဖြည်းနဲ့ ပျောက်ကုန်တာ။ ပွဲစားဆိုတဲ့လူတွေ ကလေး၊ ငါးနှစ်ထဲ၌ ချမ်းသာကုန်တာ။ ဈေးကတဖြည်း ဖြည်းနဲ့ကျတာ။ ဒါတောင် ပိုက်ဆံကတစ်လဆိုင်း ရသေးတယ် သင်္ကြန်ပြီးမှရမှာ။ စပါးဈေးတက်ပေးတဲ့ အချိန်ကလည်း တောင်သူတွေဆီမှာ စပါးမရှိတော့ တဲ့အချိန်။ ပွဲစားတွေဆီမှာပဲ စပါးကရှိတော့တယ်။ အဲဒီအချိန်ကျရင် တောင်သူတွေက အကြွေးပဲ ကျန်ခဲ့ တာ။ အများကြီးမတောင်းဆိုပါဘူး။ မနှစ် ကဈေး(၁၈)သိန်းဆိုရင် နည်းနည်းလည်ပတ်ကြ သေးတယ်။ အခုက တော် တော်ဆိုးတယ်။ ပိုးတွေ ကလည်းမနိုင်၊ ရာသီဥတုကလည်းတစ်မျိုး၊ ပွဲစားတွေကိုလည်း အောက်ကျခံရသေးတယ်”ဟု အထက်ပါ လယ်သမားက ဆက်လက်ပြောသည်။
ထို့ကြောင့် လယ်သမားများအနေဖြင့် စပါးရောင်းချရန် အခက်အခဲများရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်၏ ရုံးဖုန်းဖြစ်သည့် (ဝ၁-၂၁၈၂၆၆)၊ (ဝ၁-၂၁၈၂၆၇)နှင့် (ဝ၁-၂၃၀၁၁၂၈) ဖုန်းများကို ဆက်သွယ်နိုင်ကြောင်း ဦးရဲမင်းအောင်က အသိပေးထားသည်။

Zawgyi Version:
ပြဲစားမ်ား ေဈးႏွိမ္ဝယ္ေနျခင္းေၾကာင့္ စပါးေဈးက်သင့္သည္ထက္ ပိုက်ေန
ယြန္း (NP News ) မတ္- ၂၃
ပြဲစားမ်ားက စပါးမ်ားကို ေဈးႏွိမ္ဝယ္ယူ ေနျခင္းမ်ားေၾကာင့္ စပါးေဈးက်သင့္သည္ထက္ပို က်ေနရၿပီး ယခု ထက္ပို၍ စိုးရိမ္ေနရေၾကာင္း လယ္ သမားမ်ားက NP News ထံ အသိေပး ေျပာၾကားသည္။
လက္ရွိတြင္ ႏိုင္ငံတကာေဈးႏႈန္း အရွိန္ အဟုန္ျဖင့္က်ဆင္းေနျခင္းေၾကာင့္ ျပည္တြင္းဆန္ စပါးေဈးကြက္တြင္ လည္း ဝယ္လိုအားက်ဆင္းလ်က္ရွိရာ စပါးေဈးက်ဆင္းလာမႈေၾကာင့္ လယ္သမားမ်ားအေနျဖင့္ အခက္ေတြ႕လ်က္ရွိ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ မတ္လတြင္ စပါးေဈးမွာ(၁၈)သိန္းနီးပါးရွိခဲ့ေသာ္လည္း လက္ရွိ တြင္ အခ်ိဳ႕ေဒသမ်ား၌ စပါးတင္း(၁၀ဝ)ေဈးမွာ (၁၂)သိန္းခြဲခန႔္သာရွိသည့္အတြက္ လယ္သမားမ်ားအေနျဖင့္ အရင္းေက်ႏိုင္ေရးကိုပင္ စိုးရိမ္ေန ရေၾကာင္း သိရသည္။
“အခုေႏြစပါးေတြက ရိတ္ေနရၿပီ။ စပါး ေဈးက အရမ္းထိုးက်ေနတယ္။ ပြဲစားေတြက ႏွိမ္ၿပီး ေတာ့ဝယ္ေနတယ္။ တစ္ဧက စပါး(၁၀ဝ)ထြက္တဲ့ သူဆို ရႈံးတယ္။ (၁၄၀)ေလာက္ထြက္မွ ေတာင္သူ ဘဝက သက္သာမွာ။ အခုဆိုရင္ ပိုးေတြကလည္း အရမ္းက်တယ္။ သြင္းအားစုေတြကလည္း ေဈးႀကီး တယ္။ ပိုးသတ္ေဆးေတြကလည္း အဆင့္မမီေတာ့ တာလား မသိပါဘူး။ ဖ်န္းေနရင္းနဲ႔လည္း ပိုးကေပ်ာက္ တယ္မရွိဘူး။ အခုဆိုရင္ စပါးေဈးက(၁၂ သိန္း ၅ ေသာင္း) ပဲရွိေတာ့တယ္။ တာေပၚအေရာက္တင္ ေပးရတယ္။ ကြၽန္မတို႔ဆို ေဝးေတာ့စက္ေလွခလည္း ရွိေသးတယ္။ လုပ္သားခ လည္းရွိတယ္။ အဲဒါေတြလည္း ႏုတ္လိုက္ေရာ ဘာမွမက်န္ေတာ့ဘူး။ အခုက ဝယ္မယ့္သူေတာင္မရွိလို႔ ေတာင္သူ ေတြက လိုက္ၿပီးထိုး ေရာင္းေနရတယ္”ဟု ေညာင္တုန္းၿမိဳ႕တြင္ေနထိုင္ သည့္ လယ္သမားတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) အေနျဖင့္ ဧည့္မထအုပ္စုစပါးမ်ားကို အၾကမ္းဖ်င္းအားျဖင့္ ေငြက်ပ္(၁၄)သိန္းႏွင့္ (၁၅)သိန္းဝန္းက်င္ျဖင့္ ဝယ္ယူရန္ စက္ပိုင္မ်ားကို တိုက္ တြန္းထားေသာ္လည္း ပြဲစားမ်ားေၾကာင့္ စပါးေဈးမွာ ပိုမိုက်ဆင္းလ်က္ရွိေၾကာင္း သိရသည္။
