အလွှာအသီးသီးမှ လူပေါင်း (၁၂၀) ပါဝင်မည့် ငြိမ်းချမ်းရေး စကားဝိုင်းကို နေပြည်တော်တွင်လုပ်မည်

 2696

သုတကျော် ( NP News ) မတ်-၂၃

ငြိမ်းချမ်းရေးနှင့်ပတ်သက်ဆက်နွှယ်သော အလွှာအသီးသီးမှ လူပေါင်း (၁၂၀)ပါဝင်မည့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk 2025)ကို နေပြည်တော်တွင် သုံးရက် ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းစကားဝိုင်းကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနတွင် မတ်လ (၂၄) ရက်မှ (၂၆) ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကာ ယင်းစကားဝိုင်း၏ Theme မှာ ‘‘ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော အနာဂတ် ပြည်ထောင်စုတည်ဆောက်နိုင်ရန် ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ပုံဖော်ခြင်း}ဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင်ပါဝင်မည့် သူများမှာညှိနှိုင်းရေး ကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများ၊ JMC ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက် ကိုင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက် သူများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ òန်ကြားရေး မှူးချုပ်များ၊ အသင်းအဖွဲ့များ နှင့် လေ့လာသူများဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တက်ရောက်သူများ အနေဖြင့် ခေါင်းစဉ်အလိုက် နက်ရှိုင်းစွာ ပါဝင်ဆွေးနွေးနိုင်စေရန်အတွက် အဖွဲ့(၁)-နိုင်ငံရေးနှင့်လုံခြုံရေး ကဏ္ဍ၊ အဖွဲ့(၂)-စီးပွား ရေးနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဟူ၍ အုပ်စုနှစ်စု ခွဲခြားသွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အလႊာအသီးသီးမွ လူေပါင္း (၁၂၀) ပါဝင္မည့္ ၿငိမ္းခ်မ္းေရး စကားဝိုင္းကို ေနျပည္ေတာ္တြင္လုပ္မည္
သုတေက်ာ္ ( NP News ) မတ္-၂၃

ၿငိမ္းခ်မ္းေရးႏွင့္ပတ္သက္ဆက္ႏႊယ္ေသာ အလႊာအသီးသီးမွ လူေပါင္း (၁၂၀)ပါဝင္မည့္ ၿငိမ္းခ်မ္းေရးစကားဝိုင္း (Peace Talk 2025)ကို ေနျပည္ေတာ္တြင္ သုံးရက္ ၾကာျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းစကားဝိုင္းကို ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုဌာနတြင္ မတ္လ (၂၄) ရက္မွ (၂၆) ရက္ အထိ ျပဳလုပ္သြားမည္ျဖစ္ကာ ယင္းစကားဝိုင္း၏ Theme မွာ ‘‘ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံေသာ အနာဂတ္ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ရန္ ေရရွည္တည္ တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးကို ပုံေဖာ္ျခင္း}ျဖစ္ေၾကာင္း သိရသည္။
ယင္းေဆြးေႏြးပြဲတြင္ပါဝင္မည့္ သူမ်ားမွာညႇိႏႈိင္းေရး ေကာ္မတီဝင္မ်ား၊ တပ္မေတာ္ အၿငိမ္းစား အရာရွိႀကီးမ်ား၊ JMC ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား လက္နက္ ကိုင္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ား၊ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္တြင္ ပါဝင္ေဆာင္႐ြက္သူမ်ား၊ ပါဝင္သင့္ပါဝင္ထိုက္ သူမ်ား၊ ဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားမွ òန္ၾကားေရး မႉးခ်ဳပ္မ်ား၊ အသင္းအဖြဲ႕မ်ား ႏွင့္ ေလ့လာသူမ်ားျဖစ္ေၾကာင္း သိရသည္။
ေဆြးေႏြးပြဲတြင္ တက္ေရာက္သူမ်ား အေနျဖင့္ ေခါင္းစဥ္အလိုက္ နက္ရႈိင္းစြာ ပါဝင္ေဆြးေႏြးႏိုင္ေစရန္အတြက္ အဖြဲ႕(၁)-ႏိုင္ငံေရးႏွင့္လုံၿခဳံေရး က႑၊ အဖြဲ႕(၂)-စီးပြား ေရးႏွင့္ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးက႑ဟူ၍ အုပ္စုႏွစ္စု ခြဲျခားသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.