လွတ်လပ်၍ အမှီအခိုကင်းသည်ဆိုသော VOA နှင့် RFA တို့၏ နှာနုဖြတ်ရိုက်ခံရချိန်

 3587

သုတကျော် (NP News) - မတ် ၂၆

လွတ်လပ်ပြီး အမှီအခိုကင်းသည်ဆိုသော စကားမှာ အလွန်ပင်ပြော၍ ကောင်းသော၊ နားဝင်ပီယံ ရှိသော စကားလုံးတစ်လုံးဖြစ်ပြီး အထူးသဖြင့် မီဒီယာလောကတွင် အသုံးအများဆုံး စကားလုံးလည်း ဖြစ်သည်။ လွတ်လပ်သည်ဆိုခြင်းမှာ သတင်းခန်းကို သတင်းလောကသား၊ အယ်ဒီတာများမဟုတ်သော ရည်ရွယ်ချက်ရှိသူတစ်စုံတစ်ဦး၏ ချုပ်ကိုင်မှုကင်းမဲ့ခြင်းဖြစ်ပြီး အမှီအခိုကင်းသည်ဆိုခြင်းမှာ သတင်း ဌာန ရပ်တည်ရေးအတွက် မည်သူတစ်ဦးတစ်ယောက်၏ပယောဂမျှမပါဟု ဆိုလိုခြင်းဖြစ်သည်။

ယင်းစကားအတိုင်း တည်နိုင်ပါမည်လော ဆိုသောမေးခွန်းမှာ အလွန်မေးဖွယ်ကောင်းသည့် စ ကားလုံးတစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်က Voice of America (VOA) မှ ဝန်ထမ်းများကိုနားထားရန် ပြီးခဲ့သောမတ်လ (၁၅)ရက်တွင် ညွှန်ကြားခဲ့သကဲ့သို့ အခြားအမေရိကန် အခြေစိုက်ပြီး အစိုးရဘတ်ဂျက်ကိုရနေသော Radio Free Europe/Radio Liberty (RFE/RL) ၊ Radio Free Asia (RFA) နှင့် Middle East Broadcasting Networks တို့အတွက် ရန်ပုံငွေများကိုလည်း ရပ်ဆိုင်းခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြလတ္တံအကြောင်း ခြင်းရာများကိုမပြောမီ အနီးစပ်ဆုံး ဥပမာတစ်ခုကို ပေးလိုပါသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက VOA သတင်း ဌာန၏မြန်မာပိုင်းမှ သတင်းထောက် အမျိုးသမီးတစ် ဦး၏လုပ်ရပ်မှာ မီဒီယာလောကတွင်သာမက ပြင်ပသို့ပင် ပေါက်ကြားထွက်ပေါ်လာခဲ့သည်။ ၎င်းက အ လွတ်တန်းသတင်းထောက်တစ်ဦးကို ကယားပြည် နယ်ခရီးစဉ်အတွက် သတင်းယူရန် ငှားရမ်းခေါ် ဆောင်သွားခဲ့ရာ အပြန်ခရီးတွင် ထိုက်သင့်သော လုပ်ခကို မပေးသောကြောင့် ဖြစ်သည်။ နှစ်ဖက် သဘောတူ ထားသည့် တစ်ရက်လုပ်ခကို အပြည့်မပေးသည့် အပြင် ထိုသို့ပေးရန်အတွက် မတန်ဟုပြော သည်သာမက မဟုတ်မမှန်စွဲချက်ဖြင့်ပင် လက်နက်ကိုင်အဖွဲ့ တစ်ခုထံတိုင်မည်ဟုဆိုခဲ့ကြောင်း ပြည်ပ ရောက် မီဒီယာသမားအချို့စုပေါင်းဖွဲ့စည်းထားသည့် Myanmar Journalist Club အမည်ရှိ အဖွဲ့အစည်း တစ်ခုက ထိုစဉ်ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် ကျူးလွန်ခံရသူ ၏ တောင်းဆိုချက်များရခဲ့သော်လည်း ယင်းဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အခြားပြည်ပအခြေစိုက် မီဒီယာ ကြီးများတွင်လည်း ဒေသခံအလွတ်တန်းသတင်းထောက်များကို အလားတူ အသုံးချခြင်းများရှိနေ ကြောင်းကို မီးမောင်းထိုးပြခြင်းလည်း ဖြစ်သည်။ အမှန်တကယ်အားဖြင့် VOA သတင်းဌာနအနေဖြင့် ပြည်ပတွင် ခန့်အပ်ထားသော သတင်းထောက်များအတွက် ခံစားခွင့်ကို အပြည့်အဝပေးထားပါသည်။

