နေပြည်တော်တွင် (၃)ရက်တိုင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk-2025) အောင်မြင်စွာကျင်းပပြီးစီး

3089

သန့်ဇင်(NP News)-မတ် ၂၆
နေပြည်တော်ကောင်စီနယ်မြေတွင် (၃)ရက်တိုင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း(Peace Talk-2025) အောင်မြင်စွာကျင်းပပြီးစီး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို နေပြည်တော်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနတွင် ပြီးခဲ့သည့် မတ်လ (၂၄) ရက်မှစတင်ကာ ယနေ့ (မတ်လ ၂၆) ရက် အထိကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲ(၃)ရက်ကို NSPNCဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အပါအဝင်၊ ကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများ၊ JMC ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက် ကိုင်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက် သူများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ òန်ကြားရေး မှူးချုပ်များ၊ အသင်းအဖွဲ့များ နှင့် လေ့လာသူ(၁၂၀)ခန့်က အဖွဲ့(၂)ခွဲ့ကာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအဖွဲ့(၂)ဖွဲ့အနက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် အပါအဝင် အဖွဲ့ဝင်(၅၉)ဦးပါဝင်သည့် အဖွဲ့(၁)ကနိုင်ငံရေးနှင့်လုံခြုံရေး ကဏ္ဍကို ဆွေးနွေးခဲ့သည်။
အဖွဲ့(၂)တွင်မှု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးတို့အပါအဝင် အဖွဲ့ဝင်(၆၀)ဦးပါဝင်သည့် အဖွဲ့(၂)က စီးပွား ရေးနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲပထမနေ့တွင် အဖွဲ့(၁)က ပဋိပက္ခလျှော့ချရေးနှင့် ပစ်ခက်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပေါ်စေရေး အဖြစ် ဆွေးနွေးကာ အဖွဲ့(၂)ကမူ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါသည့် ကဏ္ဍကိုဆွေးနွေးခဲ့သည်။
ဒုတိယနေ့တွင် အဖွဲ့(၁)က နံနက်ပိုင်း၌ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် အနာဂတ်အလားအလာကို ဆွေးနွေးကာ အဖွဲ့ (၂)က ပဋိပက္ခလျှော့ချရေးကာလအတွင်း စီးပွားရေးကြံ့ကြံ့ခံမှုကို ကြိုးပမ်းရာတွင် ဆက်စပ်သည့်ကဏ္ဍများကိုဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် အဖွဲ့(၁)က နိုင်ငံတကာဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နှင့် မြန်မာ့ငြိမ်းချမ်းရေးအခန်းကဏ္ဍကို ဆွေးနွေးခဲ့ပြီး အဖွဲ့(၂)အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စု ကို ပုံဖော်ခြင်းကို ဆွေးနွေခဲ့ကြသည်။
ယင်းနောက် တတိယနေ့ နံနက်ပိုင်းတွင် အဖွဲ့(၁)နှင့်(၂)က ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက် အကြောင်းအရာများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ စီးပွားရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက် အကြောင်းအရာများ အပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်းနှင့် ၃ ရက်တာ စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များအား ရှင်းလင်းတင်ပြခြင်းနှင့် မှတ်တမ်း တင်ခြင်းများ လုပ်ဆောင်ခဲ့ကာ ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk 2025)ကို အောင်မြင်စွာကျင်းပခဲ့သည်။

