ကလေးမြို့သို့ပို့ဆောင်မည့် ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားကို မန္တလေး၌ ဖမ်းဆီးရမိ

777

Pearl (NP News) - မတ် ၂၃
ကလေးမြို့သို့ ပို့ဆောင်မည့် ငွေကျပ်၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားကို မန္တလေး၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဆေးပြားများကို ပြီးခဲ့သည့် မတ်လ ၁၄ ရက် ညနေ ၄ နာရီ ၃ဝ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ပြည်ကြီးတံခွန်မြို့ နယ် ၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး(ခ)ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်းမောင်းနှင်ပြီး ရဲဝင်းထက်လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ပြီး ယင်းနေ့ ည ၁၁ နာရီ ၁ဝ မိနစ်အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟနှင့် အောင်ဖြိုးကိုတို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ မတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀(B)လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ ၂ ဦး ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၆ နာရီ ၃ဝ မိနစ်အချိန် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့သယ်ဆောင်ရန် စေခိုင်းသူ ဇော်မင်းထွန်း(ခ)ကိုဇော်(ခ)ပုံတူအား စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ကေလးၿမိဳ႕သို႔ပို႔ေဆာင္မည့္ ေငြက်ပ္ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားကို မႏၲေလး၌ ဖမ္းဆီးရမိ
Pearl (NP News) - မတ္ ၂၃
ကေလးၿမိဳ႕သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားကို မႏၲေလး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေဆးျပားမ်ားကို ၿပီးခဲ့သည့္ မတ္လ ၁၄ ရက္ ညေန ၄ နာရီ ၃ဝ မိနစ္ခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
ျပည္ႀကီးတံခြန္ၿမိဳ႕ နယ္ ၊ ၁၃၄ လမ္းႏွင့္ ၇၈ လမ္းေထာင့္၌ ေအာင္ႏိုင္ေထြး(ခ)ဖိုးသား ေမာင္းႏွင္ၿပီး ရဲလင္းၿဖိဳး လိုက္ပါလာသည့္ NISSAN ၁၂ ဘီးေမာ္ေတာ္ယာဥ္ႏွင့္ နန္းလင္းေမာင္းႏွင္ၿပီး ရဲဝင္းထက္လိုက္ပါလာသည့္ NISSAN ၁၂ ဘီး ေမာ္ေတာ္ယာဥ္တို႔ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕သည္ သတင္းအရ ရွာေဖြစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြရာ အဆိုပါယာဥ္ ၂ စီးေပၚတြင္ ကုန္ပစၥည္းမ်ားျဖင့္ ဖုံးအုပ္သယ္ေဆာင္လာသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀ ဒသမ ၁ သိန္း သိမ္းဆည္းရမိခဲ့ၿပီး ယင္းေန႔ ည ၁၁ နာရီ ၁ဝ မိနစ္အခ်ိန္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သယ္ေဆာင္ရာ၌ ပူးေပါင္းပါဝင္သူမ်ားျဖစ္သည့္ စိုးသီဟႏွင့္ ေအာင္ၿဖိဳးကိုတို႔အား အမရပူရၿမိဳ႕နယ္၊ စြယ္ေတာ္ကားဝင္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ မတ္လ ၁၅ ရက္ေန႔ နံနက္ ၁ နာရီအခ်ိန္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈကြက္သစ္၊ ၁၄၀(B)လမ္း၊ ၅၅ x ၅၆ လမ္းၾကားရွိေနအိမ္တြင္ ၎တို႔ ၂ ဦး ဝွက္သိမ္းထားသည့္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၅ သိန္း ထပ္မံသိမ္းဆည္းရမိခဲ့သျဖင့္ စုစုေပါင္း ေဒသကာလတန္ဖိုးေငြက်ပ္ ၂ ဒသမ ၂ ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၅ ဒသမ ၁ သိန္း သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ယင္းေန႔ နံနက္ ၆ နာရီ ၃ဝ မိနစ္အခ်ိန္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္မွ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕သို႔သယ္ေဆာင္ရန္ ေစခိုင္းသူ ေဇာ္မင္းထြန္း(ခ)ကိုေဇာ္(ခ)ပုံတူအား စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕ရွိ ၎၏ေနအိမ္တြင္ ဆက္လက္ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ သိမ္းဆည္းရမိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား ရွမ္းျပည္နယ္မွ စစ္ကိုင္းတိုင္းေဒသႀကီးသို႔ သယ္ေဆာင္ေရာင္းဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။