VOA မှာကပြည်ပမှာခန့်ထားတဲ့ ပုံမှန်နိုင်ငံတကာ သတင်းထောက်ဆယ်ဂဏန်းပဲရှိတယ်။ သူတို့ကလည်း တစ်ပတ်မှသတင်းဆောင်းပါးရှည် (၂)ပုဒ်(၃) ပုဒ်လောက်ရေးတာ။ (သူတို့အတွက် လစာပြည်ပခံစားခွင့်၊ ခရီးစရိတ်၊ လုံခြုံရေး စတာတွေဟာ (သံတမန်တွေလိုပဲ) အင်မတန်ဈေးကြီး တယ်” ဟု VOA မြန်မာပိုင်းသတင်းဌာနမှ ဌာနမှူးဟောင်း ဦးသန်းလွင်ထွန်းက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသော ပို့စ်အရ အထက်ပါ VOA သတင်းထောက် ဖြစ်စဉ်က ခေါင်းပုံဖြတ်ခြင်း ဟုတ်၊ မဟုတ်ကို စာဖတ်သူများ သိနိုင်ပါလိမ့်မည်။ တစ်နည်းအားဖြင့် ခြစားမှု သို့မဟုတ် အရပ်စကားဖြင့်ဆိုလျှင် ဖြတ်ခုတ်မှုတစ်ခုဟု ဥပမာ ပေးလိုက ရမည်ဟုထင်သည်။ အဆိုပါအခြေအနေမှာ အောက်ခြေအတွက်သာ ဖြစ်နေပါသေးသည်။ ယင်းသို့ လုပ်ဆောင်ချက်များ၊ မူဝါဒများမှ သွေဖည်ကာ စည်းလွတ်ဘောင်လွတ်ဖြစ်လာသော အချက်အလက် များသည် အထက်ပါ သတင်းဌာနကြီးနှစ်ခုကို လမ်း ဆုံးသို့ တွန်းပေးစေသည်ဟု ပြောရမည်ဖြစ်သည်။ အမေရိကန် အစိုးရ ဘက်ကလည်း အထက်ပါ အတိုင်း ပင် ထင်မြင်ယူဆခဲ့သည်။ VOA သတင်းဌာနတို့ကို ချုပ်ကိုင်ထားသည့် အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု ရှိသော USAGM တွင် စပိုင်များ၊ အကြမ်းဖက်အဖွဲ့ အစည်းလိုလား ထောက်ခံသူ အများအပြား ရှိနေသည်ဟု ယူဆသည်။ ထို့ပြင် အလွဲသုံးစားမှုများ ရှိသည်ဟု ဆိုထားသည်။

“သူ့ဥပဒေနဲ့သူ့နိုင်ငံသမ္မတက ထုတ်ပြန် တာ ဖြစ်တယ်။ သူရဲ့နိုင်ငံသားတွေရဲ့ငွေတွေဟာ အ လဟဿ ပြုန်းတီးတဲ့နေရာတွေမှာ မသုံးစေရဘူး ဆိုတဲ့မူကို ကိုင်ထားတာပါ။ သတင်းလွတ်လပ်ခွင့် ဆို တာက တစ်ကဏ္ဍပေါ့။ ပေးထားတဲ့ပိုက်ဆံနဲ့ ရတဲ့ဟာကို ပြန်ချိန်မှာပဲ” ဟု ပြည်တွင်းရှိ အမည်မဖော် လိုသူ ဝါရင့် သတင်းသမားကြီး တစ်ဦးကဆိုသည်။ ပထမ ဆုံးအနေဖြင့် အမှီအခိုကင်းသည်ဆိုသော စကားအ တွက်ဖြစ်စဉ်များက သက်သေပြသွားပြီ ဖြစ်သည်။ ယင်းသတင်းဌာနများ၏ ကျောထောက် နောက်ခံသည် မည်သည့်အရာက လာသနည်းဆိုသော အဖြေအတွက် အဆိုပါရပ်ဆိုင်းမှုက သက်သေ ပြခဲ့သည်။ “သူ တို့ကိုယ်တိုင်က အမှီအခိုမကင်းဘူးဆိုတာ ပေါ်လွင် သွားတာပေါ့။ သတင်းတွေအပေါ်မှာ သူတို့ရဲ့ သတင်းခန်းကို ဘယ်သူက ဆရာလဲဆိုတာ ပြလိုက်တာလည်း ဖြစ်သလို တစ်နည်းအားဖြင့် နောက်ကွယ်က လက်မည်းရှိတာသိပေမယ့် ငါရှိတယ်ဆိုတာ ပြလိုက်သလိုပဲ”ဟု ပြည်တွင်းရှိ သတင်းအယ်ဒီတာတစ်ဦးက ဆို သည်။

အထက်ပါ မီဒီယာများက တင်ဆက်သော သတင်းများနှင့်ပတ်သက်၍ ခွဲခြားကြည့်နိုင်မည့် အ ချက်အလက်များရှိသည်။ NP News က အကြမ်းဖျင်းအားဖြင့် VOA သတင်းဌာန နှင့် RFA သတင်းဌာန တို့မှ နေ့စဉ်တင်သောသတင်းများ ကိုလေ့လာခဲ့ရာ သတင်းအမျိုးအစား လေးမျိုးခန့် တွေ့မြင်ရသည်။ VOA Burmese နှင့် RFA Burmese တို့မှ တင်ဆက်သော သတင်းများကို ကြည့်ပါက ပဋိပက္ခအားပေး လှုံ့ဆော်မှုသတင်း၊ အချက်အလက်မခိုင်မာသော သတင်း၊ NUG / PDF သတင်းအသားပေးဖော်ပြမှု သတင်း၊ အခြားသာမန် သတင်းစသည်ဖြင့် ဖော်ပြလေ့ရှိသည်။ သို့သော် ကွဲ ပြားမှုအနေဖြင့် RFA သတင်းဌာနက VOA ထက် ပဋိပက္ခအားပေးလှုံ့ဆော်မှုသတင်းကို ပိုမိုဖော်ပြလေ့ရှိကြောင်း တွေ့မြင် ရသည်။ လွတ်လပ်သည်ဆိုသော စကားလုံးနှင့် ပတ်သက်၍လည်း ယင်းစကားကို ဒိုင်း သဖွယ် ကာရံ ထားသော အထက်ပါမီဒီယာများသည် သတင်းဖော်ပြသည့်အခါတွင်မူ တရားမျှတမှုမရှိ၊ မလွတ်လပ် တော့ဘဲ လိုရာဆွဲယူ ရေးသားခြင်းများရှိခဲ့သည်။