Zawgyi Version:ေနျပည္ေတာ္တြင္ (၃)ရက္တိုင္ျပဳလုပ္ခဲ့သည့္ ၿငိမ္းခ်မ္းေရးစကားဝိုင္း(Peace Talk-2025) ေအာင္ျမင္စြာက်င္းပၿပီးစီး
သန႔္ဇင္(NP News)-မတ္ ၂၆
ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ (၃)ရက္တိုင္ျပဳလုပ္ခဲ့သည့္ ၿငိမ္းခ်မ္းေရးစကားဝိုင္း(Peace Talk-2025) ေအာင္ျမင္စြာက်င္းပၿပီးစီး ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေဆြးေႏြးပြဲကို ေနျပည္ေတာ္ရွိ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုဌာနတြင္ ၿပီးခဲ့သည့္ မတ္လ (၂၄) ရက္မွစတင္ကာ ယေန႔ (မတ္လ ၂၆) ရက္ အထိက်င္းပခဲ့ျခင္းျဖစ္သည္။
ေဆြးေႏြးပြဲ(၃)ရက္ကို NSPNCဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္အပါအဝင္၊ ေကာ္မတီဝင္မ်ား၊ တပ္မေတာ္ အၿငိမ္းစား အရာရွိႀကီးမ်ား၊ JMC ကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသား လက္နက္ ကိုင္ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ား၊ ၿငိမ္းခ်မ္း ေရးလုပ္ငန္း စဥ္တြင္ ပါဝင္ေဆာင္႐ြက္သူမ်ား၊ ပါဝင္သင့္ပါဝင္ထိုက္ သူမ်ား၊ ဝန္ႀကီးဌာန၊ အဖြဲ႕အစည္းမ်ားမွ òန္ၾကားေရး မႉးခ်ဳပ္မ်ား၊ အသင္းအဖြဲ႕မ်ား ႏွင့္ ေလ့လာသူ(၁၂၀)ခန႔္က အဖြဲ႕(၂)ခြဲ႕ကာ ေဆြးေႏြးခဲ့ၾကသည္။
အဆိုပါအဖြဲ႕(၂)ဖြဲ႕အနက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ိဳးသန႔္ႏိုင္ႏွင့္ ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္ အပါအဝင္ အဖြဲ႕ဝင္(၅၉)ဦးပါဝင္သည့္ အဖြဲ႕(၁)ကႏိုင္ငံေရးႏွင့္လုံၿခဳံေရး က႑ကို ေဆြးေႏြးခဲ့သည္။
အဖြဲ႕(၂)တြင္မႈ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဝင္းဗိုလ္ရွိန္ႏွင့္ ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးတို႔အပါအဝင္ အဖြဲ႕ဝင္(၆၀)ဦးပါဝင္သည့္ အဖြဲ႕(၂)က စီးပြား ေရးႏွင့္ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးက႑ကို ေဆြးေႏြးခဲ့ၾကသည္။
ထို႔ေနာက္ ေဆြးေႏြးပြဲပထမေန႔တြင္ အဖြဲ႕(၁)က ပဋိပကၡေလွ်ာ့ခ်ေရးႏွင့္ ပစ္ခက္တိုက္ခိုက္မႈရပ္စဲေရးလုပ္ငန္းစဥ္ တစ္ရပ္ျဖစ္ေပၚေစေရး အျဖစ္ ေဆြးေႏြးကာ အဖြဲ႕(၂)ကမူ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးႀကိဳးပမ္းရာတြင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ၏ အေရးပါသည့္ က႑ကိုေဆြးေႏြးခဲ့သည္။
ဒုတိယေန႔တြင္ အဖြဲ႕(၁)က နံနက္ပိုင္း၌ လက္ရွိ ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ႏွင့္ အနာဂတ္အလားအလာကို ေဆြးေႏြးကာ အဖြဲ႕ (၂)က ပဋိပကၡေလွ်ာ့ခ်ေရးကာလအတြင္း စီးပြားေရးႀကံ့ႀကံ့ခံမႈကို ႀကိဳးပမ္းရာတြင္ ဆက္စပ္သည့္က႑မ်ားကိုေဆြးေႏြးခဲ့သည္။
မြန္းလြဲပိုင္းတြင္ အဖြဲ႕(၁)က ႏိုင္ငံတကာဆက္ဆံေရး၊ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈ ႏွင့္ ျမန္မာ့ၿငိမ္းခ်မ္းေရးအခန္းက႑ကို ေဆြးေႏြးခဲ့ၿပီး အဖြဲ႕(၂)အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ ျပည္ေထာင္စု ကို ပုံေဖာ္ျခင္းကို ေဆြးေႏြခဲ့ၾကသည္။
ယင္းေနာက္ တတိယေန႔ နံနက္ပိုင္းတြင္ အဖြဲ႕(၁)ႏွင့္(၂)က ေ႐ြးေကာက္ပြဲ၊ လုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔ကို ေဆြးေႏြးခဲ့ၾကသည္။
မြန္းလြဲပိုင္းတြင္ ပိတ္ပြဲအခမ္းအနားက်င္းပခဲ့ၿပီး ႏိုင္ငံေရး၊ လုံၿခဳံေရးက႑ဆိုင္ရာ ေဆြးေႏြးခ်က္ အေၾကာင္းအရာမ်ားအေပၚ ျပန္လည္ သုံးသပ္ေဆြးေႏြးျခင္း၊ စီးပြားေရး၊ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ေရးက႑ဆိုင္ရာ ေဆြးေႏြးခ်က္ အေၾကာင္းအရာမ်ား အေပၚ ျပန္လည္ သုံးသပ္ေဆြးေႏြးျခင္းႏွင့္ ၃ ရက္တာ စကားဝိုင္းေဆြးေႏြးပြဲ ရလဒ္မ်ားအား ရွင္းလင္းတင္ျပျခင္းႏွင့္ မွတ္တမ္း တင္ျခင္းမ်ား လုပ္ေဆာင္ခဲ့ကာ ၿငိမ္းခ်မ္းေရးစကားဝိုင္း (Peace Talk 2025)ကို ေအာင္ျမင္စြာက်င္းပခဲ့သည္။