“အၾကမ္းဖ်င္း (၁၄)သိန္း၊ (၁၅)သိန္း ဝန္းက်င္ကေတာ့ သင့္တင့္မွ်တတယ္။ တခ်ိဳ႕အရမ္း ေကာင္းတဲ့စပါးေတြဆို (၁၆)သိန္း၊ (၁၇)သိန္းရွိ တယ္။ ေ႐ႊဘိုေပၚဆန္းေတြဆိုရင္ (၃၅)သိန္းနဲ႔ သိန္း (၄၀)ၾကားမွာျဖစ္ေနလို႔ ညႇိႏႈိင္းေနရတယ္။ ေပၚဆန္းလို တန္ဖိုးႀကီးတဲ့စပါးေတြဆိုရင္ စပါးေဈးကျမင့္တယ္။ စပါးတိုင္းေဈးက်တာေတာ့မဟုတ္ဘူး Export လုပ္တဲ့ ဧည့္မထဆန္အုပ္စုကေတာ့ ေဈးက်တယ္။ အခုကေတာ့ ေႏြစပါးစိုက္တဲ့ေတာင္သူေတြရဲ႕စပါးကိုေတာ့ တတ္ႏိုင္သမွ် (၁၄)သိန္း၊ (၁၅)သိန္းနဲ႔ ဝယ္ေပးဖို႔ စက္ပိုင္ေတြကို တိုက္တြန္းထားတယ္။ ေတာင္သူေတြ ကို အႀကံေပးခ်င္တာကေတာ့ ျဖစ္ႏိုင္ရင္ ဆန္စက္ ေတြမွာ စပါးအပ္ထားလို႔ရတယ္။ ေငြလိုအပ္ခ်က္ရွိလို႔ ေရာင္းမယ္ဆိုရင္ အနည္းဆုံးပမာဏပဲ ေရာင္းေပါ့။ ပြဲစားကိုေရာင္းတဲ့ကိစၥကေတာ့ ဒီအခ်ိန္မွာ မလုပ္ သင့္ဆုံးပဲ”ဟု MRF ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
လက္ရွိတြင္ လယ္သမားမ်ားအေနျဖင့္ ဝင္ေငြနည္းပါးျခင္းေၾကာင့္ လုပ္အားခေဈးႀကီးျမင့္မႈ၊ ဓာတ္ေျမဩဇာခ ႀကီးျမင့္မႈမ်ားကိုပါ ရင္ဆိုင္ ေနရသည့္အျပင္ လယ္ယာလုပ္သား ရွားပါးျခင္း ကိုလည္းရင္ဆိုင္ေနၾကရၿပီး ေတာင္သူမ်ား အေနျဖင့္ ဆုံးရႈံးမႈႀကီးမားလ်က္ရွိသည္။
“ေမြးကတည္းက လယ္ပဲလုပ္စားတာ ဆိုေတာ့ ဘာမွမသိဘူး။ လယ္ဧကနည္းတဲ့သူေတြက တျဖည္းျဖည္းနဲ႔ ေပ်ာက္ကုန္တာ။ ပြဲစားဆိုတဲ့လူေတြ ကေလး၊ ငါးႏွစ္ထဲ၌ ခ်မ္းသာကုန္တာ။ ေဈးကတျဖည္း ျဖည္းနဲ႔က်တာ။ ဒါေတာင္ ပိုက္ဆံကတစ္လဆိုင္း ရေသးတယ္ သၾကၤန္ၿပီးမွရမွာ။ စပါးေဈးတက္ေပးတဲ့ အခ်ိန္ကလည္း ေတာင္သူေတြဆီမွာ စပါးမရွိေတာ့ တဲ့အခ်ိန္။ ပြဲစားေတြဆီမွာပဲ စပါးကရွိေတာ့တယ္။ အဲဒီအခ်ိန္က်ရင္ ေတာင္သူေတြက အေႂကြးပဲ က်န္ခဲ့ တာ။ အမ်ားႀကီးမေတာင္းဆိုပါဘူး။ မႏွစ္ ကေဈး(၁၈)သိန္းဆိုရင္ နည္းနည္းလည္ပတ္ၾက ေသးတယ္။ အခုက ေတာ္ ေတာ္ဆိုးတယ္။ ပိုးေတြ ကလည္းမႏိုင္၊ ရာသီဥတုကလည္းတစ္မ်ိဳး၊ ပြဲစားေတြကိုလည္း ေအာက္က်ခံရေသးတယ္”ဟု အထက္ပါ လယ္သမားက ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ လယ္သမားမ်ားအေနျဖင့္ စပါးေရာင္းခ်ရန္ အခက္အခဲမ်ားရွိပါက ျမန္မာႏိုင္ငံ ဆန္စပါးအသင္း ခ်ဳပ္၏ ႐ုံးဖုန္းျဖစ္သည့္ (ဝ၁-၂၁၈၂၆၆)၊ (ဝ၁-၂၁၈၂၆၇)ႏွင့္ (ဝ၁-၂၃၀၁၁၂၈) ဖုန္းမ်ားကို ဆက္သြယ္ႏိုင္ေၾကာင္း ဦးရဲမင္းေအာင္က အသိေပးထားသည္။