“သတင်းဆိုတာမျိုးကို ငါက ဦးရင် ပြီးရော ငါထင်တာ ရေးမယ်ဆိုတာမျိုးကို သတင်းလို့ မသတ် မှတ်ဘူး။ အဲဒီတော့ သတင်းစီးဆင်းမှုမှာ သတင်းတွေကကော ဘယ်လောက် မြန်ဆန်လဲ၊ မှန်ကန်လဲ ဆိုတဲ့အပေါ်မှာ သုံးသပ်ရမှာပါ” ဟု ပြည်ပရောက် သတင်းမီ ဒီယာတစ်ခုက မှားယွင်းကိုးကားဖော်ပြ ခံခဲ့ရဖူးသူ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ယခင်ကလည်း အမေရိကန်၏ USAID မှ ရန်ပုံငွေအချို့ကို ရပ်ဆိုင်ခြင်းကြောင့် အဆိုပါ ငွေဖြင့် ရပ်တည်နေကြသော ပြည်ပရောက် မြန်မာမီဒီယာ လောကတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ဖူးသည်။ ယင်း ဖြစ်ရပ်ကြောင့် အထက်ပါ မီဒီယာများအကြား ဝန်ထမ်းလျှော့ချခြင်း နှင့် လစာမပေးချေနိုင်ခြင်း ကဲ့သို့ ဖြစ်စဉ်များ ဖြစ်သွားသည်။ ယင်းမှာလည်း အမှီအခို ကင်းသည်ဆိုသော စကားအတွက် ငြင်းချက် ထုတ် စရာပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ အခြားမကြည့်ပါနှင့်။ ပြီးခဲ့သည့် ကာလများဆီက ရခိုင်ပြည်နယ် တွင် ဘင်္ဂါလီ အရေးပြဿနာပေါ်ခဲ့ရာ OIC အထောက်အ ပံ့ခံမီဒီယာအချို့ အွန်လိုင်းထက်တွင် ထွက် ပေါ်ခဲ့သေးသည်။ ယင်းမီဒီယာများထက်တွင် (ရိုဂျာ)ဆိုသော အသုံးအနှုန်းကို လှိုင်လှိုင်သုံးကာ မှန် သတင်း အနည်းငယ် နှင့် အမှားသတင်းများကို ညှပ်ကာ ဖော်ပြခဲ့ကြဖူးသည်။ အဆိုပါ သတင်း များ အတွက် ထိုစဉ်က ယခု ပြည်ပရောက်သွားသော မီဒီယာများတွင် လုပ်ကိုင်နေကြသူအချို့ကိုယ်တိုင် ရှုတ်ချခဲ့ကြသေးသည်။ သို့သော် နိုင်ငံရေးကာလများအပြီး နိုင်ငံခြားသို့ ထွက်ပြေးကြသောအခါ အနှီ ပုဂ္ဂိုလ်များသည် ထိုစကားလုံးကို မြိုင်မြိုင်ဆိုင်ဆိုင်သုံးနေကြပြန်လေပြီ။ အမှီအခို ကင်းသည် ဆို သောစကားမှာ စာအုပ်ပေါ်၊ ပါးစပ်ဖျား ပေါ်တွင်သာရှိနေပြီး အမှန်တကယ်တွင် အမှီအခိုရှိ သည်။ ထို့ပြင် ယင်းနှင့်ဆက်စပ်၍ အမှီအခို မကင်းသည့်နောက် လွတ်လပ်မှုလည်း ပျောက်သွားသည်။ “သတင်းတွေနဲ့ ပတ်သက်လို့ ခြုံကြည်မယ်ဆိုရင် အ စိုးရကို အတိုက်အခံလုပ်တာ။ သတင်းဌာနဆိုတာ ထက် အတိုက် အခံမီဒီယာကထောင်ထားတဲ့ လက် ပါးစေ မီဒီယာတွေလို ဖြစ်လာတာ။ NUG မှန်တယ်၊ PDF မှန်တယ် ဆိုတာပဲ တစ်ဖက်ကိုပဲ ရေးတာပေါ့။ ဒီအတွက် သူတို့ပြောတဲ့အမှီအခိုကင်းတယ် လွတ် လပ်တယ်ဆိုတာ ဘာလဲပေါ့။ သတင်းဆိုတာထက် အတင်းတွေ ဖြစ်လာတယ်။ ပြီးတော့ သတင်းမှန်တာ မှားတာ အဓိက မဟုတ်ဘူး လူစိတ်ဝင်စားပြီးရော ဆို ပြီး ရေးလာကြတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ အရေးအသားများ ရှိလာသည့် နည်းတူ အခြားတစ်ဖက်တွင် ပြည်တွင်းရောက် မီဒီယာ များကို ပြည်ပက စွက်ဖက်လာပြန်သည်။ ပြည်တွင်းတွင် ကျန်ရစ်ခဲ့သော မီဒီယာများသည် မှားယွင်းသူ များဖြစ်ပြီး ပြည်ပရောက်သွားသူများမှာ အ မှန်၊ ၎င်းတို့သာ လွတ်လပ်ပြီး အမှီအခိုကင်းသည်ဟု ဆိုလာ ကြပြန်သည်။ မြန်မာနိုင်ငံ အတွင်းတွင် သတင်းရေးသားရန်အတွက် အခက်အခဲများ ရှိသည်။ ကျဉ်းထဲ ကျပ်ထဲတွင် သတင်းမှန်ရရှိရေးအတွက် ဆောင်ရွက်ရသည်။ PDF ကဲ့သို့ လက်နက်ကိုင်များကလည်း ခြိမ်းခြောက်သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် ဦးတည်သော သတင်းရေးသားမှုများကို ပြည်ပရောက် မီဒီယာများထက်တွင် တွေ့မြင်ရခြင်း မရှိတော့သော်လည်း ပြည်တွင်းက သတင်း မီဒီယာ များ ထက်တွင် မြင်တွေ့နိုင်သည်။ “ကျွန်တော်တို့မှာ ဘာဝင်ငွေမှမရှိဘူး။ သတင်းထောက် လေးငါးဆယ် ယောက်ထားဖို့တောင် တောင့်ခံနေရတာပေါ့။ မလွယ် တာ။ ဝင်ငွေက ဘယ်ကမှမရဘူး။ ဘယ်ကြော်ငြာ ရှင်မှ လည်း မကြော်ငြာချင်ဘူး။ အဲဒီတော့ ကိုယ့်လုပ်ငန်း ကိုယ်လုပ်နေရတယ်။ လုပ်ပြီးတော့ မီဒီယာ လေး ရပ်မသွားအောင်၊ သတင်းထောက်တွေလည်း တခြားအလုပ်နဲ့ တွဲပြီးတော့ လုပ်နေရတာပေါ့ဗျာ” ဟု VOM သတင်းဌာနမှ အယ်ဒီတာချုပ် ကိုနေမျိုးလင်းက ပြောသည်။

လွတ်လပ်ပြီး အမှီအခိုကင်းသည်ဟု ကြွေးကြော်နေသော သတင်းဌာနကြီးနှစ်ခုသည် ၎င်းတို့ ကြွေးကြော်ခဲ့သော စကားနှင့်ဆန့်ကျင်ကြောင်း သက် သေပြခဲ့ပေပြီ။ သတင်းဌာနများသည် ပြည်သူတို့ ၏ နားများဖြစ်သော်လည်း ယင်းနားများသည်ပင် တစ် ဖက်အသံကိုသာ ကြားချင်နေသောအခါ အသံများ အားလုံးကို ဝေဖန်နိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ အမှီအခိုကင်းပြီး လွတ်လပ်သည်ဆိုသော စကား အတွက် အမှန်တကယ်ပင် အမှီအခိုကင်းပါ၏လော ဆိုသောအဖြေကို ပြောသူများ ကိုယ်တိုင်ပင် ရေရေ ရာရာ သိနိုင်မည် မထင်ပေ။

zawgyi version
လြတ္လပ္၍ အမွီအခိုကင္းသည္ဆိုေသာ VOA ႏွင့္ RFA တို႔၏ ႏွာႏုျဖတ္႐ိုက္ခံရခ်ိန္
သုတေက်ာ္ (NP News) - မတ္ ၂၆

လြတ္လပ္ၿပီး အမွီအခိုကင္းသည္ဆိုေသာ စကားမွာ အလြန္ပင္ေျပာ၍ ေကာင္းေသာ၊ နားဝင္ပီယံ ရွိေသာ စကားလုံးတစ္လုံးျဖစ္ၿပီး အထူးသျဖင့္ မီဒီယာေလာကတြင္ အသုံးအမ်ားဆုံး စကားလုံးလည္း ျဖစ္သည္။ လြတ္လပ္သည္ဆိုျခင္းမွာ သတင္းခန္းကို သတင္းေလာကသား၊ အယ္ဒီတာမ်ားမဟုတ္ေသာ ရည္႐ြယ္ခ်က္ရွိသူတစ္စုံတစ္ဦး၏ ခ်ဳပ္ကိုင္မႈကင္းမဲ့ျခင္းျဖစ္ၿပီး အမွီအခိုကင္းသည္ဆိုျခင္းမွာ သတင္း ဌာန ရပ္တည္ေရးအတြက္ မည္သူတစ္ဦးတစ္ေယာက္၏ပေယာဂမွ်မပါဟု ဆိုလိုျခင္းျဖစ္သည္။

ယင္းစကားအတိုင္း တည္ႏိုင္ပါမည္ေလာ ဆိုေသာေမးခြန္းမွာ အလြန္ေမးဖြယ္ေကာင္းသည့္ စ ကားလုံးတစ္ခု ျဖစ္လာခဲ့သည္။ အေမရိကန္သမၼတသစ္ ေဒၚနယ္ထရမ့္က Voice of America (VOA) မွ ဝန္ထမ္းမ်ားကိုနားထားရန္ ၿပီးခဲ့ေသာမတ္လ (၁၅)ရက္တြင္ ၫႊန္ၾကားခဲ့သကဲ့သို႔ အျခားအေမရိကန္ အေျခစိုက္ၿပီး အစိုးရဘတ္ဂ်က္ကိုရေနေသာ Radio Free Europe/Radio Liberty (RFE/RL) ၊ Radio Free Asia (RFA) ႏွင့္ Middle East Broadcasting Networks တို႔အတြက္ ရန္ပုံေငြမ်ားကိုလည္း ရပ္ဆိုင္းခဲ့သည္။

ေဆာင္းပါးတြင္ ေဖာ္ျပလတၱံအေၾကာင္း ျခင္းရာမ်ားကိုမေျပာမီ အနီးစပ္ဆုံး ဥပမာတစ္ခုကို ေပးလိုပါသည္။

ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္းက VOA သတင္း ဌာန၏ျမန္မာပိုင္းမွ သတင္းေထာက္ အမ်ိဳးသမီးတစ္ ဦး၏လုပ္ရပ္မွာ မီဒီယာေလာကတြင္သာမက ျပင္ပသို႔ပင္ ေပါက္ၾကားထြက္ေပၚလာခဲ့သည္။ ၎က အ လြတ္တန္းသတင္းေထာက္တစ္ဦးကို ကယားျပည္ နယ္ခရီးစဥ္အတြက္ သတင္းယူရန္ ငွားရမ္းေခၚ ေဆာင္သြားခဲ့ရာ အျပန္ခရီးတြင္ ထိုက္သင့္ေသာ လုပ္ခကို မေပးေသာေၾကာင့္ ျဖစ္သည္။ ႏွစ္ဖက္ သေဘာတူ ထားသည့္ တစ္ရက္လုပ္ခကို အျပည့္မေပးသည့္ အျပင္ ထိုသို႔ေပးရန္အတြက္ မတန္ဟုေျပာ သည္သာမက မဟုတ္မမွန္စြဲခ်က္ျဖင့္ပင္ လက္နက္ကိုင္အဖြဲ႕ တစ္ခုထံတိုင္မည္ဟုဆိုခဲ့ေၾကာင္း ျပည္ပ ေရာက္ မီဒီယာသမားအခ်ိဳ႕စုေပါင္းဖြဲ႕စည္းထားသည့္ Myanmar Journalist Club အမည္ရွိ အဖြဲ႕အစည္း တစ္ခုက ထိုစဥ္ထုတ္ျပန္ေသာ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ေနာက္ပိုင္းတြင္ က်ဴးလြန္ခံရသူ ၏ ေတာင္းဆိုခ်က္မ်ားရခဲ့ေသာ္လည္း ယင္းျဖစ္စဥ္ကို ၾကည့္ျခင္းအားျဖင့္ အျခားျပည္ပအေျခစိုက္ မီဒီယာ ႀကီးမ်ားတြင္လည္း ေဒသခံအလြတ္တန္းသတင္းေထာက္မ်ားကို အလားတူ အသုံးခ်ျခင္းမ်ားရွိေန ေၾကာင္းကို မီးေမာင္းထိုးျပျခင္းလည္း ျဖစ္သည္။ အမွန္တကယ္အားျဖင့္ VOA သတင္းဌာနအေနျဖင့္ ျပည္ပတြင္ ခန႔္အပ္ထားေသာ သတင္းေထာက္မ်ားအတြက္ ခံစားခြင့္ကို အျပည့္အဝေပးထားပါသည္။

VOA မွာကျပည္ပမွာခန႔္ထားတဲ့ ပုံမွန္ႏိုင္ငံတကာ သတင္းေထာက္ဆယ္ဂဏန္းပဲရွိတယ္။ သူတို႔ကလည္း တစ္ပတ္မွသတင္းေဆာင္းပါးရွည္ (၂)ပုဒ္(၃) ပုဒ္ေလာက္ေရးတာ။ (သူတို႔အတြက္ လစာျပည္ပခံစားခြင့္၊ ခရီးစရိတ္၊ လုံၿခဳံေရး စတာေတြဟာ (သံတမန္ေတြလိုပဲ) အင္မတန္ေဈးႀကီး တယ္” ဟု VOA ျမန္မာပိုင္းသတင္းဌာနမွ ဌာနမႉးေဟာင္း ဦးသန္းလြင္ထြန္းက ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားေသာ ပို႔စ္အရ အထက္ပါ VOA သတင္းေထာက္ ျဖစ္စဥ္က ေခါင္းပုံျဖတ္ျခင္း ဟုတ္၊ မဟုတ္ကို စာဖတ္သူမ်ား သိႏိုင္ပါလိမ့္မည္။ တစ္နည္းအားျဖင့္ ျခစားမႈ သို႔မဟုတ္ အရပ္စကားျဖင့္ဆိုလွ်င္ ျဖတ္ခုတ္မႈတစ္ခုဟု ဥပမာ ေပးလိုက ရမည္ဟုထင္သည္။ အဆိုပါအေျခအေနမွာ ေအာက္ေျခအတြက္သာ ျဖစ္ေနပါေသးသည္။ ယင္းသို႔ လုပ္ေဆာင္ခ်က္မ်ား၊ မူဝါဒမ်ားမွ ေသြဖည္ကာ စည္းလြတ္ေဘာင္လြတ္ျဖစ္လာေသာ အခ်က္အလက္ မ်ားသည္ အထက္ပါ သတင္းဌာနႀကီးႏွစ္ခုကို လမ္း ဆုံးသို႔ တြန္းေပးေစသည္ဟု ေျပာရမည္ျဖစ္သည္။ အေမရိကန္ အစိုးရ ဘက္ကလည္း အထက္ပါ အတိုင္း ပင္ ထင္ျမင္ယူဆခဲ့သည္။ VOA သတင္းဌာနတို႔ကို ခ်ဳပ္ကိုင္ထားသည့္ အစိုးရႏွင့္ တိုက္႐ိုက္ပတ္သက္မႈ ရွိေသာ USAGM တြင္ စပိုင္မ်ား၊ အၾကမ္းဖက္အဖြဲ႕ အစည္းလိုလား ေထာက္ခံသူ အမ်ားအျပား ရွိေနသည္ဟု ယူဆသည္။ ထို႔ျပင္ အလြဲသုံးစားမႈမ်ား ရွိသည္ဟု ဆိုထားသည္။

“သူ႔ဥပေဒနဲ႔သူ႔ႏိုင္ငံသမၼတက ထုတ္ျပန္ တာ ျဖစ္တယ္။ သူရဲ႕ႏိုင္ငံသားေတြရဲ႕ေငြေတြဟာ အ လဟႆ ျပဳန္းတီးတဲ့ေနရာေတြမွာ မသုံးေစရဘူး ဆိုတဲ့မူကို ကိုင္ထားတာပါ။ သတင္းလြတ္လပ္ခြင့္ ဆို တာက တစ္က႑ေပါ့။ ေပးထားတဲ့ပိုက္ဆံနဲ႔ ရတဲ့ဟာကို ျပန္ခ်ိန္မွာပဲ” ဟု ျပည္တြင္းရွိ အမည္မေဖာ္ လိုသူ ဝါရင့္ သတင္းသမားႀကီး တစ္ဦးကဆိုသည္။ ပထမ ဆုံးအေနျဖင့္ အမွီအခိုကင္းသည္ဆိုေသာ စကားအ တြက္ျဖစ္စဥ္မ်ားက သက္ေသျပသြားၿပီ ျဖစ္သည္။ ယင္းသတင္းဌာနမ်ား၏ ေက်ာေထာက္ ေနာက္ခံသည္ မည္သည့္အရာက လာသနည္းဆိုေသာ အေျဖအတြက္ အဆိုပါရပ္ဆိုင္းမႈက သက္ေသ ျပခဲ့သည္။ “သူ တို႔ကိုယ္တိုင္က အမွီအခိုမကင္းဘူးဆိုတာ ေပၚလြင္ သြားတာေပါ့။ သတင္းေတြအေပၚမွာ သူတို႔ရဲ႕ သတင္းခန္းကို ဘယ္သူက ဆရာလဲဆိုတာ ျပလိုက္တာလည္း ျဖစ္သလို တစ္နည္းအားျဖင့္ ေနာက္ကြယ္က လက္မည္းရွိတာသိေပမယ့္ ငါရွိတယ္ဆိုတာ ျပလိုက္သလိုပဲ”ဟု ျပည္တြင္းရွိ သတင္းအယ္ဒီတာတစ္ဦးက ဆို သည္။

အထက္ပါ မီဒီယာမ်ားက တင္ဆက္ေသာ သတင္းမ်ားႏွင့္ပတ္သက္၍ ခြဲျခားၾကည့္ႏိုင္မည့္ အ ခ်က္အလက္မ်ားရွိသည္။ NP News က အၾကမ္းဖ်င္းအားျဖင့္ VOA သတင္းဌာန ႏွင့္ RFA သတင္းဌာန တို႔မွ ေန႔စဥ္တင္ေသာသတင္းမ်ား ကိုေလ့လာခဲ့ရာ သတင္းအမ်ိဳးအစား ေလးမ်ိဳးခန႔္ ေတြ႕ျမင္ရသည္။ VOA Burmese ႏွင့္ RFA Burmese တို႔မွ တင္ဆက္ေသာ သတင္းမ်ားကို ၾကည့္ပါက ပဋိပကၡအားေပး လႈံ႕ေဆာ္မႈသတင္း၊ အခ်က္အလက္မခိုင္မာေသာ သတင္း၊ NUG / PDF သတင္းအသားေပးေဖာ္ျပမႈ သတင္း၊ အျခားသာမန္ သတင္းစသည္ျဖင့္ ေဖာ္ျပေလ့ရွိသည္။ သို႔ေသာ္ ကြဲ ျပားမႈအေနျဖင့္ RFA သတင္းဌာနက VOA ထက္ ပဋိပကၡအားေပးလႈံ႕ေဆာ္မႈသတင္းကို ပိုမိုေဖာ္ျပေလ့ရွိေၾကာင္း ေတြ႕ျမင္ ရသည္။ လြတ္လပ္သည္ဆိုေသာ စကားလုံးႏွင့္ ပတ္သက္၍လည္း ယင္းစကားကို ဒိုင္း သဖြယ္ ကာရံ ထားေသာ အထက္ပါမီဒီယာမ်ားသည္ သတင္းေဖာ္ျပသည့္အခါတြင္မူ တရားမွ်တမႈမရွိ၊ မလြတ္လပ္ ေတာ့ဘဲ လိုရာဆြဲယူ ေရးသားျခင္းမ်ားရွိခဲ့သည္။

“သတင္းဆိုတာမ်ိဳးကို ငါက ဦးရင္ ၿပီးေရာ ငါထင္တာ ေရးမယ္ဆိုတာမ်ိဳးကို သတင္းလို႔ မသတ္ မွတ္ဘူး။ အဲဒီေတာ့ သတင္းစီးဆင္းမႈမွာ သတင္းေတြကေကာ ဘယ္ေလာက္ ျမန္ဆန္လဲ၊ မွန္ကန္လဲ ဆိုတဲ့အေပၚမွာ သုံးသပ္ရမွာပါ” ဟု ျပည္ပေရာက္ သတင္းမီ ဒီယာတစ္ခုက မွားယြင္းကိုးကားေဖာ္ျပ ခံခဲ့ရဖူးသူ ႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္တစ္ဦးက ဆိုသည္။

ယခင္ကလည္း အေမရိကန္၏ USAID မွ ရန္ပုံေငြအခ်ိဳ႕ကို ရပ္ဆိုင္ျခင္းေၾကာင့္ အဆိုပါ ေငြျဖင့္ ရပ္တည္ေနၾကေသာ ျပည္ပေရာက္ ျမန္မာမီဒီယာ ေလာကတြင္ လႈပ္လႈပ္ရွားရွားျဖစ္သြားခဲ့ဖူးသည္။ ယင္း ျဖစ္ရပ္ေၾကာင့္ အထက္ပါ မီဒီယာမ်ားအၾကား ဝန္ထမ္းေလွ်ာ့ခ်ျခင္း ႏွင့္ လစာမေပးေခ်ႏိုင္ျခင္း ကဲ့သို႔ ျဖစ္စဥ္မ်ား ျဖစ္သြားသည္။ ယင္းမွာလည္း အမွီအခို ကင္းသည္ဆိုေသာ စကားအတြက္ ျငင္းခ်က္ ထုတ္ စရာျပယုဂ္တစ္ခု ျဖစ္လာခဲ့သည္။ အျခားမၾကည့္ပါႏွင့္။ ၿပီးခဲ့သည့္ ကာလမ်ားဆီက ရခိုင္ျပည္နယ္ တြင္ ဘဂၤါလီ အေရးျပႆနာေပၚခဲ့ရာ OIC အေထာက္အ ပံ့ခံမီဒီယာအခ်ိဳ႕ အြန္လိုင္းထက္တြင္ ထြက္ ေပၚခဲ့ေသးသည္။ ယင္းမီဒီယာမ်ားထက္တြင္ (႐ိုဂ်ာ)ဆိုေသာ အသုံးအႏႈန္းကို လႈိင္လႈိင္သုံးကာ မွန္ သတင္း အနည္းငယ္ ႏွင့္ အမွားသတင္းမ်ားကို ညႇပ္ကာ ေဖာ္ျပခဲ့ၾကဖူးသည္။ အဆိုပါ သတင္း မ်ား အတြက္ ထိုစဥ္က ယခု ျပည္ပေရာက္သြားေသာ မီဒီယာမ်ားတြင္ လုပ္ကိုင္ေနၾကသူအခ်ိဳ႕ကိုယ္တိုင္ ရႈတ္ခ်ခဲ့ၾကေသးသည္။ သို႔ေသာ္ ႏိုင္ငံေရးကာလမ်ားအၿပီး ႏိုင္ငံျခားသို႔ ထြက္ေျပးၾကေသာအခါ အႏွီ ပုဂၢိဳလ္မ်ားသည္ ထိုစကားလုံးကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္သုံးေနၾကျပန္ေလၿပီ။ အမွီအခို ကင္းသည္ ဆို ေသာစကားမွာ စာအုပ္ေပၚ၊ ပါးစပ္ဖ်ား ေပၚတြင္သာရွိေနၿပီး အမွန္တကယ္တြင္ အမွီအခိုရွိ သည္။ ထို႔ျပင္ ယင္းႏွင့္ဆက္စပ္၍ အမွီအခို မကင္းသည့္ေနာက္ လြတ္လပ္မႈလည္း ေပ်ာက္သြားသည္။ “သတင္းေတြနဲ႔ ပတ္သက္လို႔ ၿခဳံၾကည္မယ္ဆိုရင္ အ စိုးရကို အတိုက္အခံလုပ္တာ။ သတင္းဌာနဆိုတာ ထက္ အတိုက္ အခံမီဒီယာကေထာင္ထားတဲ့ လက္ ပါးေစ မီဒီယာေတြလို ျဖစ္လာတာ။ NUG မွန္တယ္၊ PDF မွန္တယ္ ဆိုတာပဲ တစ္ဖက္ကိုပဲ ေရးတာေပါ့။ ဒီအတြက္ သူတို႔ေျပာတဲ့အမွီအခိုကင္းတယ္ လြတ္ လပ္တယ္ဆိုတာ ဘာလဲေပါ့။ သတင္းဆိုတာထက္ အတင္းေတြ ျဖစ္လာတယ္။ ၿပီးေတာ့ သတင္းမွန္တာ မွားတာ အဓိက မဟုတ္ဘူး လူစိတ္ဝင္စားၿပီးေရာ ဆို ၿပီး ေရးလာၾကတယ္”ဟု ၎က ဆိုသည္။

ယင္းသို႔ အေရးအသားမ်ား ရွိလာသည့္ နည္းတူ အျခားတစ္ဖက္တြင္ ျပည္တြင္းေရာက္ မီဒီယာ မ်ားကို ျပည္ပက စြက္ဖက္လာျပန္သည္။ ျပည္တြင္းတြင္ က်န္ရစ္ခဲ့ေသာ မီဒီယာမ်ားသည္ မွားယြင္းသူ မ်ားျဖစ္ၿပီး ျပည္ပေရာက္သြားသူမ်ားမွာ အ မွန္၊ ၎တို႔သာ လြတ္လပ္ၿပီး အမွီအခိုကင္းသည္ဟု ဆိုလာ ၾကျပန္သည္။ ျမန္မာႏိုင္ငံ အတြင္းတြင္ သတင္းေရးသားရန္အတြက္ အခက္အခဲမ်ား ရွိသည္။ က်ဥ္းထဲ က်ပ္ထဲတြင္ သတင္းမွန္ရရွိေရးအတြက္ ေဆာင္႐ြက္ရသည္။ PDF ကဲ့သို႔ လက္နက္ကိုင္မ်ားကလည္း ၿခိမ္းေျခာက္သည္။ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး အတြက္ ဦးတည္ေသာ သတင္းေရးသားမႈမ်ားကို ျပည္ပေရာက္ မီဒီယာမ်ားထက္တြင္ ေတြ႕ျမင္ရျခင္း မရွိေတာ့ေသာ္လည္း ျပည္တြင္းက သတင္း မီဒီယာ မ်ား ထက္တြင္ ျမင္ေတြ႕ႏိုင္သည္။ “ကြၽန္ေတာ္တို႔မွာ ဘာဝင္ေငြမွမရွိဘူး။ သတင္းေထာက္ ေလးငါးဆယ္ ေယာက္ထားဖို႔ေတာင္ ေတာင့္ခံေနရတာေပါ့။ မလြယ္ တာ။ ဝင္ေငြက ဘယ္ကမွမရဘူး။ ဘယ္ေၾကာ္ျငာ ရွင္မွ လည္း မေၾကာ္ျငာခ်င္ဘူး။ အဲဒီေတာ့ ကိုယ့္လုပ္ငန္း ကိုယ္လုပ္ေနရတယ္။ လုပ္ၿပီးေတာ့ မီဒီယာ ေလး ရပ္မသြားေအာင္၊ သတင္းေထာက္ေတြလည္း တျခားအလုပ္နဲ႔ တြဲၿပီးေတာ့ လုပ္ေနရတာေပါ့ဗ်ာ” ဟု VOM သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္းက ေျပာသည္။

လြတ္လပ္ၿပီး အမွီအခိုကင္းသည္ဟု ေႂကြးေၾကာ္ေနေသာ သတင္းဌာနႀကီးႏွစ္ခုသည္ ၎တို႔ ေႂကြးေၾကာ္ခဲ့ေသာ စကားႏွင့္ဆန႔္က်င္ေၾကာင္း သက္ ေသျပခဲ့ေပၿပီ။ သတင္းဌာနမ်ားသည္ ျပည္သူတို႔ ၏ နားမ်ားျဖစ္ေသာ္လည္း ယင္းနားမ်ားသည္ပင္ တစ္ ဖက္အသံကိုသာ ၾကားခ်င္ေနေသာအခါ အသံမ်ား အားလုံးကို ေဝဖန္ႏိုင္စြမ္း ရွိေတာ့မည္ မဟုတ္ပါ။ အမွီအခိုကင္းၿပီး လြတ္လပ္သည္ဆိုေသာ စကား အတြက္ အမွန္တကယ္ပင္ အမွီအခိုကင္းပါ၏ေလာ ဆိုေသာအေျဖကို ေျပာသူမ်ား ကိုယ္တိုင္ပင္ ေရေရ ရာရာ သိႏိုင္မည္ မထင္ေပ။

Related news

© 2021. All rights reserved.